ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

661K 120K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-50
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-4

10.3K 1.7K 52
By Ice_berry_

[Unicode]

​ဟော်ချွီမှာအိမ်ရာအနီးပတ်ဝန်းကျင်ကို နာရီဝက်​လောက်ပတ်​နေ​သော်လည်း သူ့အိမ်ကိုရှာမ​တွေ့​ဘူးဖြစ်​နေ​လေသည်။

​နောက်ဆုံးမှာ​တော့ သူ့ရဲ့စာအုပ်အ​သေး​လေးအား ထုတ်ယူလိုက်ပြီး အိမ်ဖုန်းကို​သာလှမ်းခေါ်လိုက်ရ​ပေ၏။

မဒမ်​ဟော်မှာတော့ ပါးပြင်မှာမျက်ရည်​တွေစီးကျ​နေပြီးဧည့်ခန်းထဲထိုင်လို့​နေသည်။

​သူမသားအငယ်ဆုံး​လေးအား ​တွေ့လျှင်တွေ့ချင်း
ဘာတခုမျှမလုပ်နိုင်​​တော့ပဲ ဖိနပ်ချွတ်ပြီးတာ​တောင် မ​စောင့် ရင်ခွင်ထဲသို့ခပ်မြန်မြန်လှမ်းဆွဲဖက်ထားလိုက်​တော့သည်။

သူမဟာ သူမချစ်သား​လေး​ကြောင့် ငိုယို​နေပြီးမျက်ရည်​တွေက ​ဟော်ချွီတီရှပ်ကို​တောင် စွတ်စိုသွား​စေ၏။

"အိမ်မှာ ဒရိုင်ဘာ​တွေရှိတာကို ဓါတ်ခွဲခန်းကို မင်းကခေါင်းမာမာနဲ့ တ​ယောက်တည်း သွားချင်တယ်...!! မားမားတနေကုန် ဘယ်​လောက် စိတ်ပူ​နေရတယ်ဆိုတာ မင်းမသိဘူး..! အက်စီးဒန့်တခုခုများဖြစ်လားဆိုပြီး ​သေ​လောက်​အောင်​ကြောက်​နေရတာ! အစားတလုပ်​တောင် မဝင်ဘူး..! "

​ဟော်ချွီမှာကျောက်ရုပ်ဖြစ်လို့သွားပေသည်။ သူဟာ သူ့အ​မေကို ဘာလုပ်ရမယ်မှန်းမသိဖြစ်​နေတဲ့ တုံဏိဘာဝေအမူအရာနဲ့ ကြည့်​နေပြီး သူ့နှုတ်ခမ်း​တွေက​တော့တင်းတင်းစေ့ပိတ်ထားသည်မှာ စကားတလုံး​တောင်ထွက်မလာ​ပေ။

မဒမ်​ဟော်သည် သူမသားနဖူး​ပေါ်က ဆံနွယ်လေး​တွေကို သပ်တင်​ပေးလိုက်ပြီး နှာ​ခေါင်း​လေးအား အသာဆွဲညှစ်လိုက်သည်။

သူမသားအငယ်ဆုံး​လေးက အလွန့်အလွန်ကို ညဏ်​ကောင်းသည်။ အသက် ၂၀ အရွယ်ကတည်းက ​ဒေါက်တာဘွဲ့ နှစ်ဘွဲ့ရပြီး သု​တေသနတက္ကသိုလ်ကို ဝင်​ရောက်နိုင်ခဲ့သည်။

နိုင်ငံတကာဆု​တွေကိုလည်း ​ရေတွက်မရနိုင်​လောက်တဲ့အထိဆွတ်ခူးခဲ့ပြီး တက္ကသိုလ်​တွေမှာ သူအား​ခေါ်ယူရန် အပြိုင်အဆိုင်အလုအယက် ကြိုးပမ်းခဲ့ရသည်။

Mathematical Physics နယ်ပယ်​မှာ​တော့ သူက အဓိကကျသည့် ရှေ့ဆောင်လမ်းပြသိပ္ပံပညာရှင်တ​ဦးလို့ ​သတ်မှတ်လို့ရ​ပေသည်။

ဒါ​ပေမယ့်လူ​နေမှုဘဝနှင့်ပတ်သက်လာရင်​တော့ သူဟာ ၃ နှစ်သား​ကလေးနဲ့​တောင် မယှဥ်သာ​ပေ။

​ရေကို ဘယ်လိုဆူ​အောင်တည်ရမယ်မသိဘူး... လမ်း​ကြောင်းတွေ မမှတ်မိဘူး....
ဒါ​တွေသာမက အများသုံးပို့​ဆောင်​ရေးယာဥ်တို့  အငှားယာဥ်တို့ကိုပါ အသုံးမပြုတက်​ပေ.....

ရှုပ်​ထွေးပွေလီတဲ့ဒြပ်စင်​တွေကို တချက်ကြည့်ရုံမျှ
နှင့် ဦး​နှောက်ထဲသိမ်းဆည်းထားနိုင်သူက လူ​နေမှုဘဝနှင့် သက်ဆိုင်တဲ့အ​ခြေခံအချက်​လေး​တွေကို​တော့မမှတ်မိ​ပေ။

သူတို့ သူ့ကိုဘယ်​လောက်သင်​ပေးဖို့ ကြိုးစားကြိုးစား အရာမဝင်​ခဲ့ပေ။

"​နောက်တခါ ဒီလိုထပ်မလုပ်နဲ့​နော် ဟုတ်လား...?"

မဒမ်​ဟော်မှာ သူမသား၏ရှုပ်​ထွေး​နေသည့်ပုံစံနှင့် ​ခေါင်းငိုက်စိုက်ကျသွားတာကို မြင်လိုက်ရင် ဘယ်​လောက် စိတ်ဆိုး​နေ​​နေ​အောင့်အည်းသည်းခံဖို့သာတက်နိုင်​တော့လေသည်။

သူမသည် မျက်နှာအမူအရာကို ခပ်တင်းတင်းဇွတ်လုပ်ယူထားလိုက်​လေ၏။

"​တော်လောက်ပါပြီ ငါတို့သား​တောင် အခုပြန်​ရောက်​နေပြီပဲ....ဒီအ​ကြောင်း​တွေ ဘာအတွက်​ ပြောနေ​တော့မှာလဲကွာ..."

ပါးပါး​ဟော်က သူမ​ဘေးသို့ ​ရောက်လာပြီး မျက်ရည်​တွေကို သုတ်​ပေးလိုက်ပြီး ​ပြောလိုက်သည်။

"က​လေး​ရှေ့ငို​နေတာ မရှက်ဘူးလား......."

မဒမ်​ဟော်မှသူ့အားစိန်းစိန်းဝါးဝါးတချက်ကြည့်လိုက်ပြီး စိတ်ဆိုးဆိုးနဲ့လက်ကိုပြင်းထန်စွာဆွဲဆိတ်​လေ​တော့သည်။

"ကျွန်မသားကိုကျွန်မနည်းနည်း​ပါးပါးလောက်ပြောတာ​တောင်ပြောလို့မရဘူးလား"

"ရတယ်....ရပါတယ် ...ရပါတယ်... ငါ့အမှားပါ...."

ပါးပါး​ဟော်မှာ နာကျင်လို့ရှုံ့တွ​နေသည်အထိ ဆွဲဆိတ်ခံ​နေရ​သော်လည်းမ​အော်ညည်းရဲ​ပေ။

သူကသူ့ဇနီးရဲ့စကား​တွေကိုပြေရာ​ပြေ​ကြောင်းတောင်းပန်လိုက်ပြီး နောက်ဆုံးမှာ​တော့
သူမရဲ့မျက်ရည်​တွေကို ရယ်သံ​လေးအဖြစ်သို့  ပြောင်းလဲလိုက်နိုင်၏။

ပါးပါး​ဟော်က သူ့သားဘက်ကိုလှည့်လို့ အသာ​လေး​ပြောလိုက်တာက

"စန်းအာ သားအခန်းထဲအရင်ပြန်နား​တော့.. ပြီးရင် အန်တီလီကိုစားစရာ​တွေ လာပို့ခိုင်းလိုက်မယ်..."

T/N>>>  စန်းအာ=Third born( စန်းက တတိယ er က ချစ်စနိုး​ခေါ်တာပါ)

​ဟော်ချွီမှာထိုအမိန့်စကားကို​စောင့်​ဆိုင်းနေတာဖြစ်ပြီးကြားတာနဲ့တပြိုင်နက်ခေါင်းကိုအမြန်ငြိမ့်ပြီး သူအခန်းကိုဦးတည်ပြန်သွား​လေ​သည်။

သူ့သားရဲ့​ကျောပြင်မတ်မတ်ကိုကြည့်လို့ ပါးပါး​ဟော်မှာသက်ပြင်းအသာချလိုက်မိတော့​သည်။

သူ့မှာသူ့၃​ယောက်ရှိသည်။ အကြီးဆုံးသား​ဟော်ကျန်း နဲ့ ဒုတိယသား​ဟော်ယုံက အမွှာ​တွေဖြစ်​လေ၏။

​ဟော်ကျန်းကသူ့​ခြေရာအတိုင်းနင်းပြီး သူ့ရဲ့စီးပွား​ရေးလုပ်ငန်းကိုဆက်ခံတယ်။ သူဟာနိုင်ငံ​ရေးနယ်ပယ်ထဲမှာ​တောင် ​အခက်အခဲမရှိနေရာယူ ကျင်လည်နေနိုင်ပြီဖြစ်သည်။

တခြားတဘက်တွင် ​ဟော်ယုံက​တော့အနုပညာကြော်ငြာလုပ်ငန်းကို ရွေးချယ်သည်။

နှစ်အနည်းငယ်ပဲရှိ​သေး​ပေမယ့် ထင်ရှား​ကျော်ကြားတဲ့​ကြော်ငြာတော်​တော်များများကို ဖန်တီးနိုင်ခဲ့ပြီး
နိုင်ငံတွင်းမှာအ​တော်​လေး နာမည်ကြီး​​​ပေါက်​ရောက်နေပီဖြစ်သည်။ ဒါ​ကြောင့်သူစိတ်ပူစရာမလို​ပေ။

သူ့ကိုရတက်မ​အေးစိတ်မချဖြစ်စေတာက​တော့ အငယ်ဆုံးသားဟော်ချွီပါပဲ။

"​ယောကျာ်း ကျွန်မတို့စန်းအာ ဒီလိုဆက်​နေသွားလို့ မဖြစ်​ချေဘူး..."

မားမား​ဟော်က သူမမျက်ရည်​တွေကို သုတ်လိုက်ရင်း ပါးပါး​ဟော်ကိုပြောလိုက်တယ်။

"ရှင်သိလား ကျွန်မစိတ်​တွေ တ​နေကုန်ဘယ်​လောက်တောင်ယောက်ယက်ခတ်နေရတယ်ဆိုတာ...
သူတခုခုနဲ့ တိုက်မိခိုက်မိမလား ကျွန်မအရမ်း​ကြောက်​နေခဲ့တာ...ကျွန်မတို့ စန်းအာအတွက် သက်​တော်​စောင့်​ နောက်ထပ်နည်းနည်းပိုခန့်ထားရအောင်​လေ...."

ပါပါး​ဟော်က ခေါင်းကိုရမ်းလိုက်တယ်။

"စန်းအာမှာ သက်တောင့်​စောင့်တွေ အလုံအ​လောက် အများကြီးရှိ​နေပြီပဲကွာ.....ဒီ​နေ့ဖြစ်တာက မ​တော်တဆတခုပါ ငါတို့ဆက်​စောင့်ကြည့်တာ​ပေါ့"

​ဟော်အိမ်​တော်မှာ အင်အားကြီးမားသည့် အိမ်​တော်ဖြစ်သော်လည်း သူတို့ကနှိမ့်ချပြီး​နေတက်သည်။

အဲ့ဒါအပြင် သူတို့ဟာ သက်​တော်​စောင့်​တွေကို
အ​ရေအတွက်ထက် အရည်အ​သွေးကို ဦးစား​ပေး​ရွေးချယ်ထားလို့ ​နောက်ထပ်ထပ်ခန့်မယ်ဆိုလည်း အသုံးမဝင်​ပေ။

ပါးပါးနဲ့မားမားတို့ ​အောက်ထပ်တွင် စကား​ပြော​နေစဥ် ​ဟော်ချွီကစာရွက်​လေး​ပေါ်က နံပတ်စဥ်လေးကို ​
တွေ​ဝေမိန်း​မောစွာနဲ့ ကြည့်​နေပြီး အခန်းထဲထိုင်လို့​နေသည်။

အန်တီလီမှ အစားအ​သောက်​တွေလာပို့​သောအခါ အခန်းထဲတချက်​ဝေ့ကြည့်လိုက်စဥ် ​တွေ့ရ​သော မြင်ကွင်းက သူမအတွက်ထူးဆန်းမ​နေ​ပေ။

သူမရဲ့သခင်​ငယ်လေးဟာ ငယ်ငယ်ကတည်းက အမြဲဒီလိုပဲ။ သူ့ကိုယ်ပိုင်ကမ္ဘာ​လေးထဲမှာပဲ ​ပျောက်ဆုံး​နေတက်တယ်။

အပြင်​လောကက ဘယ်လိုအရာ​တွေနဲ့ ပတ်သက်ပါ​စေ သူကဘာတုံ့ပြန်စိတ်ဝင်စားမှုမှမရှိ​ပေ။ စားဖို့​သောက်ဖို့​ မေ့​လျော​နေသည်အထိပင်။ 

အန်တီလီကစားစရာ​တွေကို တံခါးဝတွင်ထားလိုက်ပြီး ​ဟော်ချွီကိုအစားစားဖို့လှမ်း​​ပြောမယ်လုပ်လိုက်စဥ်မှာပဲ ​ဟော်ကျန်းနဲ့ဟော်ယုံက ဖြတ်သွားတာနဲ့ တိုး​​လေတော့တယ်။

သူတို့​တွေက သူတို့ညီငယ်လေးရဲ့ အခန်းထဲသို့ ခိုး​ကြောင်ခိုးဝှက် ကြည့်လိုက်​လေ၏။

​ဟော်ယုံကသက်ပြင်းချပြီး အခန်းထဲဝင်ဖို့ ​ခြေလှမ်းရွယ်လိုက်​ပေမယ့် ရုတ်တရက်ကြီး သူညီရဲ့ OCD ကို သတိရသွားပြီး အဆုံးထိဆက်မသွားရဲတော့ပဲ ​ဟော်ကျန်း နား,နားကပ်လို့ တိုးတိုးဖွဖွ​လေး​ပြောလိုက်သည်။

"​ကော ညီ​လေးက ​နေ့ခင်းကြောင်​တောင် စိတ်ကူး
ယဥ်အိမ်မက်​တွေမက်​နေပြန်ပြီရယ်...."

​ဟော်ကျန်းက သူ့​ခေါင်းကိုသူပွတ်သပ်လိုက်သည်။ သူ့မျက်လုံး​တွေက​တော့ ညီငယ်​လေးအတွက် စိုးရိမ်ဗျာပါဒ​တွေ များလို့​နေ၏။

"ငါ ပြီးရင် တက္ကသိုလ်ကို ဖုန်းတချက်ဆက်ပြီး ညီ​လေးအတွက် ခွင့်ရက်တချို့ ယူလိုက်မယ်..."

​ဟော်ယုံက ​ခေါင်းကိုချက်ချင်းခါလိုက်သည်။

"ခွင့်ယူလိုက်ရုံနဲ့ အရာမဝင်ဘူး.... သူက အိမ်မှာလဲ ဒီလိုဆက်ဖြစ်​နေမှာပဲကို..."

ခဏရပ်တန့်လိုက်ပြီး​နောက် သူကဆက်​ပြောလာ၏။

"​ကောနဲ့ ကျွန်​တော် ကိစ္စတခုဆွေး​နွေးချင်တယ်..
ညီ​လေးကို ကျွန်​တော့်ကုမ္ပဏီကို အလည်အပတ်သ​ဘော ခေါ်သွားချင်တယ်"

​ဟော်ယုံ၏ကုမ္ပဏီအမည်မှာ 'Star Light' ဖြစ်ပီး နိုင်ငံတွင်းမှာ​တော့ နာမည်အကြီးဆုံး အနုပညာ​ဖျော်​ဖြေမှုဆိုင်ရာကော်ပို​ရေရှင်းတခု ဖြစ်သည်။

ရုပ်ရှင်​လောကရဲ့ဘုရင်ဘုရင်မ​တွေမှာ ယင်​ကောင်​တွေအလားပေါက်ပွားနေပြီး ​အောင်မြင်ဖို့စိတ်အားထက်သန်ပြင်းပြ​​နေသည့် အနုပညာ​လောကသမား​တွေမှာ ​ခေါင်း​တွေအသာတိုးလို့ ကြံစည်ကြိုးပမ်း ဝင်​ရောက်လိုကြ​သော မြင်မြတ်သည့်ရပ်ဝန်းတခုပင်။

"စဥ်း​တောင်မစဥ်းစားနဲ့...." ​

ဟော်ကျန်းက ဆူပူလိုက်တယ်။

"ဒီလို​လောကရဲ့ ရှုပ်​ထွေးပွေလီမှု​တွေ ငါတို့ညီ​လေးကိုရိုက်ခတ်လာရင် ဘယ်လိုလုပ်မလဲ...."

​ဟော်ယုံကသေချာ​လေး​တွေးကြည့်လိုက်ပြီးလျှင် သူ့အ​တွေးပြောင်းလဲသွား​တော့သည်။

သူတို့ကတိတ်တိတ်​လေးပြန်ထွက်သွားဖို့ ကြံရွယ်လိုက်စဥ်မှာပဲ ​ဟော်ချွီကခေါင်း​လေးကို​မော့လာပြီး သူတို့ထံ ကြည့်လာ​၏။

​ဟော်ယုံမှာ သူတို့အိမ်ရဲ့အငယ်ဆုံး​လေး သူတို့ကို စိုက်ကြည့်​နေပုံမှာ ချစ်စနိုးဖြစ်ရလွန်းလို့  နှလုံးသား​လေး​တောင် အရည်​ပျော်မတက်ဖြစ်သွား​လေသည်။

"ဘာဖြစ်လို့လဲ စန်းအာ..?"

ဒါကိုမြင်လိုက်​သည့် ​ဟော်ကျန်းမှာ သူ့ညီနှစ်ကို ​ဘေးတွန်းထုတ်လိုက်ပြီး အခန်းထဲကြည့်ဖို့ လည်ပင်းကိုဆန့်ထုတ်လိုက်တယ်။

"အငယ်​လေး အကိုကြီးရဲ့  အကူအညီတခုခု လို​သေးလား...?"

ပထမ​တော့ သူတို့ထင်ထားတာက ညီငယ်​လေးက ခွန်းတုံ့ပြန်မှာမဟုတ်ဘူးလို့ပင်။

ဒါ​ပေမယ့် ​ဟော်ချွီက ရုတ်တရက်ကြီး ​ခေါင်းကို ​ဖြေး​ဖြေး​လေးညိတ်ပြလိုက်​လေတယ်။

သူကလက်ကို​မြှောက်လိုက်ပြီး သူလက်ဖဝါးထဲမှာရှိတဲ့ စာရွက်​လေးကိုပြလိုက်ပြီး

"ဒါ​လေးက ဘာ​လေးလဲ...?"

​ညီငယ်လေးက သူတို့ကို လိုလိုလားလား စကား​တွေ​ပြောတယ်.....^-^

ညီအကိုနှစ်​ယောက်လုံးက အလန့်တကြား​တွေဖြစ်ကုန်ပြီး ​ဟော်ချွီလက်ထဲကစာရွက်ကို တစ်ချိန်တည်း ကြည့်လိုက်တော့သည်။

​ဟော်ယုံမှာ အနုပညာ​ဖျော်​ဖြေ​ရေးကုမ္ပဏီဖွင့်ထားလို့ တချက်ကြည့်ရုံမျှနဲ့ ထိုအရာက လူ​ရွေးချယ်ပွဲနံပတ်စဥ်မှန်း တန်းသိလိုက်သည်။

ဒါတင်မက​သေး​ပေ..Star Light ​ဖျော်​ဖြေရေးကုမ္ပဏီလို့ သ​ဘောရတဲ့ အမှတ်သင်္ကတလေးက ယွီချင့်ဟွမ်ဆိုတဲ့နာမည်​အောက်တွင် ဖော်ပြထား​လေသည်။

ထိုအရာက ဤသူမှာသူ့ကုမ္ပဏီလက်​အောက်ကဆိုတာကိုသက်​သေပြလို့​နေ၏။

သူတို့ညီငယ်​လေးက ဒီလူကိုဘယ်မှာသိလာပါ
လိမ့်..? ဖြစ်နိုင်တာက ဒီလူက ညီငယ်လေးရဲ့ ​နောက်ခံကိုသိလို့ တမင်တကာရည်ရွယ်ချက်ရှိရှိ ချဥ်းကပ် လာတာများလား...?

မျက်​တောင်တခတ်အချိန်​လေးတွင်းမှာပဲ ​ဟော်ယုံ
ဦး​နှောက်က ဇာတ်လမ်းဇာတ်ကွက်မျိုးစုံကို ပုံ​ဖော်​နေပြီး ​ဟော်ကျန်းကို သူသိသ​လောက်​မှတ်သ​လောက် ပြောပြလိုက်သည်။

​ဟော်ကျန်းမှာ စူးစူးစိုက်စိုက်နဲ့ ဒီစာရွက်ရဲ့​နောက်ခံဇာတ်​ကြောင်းကို ပုံ​ဖော်လို့နေသည်။

ကံမ​ကောင်းတာက ​ဟော်ချွီဆိုတာတခုခုကို သူလိုသုံးပြီးတာနဲ့ ပစ်ထုတ်တက်သူဖြစ်ရာ သူသိချင်တာ သိသွားတာနှင့် သူ့အကိုနှစ်​ယောက်လုံးအား လုံးဝကို အ​ရေးတယူမလုပ်​တော့​ပေ။

​ဟော်ချွီမှာ သူ့အကို​တွေရဲ့ စူးစမ်းနေတဲ့အကြည့်​တွေကိုလစ်လျုရှုလို့  အခန်းတံခါးကိုဘန်းခနဲ​နေ​အောင်ပိတ်လိုက်​တော့သည်။

ထို့​နောက်ခေါင်း​လေးကိုငုံ့လို့ နံပတ်​စဥ်လေးကို ဖွဖွလေးနဲ့ဂရုတစိုက်​လေးပွတ်သပ်လို့​နေ​လေသည်။
သူဘာ​​တွေတွေး​နေတယ်ဆိုတာ လုံးဝမသိနိုင်​ပေ။

အခြားတဖက်တွင် ယွီချင့်ဟွမ်က​တော့  အမဲသား​ခေါက်ဆွဲတစ်ပန်ကန်ကြီးကို အပြင်မှာ
ဝါးတီးဆွဲလို့​နေပြီး စားလို့ပြီးခါမှကုမ္ပဏီသို့ပြန်သွား​လေ၏။

ယွီရှင်းမှာအ​စောကတည်းက ယွီချင့်ဟွမ်အား ​စောင့်ဆိုင်းနေတာဖြစ်သည်။

ယွီချင့်ဟွမ်အားမြင်လိုက်သည်နှင့်တပြိုင်နက် သူ့ဆီတန်း​လျှောက်သွားပြီး ဇာတ်ညွှန်းထူထူကြီးတအုပ်ကို လက်ထဲထိုးထည့်လိုက်လေ၏။

"မင်း​နောက်ဆုံး​တော့ ပြန်​ရောက်လာပြီ....ငါ​စောင့်​နေတာ ​နေ့တဝက်​တောင်ကျိုးတော့မယ်...ဒါက ဒါရိုက်တာလျိုပေးသွားတဲ့ ဇာတ်ညွန်း ..သေချာ​လေး​ လေ့ကျင့်​ချေ​... "

"​ကော ကျွန်​တော့ကို သတိ​ပေး​နေတာ အ​ခေါက်​ပေါင်း မနည်း​တော့ဘူး...."

ယွီချင့်ဟွမ်မှာ ဇာတ်ညွှန်းကိုယူလို့ ဆိုဖာဆီ​လျှောက်သွားပြီး အားမရှိ​သလိုဖြေလိုက်သည်။

"ဒါ မင်း​ကောင်းဖို့အတွက်ပဲ​လေ...!"

ယွီရှင်းက ယွီချင့်ဟွမ်ရဲ့ခေါင်း​နောက်ကိုရိုက်ဖို့ လက်​မြှောက်လိုက်​သော်လည်း ယွီချင့်ဟွမ်က ပြုံးဖြဲဖြဲလုပ်ပြီးရှောင်ကွင်းလိုက်နိုင်သည်။ ယွီရှင်းမှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ​တော့၏။

"ငါ​ပြောမယ် တခြားသူသာဆိုရင် ဒီလိုအခွင့်အ​ရေး​ကောင်းမျိုးရရင် ​ပျော်လွန်းလို့ ​ပေါက်ကွဲထွက်သွားမှာကြာလှပြီ... ဒါ​ပေမယ့် မင်းက​တော့ ဘယ်လိုတုံ့ပြန်မှု​လေး​တခုတောင်မှရှိမ​နေဘူး"

သိသာထင်ရှားတာက လူ​ရွေးပွဲမတိုင်ခင်က​တော့ ဒီလူငယ်​လေးက သေချာ​ပေါက် လက်သီး​တွေဆုပ်လိုက် လက်ဖဝါး​တွေပွတ်လိုက် တချီတည်းအပိုင်ကိုင်မယ် စိတ်အားထက်သန်နေတာပင်...

ဒါ​ပေမယ့် လူ​ရွေး​ပွဲပြီးသွားတာနဲ့တပြိုင်နက် သူ့တ​ယောက်တည်း စိတ်​အေးသက်သာဖြစ်လို့​နေ​ပေ၏။ 

"ဘာပဲဖြစ်ဖြစ် ရလဒ်ကဒီလိုထွက်လာ​​နေပြီပဲ ​ပျော်ပျော်မ​ပျော်​​ပျော် မထူးခြားနားပါဘူး..."

ယွီချင့်ဟွမ်မှာ သူ့ထီလက်မှတ်နှစ်​စောင်အား အိတ်ကပ်ထဲကထုတ်လို့ ​ကော်ဖီစားပွဲ​ပေါ်သို့ ဘန်းခနဲ​နေ​အောင် ရိုက်ချလိုက်တယ်။

"​ကော တကယ်လို့များ ကျွန်​တော့်ထီလက်မှတ်သာ ငါးသန်းစုပေါက်ခဲ့ရင် ကျွန်​တော်ခင်ဗျားကို ကျွန်​တော့ ကိုယ်ပိုင်မန်​နေဂျာအဖြစ်​ရွေးမယ်"

"​တော်ပါ​တော့ကွာ ဟုတ်လား"

ယွီရှင်းက မျက်လုံးများကို​စွေ​စောင်းပီး​ပြောလိုက်သည်။

"ငါးသန်းဆိုတာ ဘယ်​လောက်မို့လို့လဲ...? မင်းသိဖို့က မင်းလို အလားအလာ​​ကောင်းတွေနဲ့ သူ​တွေက TV ဒရမ်မာ တခုနဲ့​တောင် သန်းတချို့ရ​နေနိုင်တာ...ထီအ​ပေါ်မှီခို​နေမယ့်အစား သရုပ်​ဆောင် အလုပ်ကိုသာ ​​သေချာ​လေးဇောက်ချလုပ်ပါ့လား..."

သို့​သော်လည်းယွီရှင်းရင်ထဲ​မှာတော့အတန်ငယ်​လေး
ထိရှသွားသည်။

ဒီက​လေးကသူ့မျက်နှာ​ပေါ်မှာမ​ဖော်ပြထားပေမယ့် သူ့အ​ပေါ်​ ကောင်းထားတဲ့သူဆိုရင် သူနှလုံးသားက ပြတ်ပြတ်သားသားကိုအမှတ်သညာထားလေသည်။

ယွီရှင်းမှာပြော​နေရင်းလက်စ တစုံတရာကိုရုတ်တရက်သတိရသွားပြီး သူ့​ခေါင်းသူပြန်ပုတ်မိလိုက်ပြီးလျှင်

"မင်းကြောင့် စကားလမ်း​ကြောင်းတွေ​လွဲကုန်ပြီး ​မေ့တော့မလို့...မနက်ဖြန် ငါနဲ့တူတူတ​စ်နေရာကို ခဏ​တဖြုတ်လောက် သွားရ​အောင်...မင်းရဲ့ ပွဲဦးထွက်အတွက် 'Hua Da's Xiao Cao' ​ခေါင်းစဥ်​ကို ရွေးထားတယ်...."

T/N; Hua Da ---university abbreviation  ; Xiao Cao----the most handsome man in school  # တက္ကသိုလ်မှာ အ​ချောဆုံးအမိုက်ဆုံးကို ​ပြောတာပါ ဥပမာ​ပေးရရင် တို့​တွေနိုင်ငံမှာဆို King တွေ​ပေါ့....#

"မသွားလို့မရဘူးလား...."

ယွီချင့်ဟွမ်မျက်လုံး​​တွေက စိတ်မပါလက်မပါ ခံစားချက်မရှိကြည့်လို့နေသည်။

အမှည့်လွန်သခွားသီးအား အစိမ်း​ရောင်ဆိုးထား​သော (ငယ်ရွယ်ချင်​ယောင်​ဆောင်ထား​သော) သူ့လိုလူက Xiao Cao ပုံစံနဲ့ ​စျေးကွက်ဆင်းရမှာ သူ့အား မျက်နှာပူလာ​စေသည်။

"မရဘူး..."

ယွီရှင်းရဲ့ဆုံးဖြတ်ချက်က တစ်ရာရာခိုင်နှုန်းခိုင်မာပြတ်သား​လို့နေသည်။

ယွီချင့်ဟွမ်အားငြင်းဆိုဖို့အခွင့်အ​ရေးလုံးဝမ​ပေးတော့ဘဲ ​စော​စောအိပ်ရန်တိုက်တွန်းကာ သူကမတ်တပ်ရပ်ထွက်ခွာသွား​လေ​တော့သည်။

ယွီရှင်းထွက်ခွာသွားတာနှင့် ယွီချင့်ဟွမ်မှာ ဆိုဖာ​ပေါ်မှာထိုင်လို့ အကြာကြီးစဥ်းစားခန်းဖွင့်​နေသည်။

သူ့ရဲအတိတ်ဘဝမှာ​တော့ ဒီလိုအရာမျိုးမ​တွေ့ကြုံခဲ့​ပေ။ လူ​ရွေးပွဲမှာရွေးချယ်ခံလိုက်ရသည်နှင့်တပြိုင်နက် သူ့ရဲ့လမ်း​ကြောင်းက အရင်ဘဝနဲ့ ပို၍သွေဖီကွဲပြားသွား​တော့မည်ထင်ရ၏။

သူဟာအနုပညာ​လောကမှာထပ်ပြီးမကျင်လည်ချင်​တော့​ပေမယ့် တချို့​သောအရာ​တွေမှာ သူ့ဆန္ဒအ​လျောက်ထိန်းချုပ်နိုင်ဖို့ငြင်းဆန်​နေသည်။

ယွီချင့်ဟွမ်မှာ အတန်ငယ်ကိုက်ခဲ​နေ​သော​ခေါင်းအားပွတ်လို့ ရှုပ်ထွေး​နေ​သောအ​တွေး​တွေအား ​ခေါင်းထဲက စွန့်ထုတ်ပစ်လိုက်​တော့သည်။

ထားလိုက်​ပါတော့ တ​လှမ်းတလှမ်းချင်းစီသွားတာ​ပေါ့​လေ.......။

​နောက်တ​နေ့မနက်​စော​စောရောက်​​သော် ယွီချင့်ဟွမ်မှာ သူ့အသိုက်ထဲက​နေဆွဲထုတ်ခံလိုက်ရ​ပေသည်။

ထို့​နောက်တွင် ယွီရှင်းကြိုတင်ပြင်​ဆင်ပေးထားတဲ့ အကျီအားဝတ်လို့ ရီ​ဝေ​ဝေမျက်လုံး​တွေနဲ့ ​ကျောင်းသို့​ရောက်သွား​တော့သည်။

ရောက်​ရောက်ချင်းမှာပဲ ကောင်းယွင်ချန်နဲ့သူ့မန်​နေဂျာတို့နှင့်တိုး​လေတော့သည်။

နှစ်ဖက်စလုံးမှာကင်မရာနဲ့လက်​ထောက်တွေ ​နောက်က​နေတသီတတန်းကြီးလိုက်​နေကြပြီး ဘာလုပ်​နေမှန်းမသိ​ရပေ။

ကောင်းယွင်ချန်မှာ ယွီချင့်ဟွမ်ထက် ၂ နှစ်​စောကာ ပွဲဦးထွက်ခဲ့ပြီး အရည်အချင်းမဆိုးဘဲ Idol drama ၂ ကားမှာ ပါဝင်သရုပ်​ဆောင်ခဲ့သည်။

သူ့ရဲ့မန်​နေဂျာက​တော့ ​ကောင်းယွင်ချန်ကို ရိုးသား​ဖြောင့်မတ်တဲ့ပုံရိပ်​ဖော်ထားလေသည်။

ဒါ​ပေမယ့် Weiboမှာ​တော့ အတန်ငယ်သာဖြစ်ပြီး ပေါ်ပြူလာမဖြစ်​ပေ။

ကောင်းယွင်ချန်က 'The line of life and death' မှာ တတိယဇာတ်ကောင်နေရာ ဝင်​ရောက်​ရွေးချယ်ခံဖို့သွား​ရောက်ခဲ့သည်။

ဒါ​ပေမယ့်အ​ခြေအ​နေက​တော့ သူ့အ​နေနဲ့ စကား​လေးအနည်းငယ်လောက်သာ​ပြောအပြီး ဒါရိုက်တာလျိုရဲ့ကန်ထုတ်ခြင်းခံခဲ့ရတာပင်။

ဒါ​ကြောင့်သာ ယွီချင့်ဟွမ်လူ​ရွေးပွဲ​အောင်မြင်သွားတယ်ဆိုတာကြားသိလိုက်ရတဲ့​နောက် သူ့​ဒေါသကိုသူချုပ်တီးမထားနိုင်​တော့ပေ။

သူဟာ Star light က ရာထူးမြင့်သူအနည်းငယ်နှင့် မရှင်းမလင်းဆက်ဆံ​ရေးမျိုးရှိတာ​ကြောင့် ယွီရှင်း ယွီချင့်ဟွမ်ကိုပေးခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီး ပထမဦးဆုံး သိထား၏။

ယွီချင့်ဟွမ်အားအဆင်မ​ပြေဖြစ်​စေဖို့ သူကမနက်အ​စောကြီး အားချင်း​ပြေးကျောင်းကိုဓါတ်ပုံရိုက်ဖို့
​ရောက်လာခဲ့တာဖြစ်​ပေသည်။

ကျွမ်းကျင်ပညာရှင်​တွေကဓါတ်ပုံကိုကောင်းမွန်​အောင် အ​ချောသတ်ပြင်ဆင်ပြီးတာနဲ့တပြိုင်နက်ကောင်းယွင်ချန်က Weibo မှာချက်ချင်း​ကောက်တင်လိုက်သည်။

ထို့​နောက် National Handsome Manဆိုတဲ့ ​ခေါင်းစဥ်က 'ဟစ်' ဖြစ်လာ​တော့၏။

"ဓါတ်ပုံရိုက်သွားဖို့လား......"

ကောင်းယွင်ချန်မှာ အကျအန​သေချာပုံသွင်းထား​သောဆံပင်နက်နက် ​အေးတိ​အေးစက်အမူအရာတို့ဖြင့် ယွီချင့်ဟွမ်အားကြည့်လို့​နေသည်။

"ဒီမနက် Weibo မဖွင့်ကြည့်ရ​သေးဘူး​ပေါ့....

အသိုင်းအဝိုင်းကျဥ်းကျဥ်း​လေးကလူ​တွေက အမြင်ပါတယ်ကျဥ်းတယ်ကို... သူများစားပြီးသားအကြွင်းအကျန်​တွေလည်း ​ကောက်စားတက်တာပဲ...."

ယွီရှင်းက ထိုစကားကိုကြားလိုက်​တော့ တခုခု​တော့ ဖြစ်​နေပြီဆိုတာ ချက်ချင်းသိလိုက်သည်။

သူဟာချက်ချင်းပဲ တုန်တုန်ယင်ယင်နဲ့ဖုန်းကိုဖွင့်ကြည့်လိုက်​​သော် သူ့ရဲ့ ဒွာရ ၇ နှစ်​ပေါက်က​နေ မီးခိုး​တွေ ထွက်လာသည်အထိ အရမ်းကိုစိတ်ဆိုး​ဒေါသထွက်သွားရ​တော့သည်။

ယွီရှင်းမှာ ကောင်းယွင်ချန်နဲ့သူ့အဖွဲသား​တွေက ဒီလိုလုပ်ရပ်မျိုးလုပ်မယ်ဆိုတာကို မထင်ထားခဲ့​ပေ။

အခုချိန် Weibo ​နေရာတိုင်းမှာ ကောင်းယွင်ချန် National Handsome man ဆိုပီး ​​ဆွေး​နွေး​နေကြသည်။

သူ့အတွက် ​ကြော်ငြာ​တွေတောင် ဝင်​နေကြ​သေး....!

ဒီလိုအကွက်မျိုးကအရမ်း​ပြောင်​မြောက်လှတာမဟုတ်​သော်လည်း ဖားတ​ကောင်ကခြေ​ထောက်​ပေါ် တက်လာရင်မကိုက်ရင်​တောင်မှ ခြိမ်း​ခြောက်မှု​တော့​ပေးနိုင်သေးသလိုပင်!

ယွီချင့်ဟွမ်ကတော့ဘာမျှကို မခံစားရ​ပေ။ သူ့အတိတ်ဘဝက ထိပ်ဆုံး​နေရာမှာ ​လင်းလက်တောက်ပနေခဲ့​သောအချိန်ကာလတွင် ဒီ​လောကထဲ ကောင်းယွင်ချန်ဆိုတဲ့လူ​တောင် ရှိမ​နေ​ပေ။

သူသည်ကောင်းယွင်ချန်အား မတုန်မလှုပ်အမူအရာနဲ့ကြည့်လို့ မှတ်ချက်အသာ​လေးပြုလိုက်သည်။

"National Xiao Cao....?"

"ဘာလဲ......? မင်းပဲလုပ်လို့ရတယ်.... တခြားသူ​တွေလုပ်လို့မရနိုင်ဘူးလား....!

ကောင်းယွင်ချန်မှာ ယွီချင့်ဟွမ်အားဒေါသထွက်​လာအောင်နှိုးဆွတာအောင်မြင်သွားပီဟူ၍ မှတ်ယူလိုက်ပြီး သူ့မျက်လုံး​တွေကစော်ကား​မော်ကားမှု​တွေအပြည့်ဖြင့် ​မေး​စေ့အားမာန်ပါပါပင့်တင်ထားလေသည်။

ယွီချင့်ဟွမ်က ဂရု​တောင်မစိုက်ဘဲ သူ့​လက်ကိုလွှဲခါလိုက်သည်။

"ရတာ​ပေါ့... ဒါ​ပေမယ့် ငါ့ထင်တာ​တော့ မင်း​ Weibo မှာ ရေးထားတာတ​နေရာမှား​နေသလိုပဲ..."

"ဘာ..? မှား​နေတယ်...?"

ကောင်းယွင်ချန်မှာ ယွီချင့်ဟွမ်ပြောတာကိုကြားလိုက်သည်နှင့် အလန့်တကြားဖြစ်လို့သွား၏။ သူဟာ ချက်ချင်းပဲဖုန်းကိုထုတ်ယူလိုက်ပြီး ခပ်မြန်မြန်​သေချာ​လေးပြန်ဖတ်ကြည့်​နေသည်။

စာရိုက်လွဲတာလည်း မရှိဘူး....။မသင့်​တော်တာ​တွေလည်းမ​တွေ့ဘူး....။ လူတိုင်းကသူ၏ ခပ်မိုက်မိုက်ပုံစံကို ချီးကျူး​နေကြသည်။

ကောင်းယွင်ချန်က ဒေါသတကြီးခေါင်းကိုပြန်​မော့လာသည်။

သူကယွီချင့်ဟွမ်၏ နိမ့်ပါးလှ​သောသည်းခံနိုင်စွမ်းရည်ကို လှောင်​ပြောင်သ​ရော်ဖို့ ​တွေးလိုက်စဥ်မှာပဲ ယွီချင့်ဟွမ် စိတ်​အေးလက်​အေး​ပြောလာတာကို ကြားလိုက်ရသည်။

"ဒီမှာ​တွေ့လား Hua Da Xiao Cao[华大校草(school)လို့​ရေးထားတယ်...မင်းက Da Ji Yuan[大妓院] က​နေ ​ကျောင်းပြီးတာမဟုတ်လား? မင်းရဲ့ အဖွဲ့သားတွေက ကိစ္စ​တွေကိုဘယ်လိုကိုင်တွယ်​နေတာလဲ ​ကျောင်း​တောင်မှားတယ်ဆို​တော့....."

T/N: 华大校草 (Hua Da Xiao Cao): 小草, Xiao Cao means the most handsome man in school. Both 小 and 校 sounds alike thus the play on word.]

ယွီချင့်ဟွမ်ပြောတာ မမှား​ပေ။ ကောင်းယွင်ချန်မှာတကယ့်ကို Da Ji Yuan[大妓院] က​နေ​ကျောင်းပြီးတာဖြစ်သည်။

[T/N: 大安职业技术学院 (Da An Zhi Ye Ji Shu Xue Yuan): Da An Vocational Skill Academy. Its abbreviation: 大技院 (Da Zhi Yuan) is a play on word.
大技院 (Da Zhi Yuan) and 大妓院 (Da Ji Yuan) pinyin အသံထွက်တူပါတယ်။
大技院 (Da Zhi Yuan) က Big Vocational Academy ​ကျောင်းလို့ အဓိပ္ပါယ်ရှိပြီး
大妓院 (Da Ji Yuan) က​တော့  Big Brothel.. အ​ပျော်​ဂေဟာလို့ အဓိပ္ပါယ်ရပါတယ်]

​ကောင်းယွင်ချန်:  "....."

မင်းကမှအ​ပျော်​ဂေဟာက​နေ​​ကျောင်းပြီးတာ မင်းတို့တအိမ်သားလုံးလည်း အ​ပျော်​ဂေဟာက​နေပဲ ​ကျောင်းပြီးတာပဲ!

သူဟာသူ့ကိုယ်သူငတုံးတ​ယောက်လို ခံစားလိုက်ရ၏။စကားလုံး​တွေ၏ သိမ်​မွေ့​သောလှည့်ကွက်ကိုတောင် ကြိုမမြင်ခဲ့လို့ပင်!
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N ခရစ်စမတ်နေ့​လေး အမှတ်တရဖြစ်​အောင်တင်​ပေးလိုက်တယ်​နော်

English က​နေ ဘာသာပြန်တာမို့ တချို့တရုတ်အသုံးအနှုန်း​လေး​တွေပါလာရင် ဘာသာပြန်ရတာ တရုတ်စာမတက်တဲ့​ဝေါ်​လေး တကယ်ခက်ခဲပါတယ်  ဖလုတို့ 😭 မှား​နေရင် ​သွေ့ပုချိ

သတိထားမိသူရှိမလား မသိ​ပေမယ့် ML မျိုးရိုးက Huo ပါ တို့​ရေးတာ ​ဟော့ ဟုတ် ဟုန် ဖြစ်လိုက်ဖြစ်​နေတယ် ဘယ်ဟာ​လေး အနီးစပ်ဆုံးအဆင်​ပြေလဲ ​ရွေး​နေတာ ခုထိစိတ်ပိုင်းမဖြတ်ရ​သေးလို့ပါ
ကူ​ရွေး​ပေးကြပါဦး

**********************************
[Zawgyi]

ေဟာ္ခြၽီမွာအိမ္ရာအနီးပတ္ဝန္းက်င္ကို နာရီဝက္​ေလာက္ပတ္​ေန​ေသာ္လည္း သူ႔အိမ္ကိုရွာမ​ေတြ႕​ဘူးျဖစ္​ေန​ေလသည္။

​ေနာက္ဆုံးမွာ​ေတာ့ သူ႔ရဲ႕စာအုပ္အ​ေသး​ေလးအား ထုတ္ယူလိုက္ၿပီး အိမ္ဖုန္းကို​သာလွမ္းေခၚလိုက္ရ​ေပ၏။

မဒမ္​ေဟာ္မွာေတာ့ ပါးျပင္မွာမ်က္ရည္​ေတြစီးက်​ေနၿပီးဧည့္ခန္းထဲထိုင္လို႔​ေနသည္။

​သူမသားအငယ္ဆုံး​ေလးအား ​ေတြ႕လွ်င္ေတြ႕ခ်င္း
ဘာတခုမွ်မလုပ္ႏိုင္​​ေတာ့ပဲ ဖိနပ္ခြၽတ္ၿပီးတာ​ေတာင္ မ​ေစာင့္ ရင္ခြင္ထဲသို႔ခပ္ျမန္ျမန္လွမ္းဆြဲဖက္ထားလိုက္​ေတာ့သည္။

သူမဟာ သူမခ်စ္သား​ေလး​ေၾကာင့္ ငိုယို​ေနၿပီးမ်က္ရည္​ေတြက ​ေဟာ္ခြၽီတီရွပ္ကို​ေတာင္ စြတ္စိုသြား​ေစ၏။

"အိမ္မွာ ဒ႐ိုင္ဘာ​ေတြရွိတာကို ဓါတ္ခြဲခန္းကို မင္းကေခါင္းမာမာနဲ႔ တ​ေယာက္တည္း သြားခ်င္တယ္...!! မားမားတေနကုန္ ဘယ္​ေလာက္ စိတ္ပူ​ေနရတယ္ဆိုတာ မင္းမသိဘူး..! အက္စီးဒန္႔တခုခုမ်ားျဖစ္လားဆိုၿပီး ​ေသ​ေလာက္​ေအာင္​ေၾကာက္​ေနရတာ! အစားတလုပ္​ေတာင္ မဝင္ဘူး..! "

​ေဟာ္ခြၽီမွာေက်ာက္႐ုပ္ျဖစ္လို႔သြားေပသည္။ သူဟာ သူ႔အ​ေမကို ဘာလုပ္ရမယ္မွန္းမသိျဖစ္​ေနတဲ့ တုံဏိဘာေဝအမူအရာနဲ႔ ၾကည့္​ေနၿပီး သူ႔ႏႈတ္ခမ္း​ေတြက​ေတာ့တင္းတင္းေစ့ပိတ္ထားသည္မွာ စကားတလုံး​ေတာင္ထြက္မလာ​ေပ။

မဒမ္​ေဟာ္သည္ သူမသားနဖူး​ေပၚက ဆံႏြယ္ေလး​ေတြကို သပ္တင္​ေပးလိုက္ၿပီး ႏွာ​ေခါင္း​ေလးအား အသာဆြဲညႇစ္လိုက္သည္။

သူမသားအငယ္ဆုံး​ေလးက အလြန္႔အလြန္ကို ညဏ္​ေကာင္းသည္။ အသက္ ၂၀ အ႐ြယ္ကတည္းက ​ေဒါက္တာဘြဲ႕ ႏွစ္ဘြဲ႕ရၿပီး သု​ေတသနတကၠသိုလ္ကို ဝင္​ေရာက္ႏိုင္ခဲ့သည္။

ႏိုင္ငံတကာဆု​ေတြကိုလည္း ​ေရတြက္မရႏိုင္​ေလာက္တဲ့အထိဆြတ္ခူးခဲ့ၿပီး တကၠသိုလ္​ေတြမွာ သူအား​ေခၚယူရန္ အၿပိဳင္အဆိုင္အလုအယက္ ႀကိဳးပမ္းခဲ့ရသည္။

Mathematical Physics နယ္ပယ္​မွာ​ေတာ့ သူက အဓိကက်သည့္ ေရွ႕ေဆာင္လမ္းျပသိပၸံပညာရွင္တ​ဦးလို႔ ​သတ္မွတ္လို႔ရ​ေပသည္။

ဒါ​ေပမယ့္လူ​ေနမႈဘဝႏွင့္ပတ္သက္လာရင္​ေတာ့ သူဟာ ၃ ႏွစ္သား​ကေလးနဲ႔​ေတာင္ မယွဥ္သာ​ေပ။

​ေရကို ဘယ္လိုဆူ​ေအာင္တည္ရမယ္မသိဘူး... လမ္း​ေၾကာင္းေတြ မမွတ္မိဘူး....
ဒါ​ေတြသာမက အမ်ားသုံးပို႔​ေဆာင္​ေရးယာဥ္တို႔  အငွားယာဥ္တို႔ကိုပါ အသုံးမျပဳတက္​ေပ.....

ရႈပ္​ေထြးေပြလီတဲ့ျဒပ္စင္​ေတြကို တခ်က္ၾကည့္႐ုံမွ်
ႏွင့္ ဦး​ေႏွာက္ထဲသိမ္းဆည္းထားႏိုင္သူက လူ​ေနမႈဘဝႏွင့္ သက္ဆိုင္တဲ့အ​ေျခခံအခ်က္​ေလး​ေတြကို​ေတာ့မမွတ္မိ​ေပ။

သူတို႔ သူ႔ကိုဘယ္​ေလာက္သင္​ေပးဖို႔ ႀကိဳးစားႀကိဳးစား အရာမဝင္​ခဲ့ေပ။

"​ေနာက္တခါ ဒီလိုထပ္မလုပ္နဲ႔​ေနာ္ ဟုတ္လား...?"

မဒမ္​ေဟာ္မွာ သူမသား၏ရႈပ္​ေထြး​ေနသည့္ပုံစံႏွင့္ ​ေခါင္းငိုက္စိုက္က်သြားတာကို ျမင္လိုက္ရင္ ဘယ္​ေလာက္ စိတ္ဆိုး​ေန​​ေန​ေအာင့္အည္းသည္းခံဖို႔သာတက္ႏိုင္​ေတာ့ေလသည္။

သူမသည္ မ်က္ႏွာအမူအရာကို ခပ္တင္းတင္းဇြတ္လုပ္ယူထားလိုက္​ေလ၏။

"​ေတာ္ေလာက္ပါၿပီ ငါတို႔သား​ေတာင္ အခုျပန္​ေရာက္​ေနၿပီပဲ....ဒီအ​ေၾကာင္း​ေတြ ဘာအတြက္​ ေျပာေန​ေတာ့မွာလဲကြာ..."

ပါးပါး​ေဟာ္က သူမ​ေဘးသို႔ ​ေရာက္လာၿပီး မ်က္ရည္​ေတြကို သုတ္​ေပးလိုက္ၿပီး ​ေျပာလိုက္သည္။

"က​ေလး​ေရွ႕ငို​ေနတာ မရွက္ဘူးလား......."

မဒမ္​ေဟာ္မွသူ႔အားစိန္းစိန္းဝါးဝါးတခ်က္ၾကည့္လိုက္ၿပီး စိတ္ဆိုးဆိုးနဲ႔လက္ကိုျပင္းထန္စြာဆြဲဆိတ္​ေလ​ေတာ့သည္။

"ကြၽန္မသားကိုကြၽန္မနည္းနည္း​ပါးပါးေလာက္ေျပာတာ​ေတာင္ေျပာလို႔မရဘူးလား"

"ရတယ္....ရပါတယ္ ...ရပါတယ္... ငါ့အမွားပါ...."

ပါးပါး​ေဟာ္မွာ နာက်င္လို႔ရႈံ႕တြ​ေနသည္အထိ ဆြဲဆိတ္ခံ​ေနရ​ေသာ္လည္းမ​ေအာ္ညည္းရဲ​ေပ။

သူကသူ႔ဇနီးရဲ႕စကား​ေတြကိုေျပရာ​ေျပ​ေၾကာင္းေတာင္းပန္လိုက္ၿပီး ေနာက္ဆုံးမွာ​ေတာ့
သူမရဲ႕မ်က္ရည္​ေတြကို ရယ္သံ​ေလးအျဖစ္သို႔  ေျပာင္းလဲလိုက္ႏိုင္၏။

ပါးပါး​ေဟာ္က သူ႔သားဘက္ကိုလွည့္လို႔ အသာ​ေလး​ေျပာလိုက္တာက

"စန္းအာ သားအခန္းထဲအရင္ျပန္နား​ေတာ့.. ၿပီးရင္ အန္တီလီကိုစားစရာ​ေတြ လာပို႔ခိုင္းလိုက္မယ္..."

T/N>>>  စန္းအာ=Third born( စန္းက တတိယ er က ခ်စ္စႏိုး​ေခၚတာပါ)

​ေဟာ္ခြၽီမွာထိုအမိန္႔စကားကို​ေစာင့္​ဆိုင္းေနတာျဖစ္ၿပီးၾကားတာနဲ႔တၿပိဳင္နက္ေခါင္းကိုအျမန္ၿငိမ့္ၿပီး သူအခန္းကိုဦးတည္ျပန္သြား​ေလ​သည္။

သူ႔သားရဲ႕​ေက်ာျပင္မတ္မတ္ကိုၾကည့္လို႔ ပါးပါး​ေဟာ္မွာသက္ျပင္းအသာခ်လိုက္မိေတာ့​သည္။

သူ႔မွာသူ႔၃​ေယာက္ရွိသည္။ အႀကီးဆုံးသား​ေဟာ္က်န္း နဲ႔ ဒုတိယသား​ေဟာ္ယုံက အမႊာ​ေတြျဖစ္​ေလ၏။

​ေဟာ္က်န္းကသူ႔​ေျခရာအတိုင္းနင္းၿပီး သူ႔ရဲ႕စီးပြား​ေရးလုပ္ငန္းကိုဆက္ခံတယ္။ သူဟာႏိုင္ငံ​ေရးနယ္ပယ္ထဲမွာ​ေတာင္ ​အခက္အခဲမရွိေနရာယူ က်င္လည္ေနႏိုင္ၿပီျဖစ္သည္။

တျခားတဘက္တြင္ ​ေဟာ္ယုံက​ေတာ့အႏုပညာေၾကာ္ျငာလုပ္ငန္းကို ေ႐ြးခ်ယ္သည္။

ႏွစ္အနည္းငယ္ပဲရွိ​ေသး​ေပမယ့္ ထင္ရွား​ေက်ာ္ၾကားတဲ့​ေၾကာ္ျငာေတာ္​ေတာ္မ်ားမ်ားကို ဖန္တီးႏိုင္ခဲ့ၿပီး
ႏိုင္ငံတြင္းမွာအ​ေတာ္​ေလး နာမည္ႀကီး​​​ေပါက္​ေရာက္ေနပီျဖစ္သည္။ ဒါ​ေၾကာင့္သူစိတ္ပူစရာမလို​ေပ။

သူ႔ကိုရတက္မ​ေအးစိတ္မခ်ျဖစ္ေစတာက​ေတာ့ အငယ္ဆုံးသားေဟာ္ခြၽီပါပဲ။

"​ေယာက်ာ္း ကြၽန္မတို႔စန္းအာ ဒီလိုဆက္​ေနသြားလို႔ မျဖစ္​ေခ်ဘူး..."

မားမား​ေဟာ္က သူမမ်က္ရည္​ေတြကို သုတ္လိုက္ရင္း ပါးပါး​ေဟာ္ကိုေျပာလိုက္တယ္။

"ရွင္သိလား ကြၽန္မစိတ္​ေတြ တ​ေနကုန္ဘယ္​ေလာက္ေတာင္ေယာက္ယက္ခတ္ေနရတယ္ဆိုတာ...
သူတခုခုနဲ႔ တိုက္မိခိုက္မိမလား ကြၽန္မအရမ္း​ေၾကာက္​ေနခဲ့တာ...ကြၽန္မတို႔ စန္းအာအတြက္ သက္​ေတာ္​ေစာင့္​ ေနာက္ထပ္နည္းနည္းပိုခန္႔ထားရေအာင္​ေလ...."

ပါပါး​ေဟာ္က ေခါင္းကိုရမ္းလိုက္တယ္။

"စန္းအာမွာ သက္ေတာင့္​ေစာင့္ေတြ အလုံအ​ေလာက္ အမ်ားႀကီးရွိ​ေနၿပီပဲကြာ.....ဒီ​ေန႔ျဖစ္တာက မ​ေတာ္တဆတခုပါ ငါတို႔ဆက္​ေစာင့္ၾကည့္တာ​ေပါ့"

​ေဟာ္အိမ္​ေတာ္မွာ အင္အားႀကီးမားသည့္ အိမ္​ေတာ္ျဖစ္ေသာ္လည္း သူတို႔ကႏွိမ့္ခ်ၿပီး​ေနတက္သည္။

အဲ့ဒါအျပင္ သူတို႔ဟာ သက္​ေတာ္​ေစာင့္​ေတြကို
အ​ေရအတြက္ထက္ အရည္အ​ေသြးကို ဦးစား​ေပး​ေ႐ြးခ်ယ္ထားလို႔ ​ေနာက္ထပ္ထပ္ခန္႔မယ္ဆိုလည္း အသုံးမဝင္​ေပ။

ပါးပါးနဲ႔မားမားတို႔ ​ေအာက္ထပ္တြင္ စကား​ေျပာ​ေနစဥ္ ​ေဟာ္ခြၽီကစာ႐ြက္​ေလး​ေပၚက နံပတ္စဥ္ေလးကို ​
ေတြ​ေဝမိန္း​ေမာစြာနဲ႔ ၾကည့္​ေနၿပီး အခန္းထဲထိုင္လို႔​ေနသည္။

အန္တီလီမွ အစားအ​ေသာက္​ေတြလာပို႔​ေသာအခါ အခန္းထဲတခ်က္​ေဝ့ၾကည့္လိုက္စဥ္ ​ေတြ႕ရ​ေသာ ျမင္ကြင္းက သူမအတြက္ထူးဆန္းမ​ေန​ေပ။

သူမရဲ႕သခင္​ငယ္ေလးဟာ ငယ္ငယ္ကတည္းက အၿမဲဒီလိုပဲ။ သူ႔ကိုယ္ပိုင္ကမာၻ​ေလးထဲမွာပဲ ​ေပ်ာက္ဆုံး​ေနတက္တယ္။

အျပင္​ေလာကက ဘယ္လိုအရာ​ေတြနဲ႔ ပတ္သက္ပါ​ေစ သူကဘာတုံ႔ျပန္စိတ္ဝင္စားမႈမွမရွိ​ေပ။ စားဖို႔​ေသာက္ဖို႔​ ေမ့​ေလ်ာ​ေနသည္အထိပင္။ 

အန္တီလီကစားစရာ​ေတြကို တံခါးဝတြင္ထားလိုက္ၿပီး ​ေဟာ္ခြၽီကိုအစားစားဖို႔လွမ္း​​ေျပာမယ္လုပ္လိုက္စဥ္မွာပဲ ​ေဟာ္က်န္းနဲ႔ေဟာ္ယုံက ျဖတ္သြားတာနဲ႔ တိုး​​ေလေတာ့တယ္။

သူတို႔​ေတြက သူတို႔ညီငယ္ေလးရဲ႕ အခန္းထဲသို႔ ခိုး​ေၾကာင္ခိုးဝွက္ ၾကည့္လိုက္​ေလ၏။

​ေဟာ္ယုံကသက္ျပင္းခ်ၿပီး အခန္းထဲဝင္ဖို႔ ​ေျခလွမ္း႐ြယ္လိုက္​ေပမယ့္ ႐ုတ္တရက္ႀကီး သူညီရဲ႕ OCD ကို သတိရသြားၿပီး အဆုံးထိဆက္မသြားရဲေတာ့ပဲ ​ေဟာ္က်န္း နား,နားကပ္လို႔ တိုးတိုးဖြဖြ​ေလး​ေျပာလိုက္သည္။

"​ေကာ ညီ​ေလးက ​ေန႔ခင္းေၾကာင္​ေတာင္ စိတ္ကူး
ယဥ္အိမ္မက္​ေတြမက္​ေနျပန္ၿပီရယ္...."

​ေဟာ္က်န္းက သူ႔​ေခါင္းကိုသူပြတ္သပ္လိုက္သည္။ သူ႔မ်က္လုံး​ေတြက​ေတာ့ ညီငယ္​ေလးအတြက္ စိုးရိမ္ဗ်ာပါဒ​ေတြ မ်ားလို႔​ေန၏။

"ငါ ၿပီးရင္ တကၠသိုလ္ကို ဖုန္းတခ်က္ဆက္ၿပီး ညီ​ေလးအတြက္ ခြင့္ရက္တခ်ိဳ႕ ယူလိုက္မယ္..."

​ေဟာ္ယုံက ​ေခါင္းကိုခ်က္ခ်င္းခါလိုက္သည္။

"ခြင့္ယူလိုက္႐ုံနဲ႔ အရာမဝင္ဘူး.... သူက အိမ္မွာလဲ ဒီလိုဆက္ျဖစ္​ေနမွာပဲကို..."

ခဏရပ္တန္႔လိုက္ၿပီး​ေနာက္ သူကဆက္​ေျပာလာ၏။

"​ေကာနဲ႔ ကြၽန္​ေတာ္ ကိစၥတခုေဆြး​ေႏြးခ်င္တယ္..
ညီ​ေလးကို ကြၽန္​ေတာ့္ကုမၸဏီကို အလည္အပတ္သ​ေဘာ ေခၚသြားခ်င္တယ္"

​ေဟာ္ယုံ၏ကုမၸဏီအမည္မွာ 'Star Light' ျဖစ္ပီး ႏိုင္ငံတြင္းမွာ​ေတာ့ နာမည္အႀကီးဆုံး အႏုပညာ​ေဖ်ာ္​ေျဖမႈဆိုင္ရာေကာ္ပို​ေရရွင္းတခု ျဖစ္သည္။

႐ုပ္ရွင္​ေလာကရဲ႕ဘုရင္ဘုရင္မ​ေတြမွာ ယင္​ေကာင္​ေတြအလားေပါက္ပြားေနၿပီး ​ေအာင္ျမင္ဖို႔စိတ္အားထက္သန္ျပင္းျပ​​ေနသည့္ အႏုပညာ​ေလာကသမား​ေတြမွာ ​ေခါင္း​ေတြအသာတိုးလို႔ ႀကံစည္ႀကိဳးပမ္း ဝင္​ေရာက္လိုၾက​ေသာ ျမင္ျမတ္သည့္ရပ္ဝန္းတခုပင္။

"စဥ္း​ေတာင္မစဥ္းစားနဲ႔...." ​

ေဟာ္က်န္းက ဆူပူလိုက္တယ္။

"ဒီလို​ေလာကရဲ႕ ရႈပ္​ေထြးေပြလီမႈ​ေတြ ငါတို႔ညီ​ေလးကို႐ိုက္ခတ္လာရင္ ဘယ္လိုလုပ္မလဲ...."

​ေဟာ္ယုံကေသခ်ာ​ေလး​ေတြးၾကည့္လိုက္ၿပီးလွ်င္ သူ႔အ​ေတြးေျပာင္းလဲသြား​ေတာ့သည္။

သူတို႔ကတိတ္တိတ္​ေလးျပန္ထြက္သြားဖို႔ ႀကံ႐ြယ္လိုက္စဥ္မွာပဲ ​ေဟာ္ခြၽီကေခါင္း​ေလးကို​ေမာ့လာၿပီး သူတို႔ထံ ၾကည့္လာ​၏။

​ေဟာ္ယုံမွာ သူတို႔အိမ္ရဲ႕အငယ္ဆုံး​ေလး သူတို႔ကို စိုက္ၾကည့္​ေနပုံမွာ ခ်စ္စႏိုးျဖစ္ရလြန္းလို႔  ႏွလုံးသား​ေလး​ေတာင္ အရည္​ေပ်ာ္မတက္ျဖစ္သြား​ေလသည္။

"ဘာျဖစ္လို႔လဲ စန္းအာ..?"

ဒါကိုျမင္လိုက္​သည့္ ​ေဟာ္က်န္းမွာ သူ႔ညီႏွစ္ကို ​ေဘးတြန္းထုတ္လိုက္ၿပီး အခန္းထဲၾကည့္ဖို႔ လည္ပင္းကိုဆန္႔ထုတ္လိုက္တယ္။

"အငယ္​ေလး အကိုႀကီးရဲ႕  အကူအညီတခုခု လို​ေသးလား...?"

ပထမ​ေတာ့ သူတို႔ထင္ထားတာက ညီငယ္​ေလးက ခြန္းတုံ႔ျပန္မွာမဟုတ္ဘူးလို႔ပင္။

ဒါ​ေပမယ့္ ​ေဟာ္ခြၽီက ႐ုတ္တရက္ႀကီး ​ေခါင္းကို ​ေျဖး​ေျဖး​ေလးညိတ္ျပလိုက္​ေလတယ္။

သူကလက္ကို​ေျမႇာက္လိုက္ၿပီး သူလက္ဖဝါးထဲမွာရွိတဲ့ စာ႐ြက္​ေလးကိုျပလိုက္ၿပီး

"ဒါ​ေလးက ဘာ​ေလးလဲ...?"

​ညီငယ္ေလးက သူတို႔ကို လိုလိုလားလား စကား​ေတြ​ေျပာတယ္.....^-^

ညီအကိုႏွစ္​ေယာက္လုံးက အလန္႔တၾကား​ေတြျဖစ္ကုန္ၿပီး ​ေဟာ္ခြၽီလက္ထဲကစာ႐ြက္ကို တစ္ခ်ိန္တည္း ၾကည့္လိုက္ေတာ့သည္။

​ေဟာ္ယုံမွာ အႏုပညာ​ေဖ်ာ္​ေျဖ​ေရးကုမၸဏီဖြင့္ထားလို႔ တခ်က္ၾကည့္႐ုံမွ်နဲ႔ ထိုအရာက လူ​ေ႐ြးခ်ယ္ပြဲနံပတ္စဥ္မွန္း တန္းသိလိုက္သည္။

ဒါတင္မက​ေသး​ေပ..Star Light ​ေဖ်ာ္​ေျဖေရးကုမၸဏီလို႔ သ​ေဘာရတဲ့ အမွတ္သကၤတေလးက ယြီခ်င့္ဟြမ္ဆိုတဲ့နာမည္​ေအာက္တြင္ ေဖာ္ျပထား​ေလသည္။

ထိုအရာက ဤသူမွာသူ႔ကုမၸဏီလက္​ေအာက္ကဆိုတာကိုသက္​ေသျပလို႔​ေန၏။

သူတို႔ညီငယ္​ေလးက ဒီလူကိုဘယ္မွာသိလာပါ
လိမ့္..? ျဖစ္ႏိုင္တာက ဒီလူက ညီငယ္ေလးရဲ႕ ​ေနာက္ခံကိုသိလို႔ တမင္တကာရည္႐ြယ္ခ်က္ရွိရွိ ခ်ဥ္းကပ္ လာတာမ်ားလား...?

မ်က္​ေတာင္တခတ္အခ်ိန္​ေလးတြင္းမွာပဲ ​ေဟာ္ယုံ
ဦး​ေႏွာက္က ဇာတ္လမ္းဇာတ္ကြက္မ်ိဳးစုံကို ပုံ​ေဖာ္​ေနၿပီး ​ေဟာ္က်န္းကို သူသိသ​ေလာက္​မွတ္သ​ေလာက္ ေျပာျပလိုက္သည္။

​ေဟာ္က်န္းမွာ စူးစူးစိုက္စိုက္နဲ႔ ဒီစာ႐ြက္ရဲ႕​ေနာက္ခံဇာတ္​ေၾကာင္းကို ပုံ​ေဖာ္လို႔ေနသည္။

ကံမ​ေကာင္းတာက ​ေဟာ္ခြၽီဆိုတာတခုခုကို သူလိုသုံးၿပီးတာနဲ႔ ပစ္ထုတ္တက္သူျဖစ္ရာ သူသိခ်င္တာ သိသြားတာႏွင့္ သူ႔အကိုႏွစ္​ေယာက္လုံးအား လုံးဝကို အ​ေရးတယူမလုပ္​ေတာ့​ေပ။

​ေဟာ္ခြၽီမွာ သူ႔အကို​ေတြရဲ႕ စူးစမ္းေနတဲ့အၾကည့္​ေတြကိုလစ္လ်ဳရႈလို႔  အခန္းတံခါးကိုဘန္းခနဲ​ေန​ေအာင္ပိတ္လိုက္​ေတာ့သည္။

ထို႔​ေနာက္ေခါင္း​ေလးကိုငုံ႔လို႔ နံပတ္​စဥ္ေလးကို ဖြဖြေလးနဲ႔ဂ႐ုတစိုက္​ေလးပြတ္သပ္လို႔​ေန​ေလသည္။
သူဘာ​​ေတြေတြး​ေနတယ္ဆိုတာ လုံးဝမသိႏိုင္​ေပ။

အျခားတဖက္တြင္ ယြီခ်င့္ဟြမ္က​ေတာ့  အမဲသား​ေခါက္ဆြဲတစ္ပန္ကန္ႀကီးကို အျပင္မွာ
ဝါးတီးဆြဲလို႔​ေနၿပီး စားလို႔ၿပီးခါမွကုမၸဏီသို႔ျပန္သြား​ေလ၏။

ယြီရွင္းမွာအ​ေစာကတည္းက ယြီခ်င့္ဟြမ္အား ​ေစာင့္ဆိုင္းေနတာျဖစ္သည္။

ယြီခ်င့္ဟြမ္အားျမင္လိုက္သည္ႏွင့္တၿပိဳင္နက္ သူ႔ဆီတန္း​ေလွ်ာက္သြားၿပီး ဇာတ္ၫႊန္းထူထူႀကီးတအုပ္ကို လက္ထဲထိုးထည့္လိုက္ေလ၏။

"မင္း​ေနာက္ဆုံး​ေတာ့ ျပန္​ေရာက္လာၿပီ....ငါ​ေစာင့္​ေနတာ ​ေန႔တဝက္​ေတာင္က်ိဳးေတာ့မယ္...ဒါက ဒါ႐ိုက္တာလ်ိဳေပးသြားတဲ့ ဇာတ္ၫြန္း ..ေသခ်ာ​ေလး​ ေလ့က်င့္​ေခ်​... "

"​ေကာ ကြၽန္​ေတာ့ကို သတိ​ေပး​ေနတာ အ​ေခါက္​ေပါင္း မနည္း​ေတာ့ဘူး...."

ယြီခ်င့္ဟြမ္မွာ ဇာတ္ၫႊန္းကိုယူလို႔ ဆိုဖာဆီ​ေလွ်ာက္သြားၿပီး အားမရွိ​သလိုေျဖလိုက္သည္။

"ဒါ မင္း​ေကာင္းဖို႔အတြက္ပဲ​ေလ...!"

ယြီရွင္းက ယြီခ်င့္ဟြမ္ရဲ႕ေခါင္း​ေနာက္ကို႐ိုက္ဖို႔ လက္​ေျမႇာက္လိုက္​ေသာ္လည္း ယြီခ်င့္ဟြမ္က ၿပဳံးၿဖဲၿဖဲလုပ္ၿပီးေရွာင္ကြင္းလိုက္ႏိုင္သည္။ ယြီရွင္းမွာ ကူကယ္ရာမဲ့သလို ခံစားလိုက္ရ​ေတာ့၏။

"ငါ​ေျပာမယ္ တျခားသူသာဆိုရင္ ဒီလိုအခြင့္အ​ေရး​ေကာင္းမ်ိဳးရရင္ ​ေပ်ာ္လြန္းလို႔ ​ေပါက္ကြဲထြက္သြားမွာၾကာလွၿပီ... ဒါ​ေပမယ့္ မင္းက​ေတာ့ ဘယ္လိုတုံ႔ျပန္မႈ​ေလး​တခုေတာင္မွရွိမ​ေနဘူး"

သိသာထင္ရွားတာက လူ​ေ႐ြးပြဲမတိုင္ခင္က​ေတာ့ ဒီလူငယ္​ေလးက ေသခ်ာ​ေပါက္ လက္သီး​ေတြဆုပ္လိုက္ လက္ဖဝါး​ေတြပြတ္လိုက္ တခ်ီတည္းအပိုင္ကိုင္မယ္ စိတ္အားထက္သန္ေနတာပင္...

ဒါ​ေပမယ့္ လူ​ေ႐ြး​ပြဲၿပီးသြားတာနဲ႔တၿပိဳင္နက္ သူ႔တ​ေယာက္တည္း စိတ္​ေအးသက္သာျဖစ္လို႔​ေန​ေပ၏။ 

"ဘာပဲျဖစ္ျဖစ္ ရလဒ္ကဒီလိုထြက္လာ​​ေနၿပီပဲ ​ေပ်ာ္ေပ်ာ္မ​ေပ်ာ္​​ေပ်ာ္ မထူးျခားနားပါဘူး..."

ယြီခ်င့္ဟြမ္မွာ သူ႔ထီလက္မွတ္ႏွစ္​ေစာင္အား အိတ္ကပ္ထဲကထုတ္လို႔ ​ေကာ္ဖီစားပြဲ​ေပၚသို႔ ဘန္းခနဲ​ေန​ေအာင္ ႐ိုက္ခ်လိုက္တယ္။

"​ေကာ တကယ္လို႔မ်ား ကြၽန္​ေတာ့္ထီလက္မွတ္သာ ငါးသန္းစုေပါက္ခဲ့ရင္ ကြၽန္​ေတာ္ခင္ဗ်ားကို ကြၽန္​ေတာ့ ကိုယ္ပိုင္မန္​ေနဂ်ာအျဖစ္​ေ႐ြးမယ္"

"​ေတာ္ပါ​ေတာ့ကြာ ဟုတ္လား"

ယြီရွင္းက မ်က္လုံးမ်ားကို​ေစြ​ေစာင္းပီး​ေျပာလိုက္သည္။

"ငါးသန္းဆိုတာ ဘယ္​ေလာက္မို႔လို႔လဲ...? မင္းသိဖို႔က မင္းလို အလားအလာ​​ေကာင္းေတြနဲ႔ သူ​ေတြက TV ဒရမ္မာ တခုနဲ႔​ေတာင္ သန္းတခ်ိဳ႕ရ​ေနႏိုင္တာ...ထီအ​ေပၚမွီခို​ေနမယ့္အစား သ႐ုပ္​ေဆာင္ အလုပ္ကိုသာ ​​ေသခ်ာ​ေလးေဇာက္ခ်လုပ္ပါ့လား..."

သို႔​ေသာ္လည္းယြီရွင္းရင္ထဲ​မွာေတာ့အတန္ငယ္​ေလး
ထိရွသြားသည္။

ဒီက​ေလးကသူ႔မ်က္ႏွာ​ေပၚမွာမ​ေဖာ္ျပထားေပမယ့္ သူ႔အ​ေပၚ​ ေကာင္းထားတဲ့သူဆိုရင္ သူႏွလုံးသားက ျပတ္ျပတ္သားသားကိုအမွတ္သညာထားေလသည္။

ယြီရွင္းမွာေျပာ​ေနရင္းလက္စ တစုံတရာကို႐ုတ္တရက္သတိရသြားၿပီး သူ႔​ေခါင္းသူျပန္ပုတ္မိလိုက္ၿပီးလွ်င္

"မင္းေၾကာင့္ စကားလမ္း​ေၾကာင္းေတြ​လြဲကုန္ၿပီး ​ေမ့ေတာ့မလို႔...မနက္ျဖန္ ငါနဲ႔တူတူတ​စ္ေနရာကို ခဏ​တျဖဳတ္ေလာက္ သြားရ​ေအာင္...မင္းရဲ႕ ပြဲဦးထြက္အတြက္ 'Hua Da's Xiao Cao' ​ေခါင္းစဥ္​ကို ေ႐ြးထားတယ္...."

T/N; Hua Da ---university abbreviation  ; Xiao Cao----the most handsome man in school  # တကၠသိုလ္မွာ အ​ေခ်ာဆုံးအမိုက္ဆုံးကို ​ေျပာတာပါ ဥပမာ​ေပးရရင္ တို႔​ေတြႏိုင္ငံမွာဆို King ေတြ​ေပါ့....#

"မသြားလို႔မရဘူးလား...."

ယြီခ်င့္ဟြမ္မ်က္လုံး​​ေတြက စိတ္မပါလက္မပါ ခံစားခ်က္မရွိၾကည့္လို႔ေနသည္။

အမွည့္လြန္သခြားသီးအား အစိမ္း​ေရာင္ဆိုးထား​ေသာ (ငယ္႐ြယ္ခ်င္​ေယာင္​ေဆာင္ထား​ေသာ) သူ႔လိုလူက Xiao Cao ပုံစံနဲ႔ ​ေစ်းကြက္ဆင္းရမွာ သူ႔အား မ်က္ႏွာပူလာ​ေစသည္။

"မရဘူး..."

ယြီရွင္းရဲ႕ဆုံးျဖတ္ခ်က္က တစ္ရာရာခိုင္ႏႈန္းခိုင္မာျပတ္သား​လို႔ေနသည္။

ယြီခ်င့္ဟြမ္အားျငင္းဆိုဖို႔အခြင့္အ​ေရးလုံးဝမ​ေပးေတာ့ဘဲ ​ေစာ​ေစာအိပ္ရန္တိုက္တြန္းကာ သူကမတ္တပ္ရပ္ထြက္ခြာသြား​ေလ​ေတာ့သည္။

ယြီရွင္းထြက္ခြာသြားတာႏွင့္ ယြီခ်င့္ဟြမ္မွာ ဆိုဖာ​ေပၚမွာထိုင္လို႔ အၾကာႀကီးစဥ္းစားခန္းဖြင့္​ေနသည္။

သူ႔ရဲအတိတ္ဘဝမွာ​ေတာ့ ဒီလိုအရာမ်ိဳးမ​ေတြ႕ႀကဳံခဲ့​ေပ။ လူ​ေ႐ြးပြဲမွာေ႐ြးခ်ယ္ခံလိုက္ရသည္ႏွင့္တၿပိဳင္နက္ သူ႔ရဲ႕လမ္း​ေၾကာင္းက အရင္ဘဝနဲ႔ ပို၍ေသြဖီကြဲျပားသြား​ေတာ့မည္ထင္ရ၏။

သူဟာအႏုပညာ​ေလာကမွာထပ္ၿပီးမက်င္လည္ခ်င္​ေတာ့​ေပမယ့္ တခ်ိဳ႕​ေသာအရာ​ေတြမွာ သူ႔ဆႏၵအ​ေလ်ာက္ထိန္းခ်ဳပ္ႏိုင္ဖို႔ျငင္းဆန္​ေနသည္။

ယြီခ်င့္ဟြမ္မွာ အတန္ငယ္ကိုက္ခဲ​ေန​ေသာ​ေခါင္းအားပြတ္လို႔ ရႈပ္ေထြး​ေန​ေသာအ​ေတြး​ေတြအား ​ေခါင္းထဲက စြန္႔ထုတ္ပစ္လိုက္​ေတာ့သည္။

ထားလိုက္​ပါေတာ့ တ​လွမ္းတလွမ္းခ်င္းစီသြားတာ​ေပါ့​ေလ.......။

​ေနာက္တ​ေန႔မနက္​ေစာ​ေစာေရာက္​​ေသာ္ ယြီခ်င့္ဟြမ္မွာ သူ႔အသိုက္ထဲက​ေနဆြဲထုတ္ခံလိုက္ရ​ေပသည္။

ထို႔​ေနာက္တြင္ ယြီရွင္းႀကိဳတင္ျပင္​ဆင္ေပးထားတဲ့ အက်ီအားဝတ္လို႔ ရီ​ေဝ​ေဝမ်က္လုံး​ေတြနဲ႔ ​ေက်ာင္းသို႔​ေရာက္သြား​ေတာ့သည္။

ေရာက္​ေရာက္ခ်င္းမွာပဲ ေကာင္းယြင္ခ်န္နဲ႔သူ႔မန္​ေနဂ်ာတို႔ႏွင့္တိုး​ေလေတာ့သည္။

ႏွစ္ဖက္စလုံးမွာကင္မရာနဲ႔လက္​ေထာက္ေတြ ​ေနာက္က​ေနတသီတတန္းႀကီးလိုက္​ေနၾကၿပီး ဘာလုပ္​ေနမွန္းမသိ​ရေပ။

ေကာင္းယြင္ခ်န္မွာ ယြီခ်င့္ဟြမ္ထက္ ၂ ႏွစ္​ေစာကာ ပြဲဦးထြက္ခဲ့ၿပီး အရည္အခ်င္းမဆိုးဘဲ Idol drama ၂ ကားမွာ ပါဝင္သ႐ုပ္​ေဆာင္ခဲ့သည္။

သူ႔ရဲ႕မန္​ေနဂ်ာက​ေတာ့ ​ေကာင္းယြင္ခ်န္ကို ႐ိုးသား​ေျဖာင့္မတ္တဲ့ပုံရိပ္​ေဖာ္ထားေလသည္။

ဒါ​ေပမယ့္ Weiboမွာ​ေတာ့ အတန္ငယ္သာျဖစ္ၿပီး ေပၚျပဴလာမျဖစ္​ေပ။

ေကာင္းယြင္ခ်န္က 'The line of life and death' မွာ တတိယဇာတ္ေကာင္ေနရာ ဝင္​ေရာက္​ေ႐ြးခ်ယ္ခံဖို႔သြား​ေရာက္ခဲ့သည္။

ဒါ​ေပမယ့္အ​ေျခအ​ေနက​ေတာ့ သူ႔အ​ေနနဲ႔ စကား​ေလးအနည္းငယ္ေလာက္သာ​ေျပာအၿပီး ဒါ႐ိုက္တာလ်ိဳရဲ႕ကန္ထုတ္ျခင္းခံခဲ့ရတာပင္။

ဒါ​ေၾကာင့္သာ ယြီခ်င့္ဟြမ္လူ​ေ႐ြးပြဲ​ေအာင္ျမင္သြားတယ္ဆိုတာၾကားသိလိုက္ရတဲ့​ေနာက္ သူ႔​ေဒါသကိုသူခ်ဳပ္တီးမထားႏိုင္​ေတာ့ေပ။

သူဟာ Star light က ရာထူးျမင့္သူအနည္းငယ္ႏွင့္ မရွင္းမလင္းဆက္ဆံ​ေရးမ်ိဳးရွိတာ​ေၾကာင့္ ယြီရွင္း ယြီခ်င့္ဟြမ္ကိုေပးခဲ့တဲ့အလုပ္နဲ႔ပတ္သက္ၿပီး ပထမဦးဆုံး သိထား၏။

ယြီခ်င့္ဟြမ္အားအဆင္မ​ေျပျဖစ္​ေစဖို႔ သူကမနက္အ​ေစာႀကီး အားခ်င္း​ေျပးေက်ာင္းကိုဓါတ္ပုံ႐ိုက္ဖို႔
​ေရာက္လာခဲ့တာျဖစ္​ေပသည္။

ကြၽမ္းက်င္ပညာရွင္​ေတြကဓါတ္ပုံကိုေကာင္းမြန္​ေအာင္ အ​ေခ်ာသတ္ျပင္ဆင္ၿပီးတာနဲ႔တၿပိဳင္နက္ေကာင္းယြင္ခ်န္က Weibo မွာခ်က္ခ်င္း​ေကာက္တင္လိုက္သည္။

ထို႔​ေနာက္ National Handsome Manဆိုတဲ့ ​ေခါင္းစဥ္က 'ဟစ္' ျဖစ္လာ​ေတာ့၏။

"ဓါတ္ပုံ႐ိုက္သြားဖို႔လား......"

ေကာင္းယြင္ခ်န္မွာ အက်အန​ေသခ်ာပုံသြင္းထား​ေသာဆံပင္နက္နက္ ​ေအးတိ​ေအးစက္အမူအရာတို႔ျဖင့္ ယြီခ်င့္ဟြမ္အားၾကည့္လို႔​ေနသည္။

"ဒီမနက္ Weibo မဖြင့္ၾကည့္ရ​ေသးဘူး​ေပါ့....

အသိုင္းအဝိုင္းက်ဥ္းက်ဥ္း​ေလးကလူ​ေတြက အျမင္ပါတယ္က်ဥ္းတယ္ကို... သူမ်ားစားၿပီးသားအႂကြင္းအက်န္​ေတြလည္း ​ေကာက္စားတက္တာပဲ...."

ယြီရွင္းက ထိုစကားကိုၾကားလိုက္​ေတာ့ တခုခု​ေတာ့ ျဖစ္​ေနၿပီဆိုတာ ခ်က္ခ်င္းသိလိုက္သည္။

သူဟာခ်က္ခ်င္းပဲ တုန္တုန္ယင္ယင္နဲ႔ဖုန္းကိုဖြင့္ၾကည့္လိုက္​​ေသာ္ သူ႔ရဲ႕ ဒြာရ ၇ ႏွစ္​ေပါက္က​ေန မီးခိုး​ေတြ ထြက္လာသည္အထိ အရမ္းကိုစိတ္ဆိုး​ေဒါသထြက္သြားရ​ေတာ့သည္။

ယြီရွင္းမွာ ေကာင္းယြင္ခ်န္နဲ႔သူ႔အဖြဲသား​ေတြက ဒီလိုလုပ္ရပ္မ်ိဳးလုပ္မယ္ဆိုတာကို မထင္ထားခဲ့​ေပ။

အခုခ်ိန္ Weibo ​ေနရာတိုင္းမွာ ေကာင္းယြင္ခ်န္ National Handsome man ဆိုပီး ​​ေဆြး​ေႏြး​ေနၾကသည္။

သူ႔အတြက္ ​ေၾကာ္ျငာ​ေတြေတာင္ ဝင္​ေနၾက​ေသး....!

ဒီလိုအကြက္မ်ိဳးကအရမ္း​ေျပာင္​ေျမာက္လွတာမဟုတ္​ေသာ္လည္း ဖားတ​ေကာင္ကေျခ​ေထာက္​ေပၚ တက္လာရင္မကိုက္ရင္​ေတာင္မွ ၿခိမ္း​ေျခာက္မႈ​ေတာ့​ေပးႏိုင္ေသးသလိုပင္!

ယြီခ်င့္ဟြမ္ကေတာ့ဘာမွ်ကို မခံစားရ​ေပ။ သူ႔အတိတ္ဘဝက ထိပ္ဆုံး​ေနရာမွာ ​လင္းလက္ေတာက္ပေနခဲ့​ေသာအခ်ိန္ကာလတြင္ ဒီ​ေလာကထဲ ေကာင္းယြင္ခ်န္ဆိုတဲ့လူ​ေတာင္ ရွိမ​ေန​ေပ။

သူသည္ေကာင္းယြင္ခ်န္အား မတုန္မလႈပ္အမူအရာနဲ႔ၾကည့္လို႔ မွတ္ခ်က္အသာ​ေလးျပဳလိုက္သည္။

"National Xiao Cao....?"

"ဘာလဲ......? မင္းပဲလုပ္လို႔ရတယ္.... တျခားသူ​ေတြလုပ္လို႔မရႏိုင္ဘူးလား....!

ေကာင္းယြင္ခ်န္မွာ ယြီခ်င့္ဟြမ္အားေဒါသထြက္​လာေအာင္ႏႈိးဆြတာေအာင္ျမင္သြားပီဟူ၍ မွတ္ယူလိုက္ၿပီး သူ႔မ်က္လုံး​ေတြကေစာ္ကား​ေမာ္ကားမႈ​ေတြအျပည့္ျဖင့္ ​ေမး​ေစ့အားမာန္ပါပါပင့္တင္ထားေလသည္။

ယြီခ်င့္ဟြမ္က ဂ႐ု​ေတာင္မစိုက္ဘဲ သူ႔​လက္ကိုလႊဲခါလိုက္သည္။

"ရတာ​ေပါ့... ဒါ​ေပမယ့္ ငါ့ထင္တာ​ေတာ့ မင္း​ Weibo မွာ ေရးထားတာတ​ေနရာမွား​ေနသလိုပဲ..."

"ဘာ..? မွား​ေနတယ္...?"

ေကာင္းယြင္ခ်န္မွာ ယြီခ်င့္ဟြမ္ေျပာတာကိုၾကားလိုက္သည္ႏွင့္ အလန္႔တၾကားျဖစ္လို႔သြား၏။ သူဟာ ခ်က္ခ်င္းပဲဖုန္းကိုထုတ္ယူလိုက္ၿပီး ခပ္ျမန္ျမန္​ေသခ်ာ​ေလးျပန္ဖတ္ၾကည့္​ေနသည္။

စာ႐ိုက္လြဲတာလည္း မရွိဘူး....။မသင့္​ေတာ္တာ​ေတြလည္းမ​ေတြ႕ဘူး....။ လူတိုင္းကသူ၏ ခပ္မိုက္မိုက္ပုံစံကို ခ်ီးက်ဴး​ေနၾကသည္။

ေကာင္းယြင္ခ်န္က ေဒါသတႀကီးေခါင္းကိုျပန္​ေမာ့လာသည္။

သူကယြီခ်င့္ဟြမ္၏ နိမ့္ပါးလွ​ေသာသည္းခံႏိုင္စြမ္းရည္ကို ေလွာင္​ေျပာင္သ​ေရာ္ဖို႔ ​ေတြးလိုက္စဥ္မွာပဲ ယြီခ်င့္ဟြမ္ စိတ္​ေအးလက္​ေအး​ေျပာလာတာကို ၾကားလိုက္ရသည္။

"ဒီမွာ​ေတြ႕လား Hua Da Xiao Cao[华大校草(school)လို႔​ေရးထားတယ္...မင္းက Da Ji Yuan[大妓院] က​ေန ​ေက်ာင္းၿပီးတာမဟုတ္လား? မင္းရဲ႕ အဖြဲ႕သားေတြက ကိစၥ​ေတြကိုဘယ္လိုကိုင္တြယ္​ေနတာလဲ ​ေက်ာင္း​ေတာင္မွားတယ္ဆို​ေတာ့....."

T/N: 华大校草 (Hua Da Xiao Cao): 小草, Xiao Cao means the most handsome man in school. Both 小 and 校 sounds alike thus the play on word.]

ယြီခ်င့္ဟြမ္ေျပာတာ မမွား​ေပ။ ေကာင္းယြင္ခ်န္မွာတကယ့္ကို Da Ji Yuan[大妓院] က​ေန​ေက်ာင္းၿပီးတာျဖစ္သည္။

[T/N: 大安职业技术学院 (Da An Zhi Ye Ji Shu Xue Yuan): Da An Vocational Skill Academy. Its abbreviation: 大技院 (Da Zhi Yuan) is a play on word.
大技院 (Da Zhi Yuan) and 大妓院 (Da Ji Yuan) pinyin အသံထြက္တူပါတယ္။
大技院 (Da Zhi Yuan) က Big Vocational Academy ​ေက်ာင္းလို႔ အဓိပၸါယ္ရွိၿပီး
大妓院 (Da Ji Yuan) က​ေတာ့  Big Brothel.. အ​ေပ်ာ္​ေဂဟာလို႔ အဓိပၸါယ္ရပါတယ္]

​ေကာင္းယြင္ခ်န္:  "....."

မင္းကမွအ​ေပ်ာ္​ေဂဟာက​ေန​​ေက်ာင္းၿပီးတာ မင္းတို႔တအိမ္သားလုံးလည္း အ​ေပ်ာ္​ေဂဟာက​ေနပဲ ​ေက်ာင္းၿပီးတာပဲ!

သူဟာသူ႔ကိုယ္သူငတုံးတ​ေယာက္လို ခံစားလိုက္ရ၏။စကားလုံး​ေတြ၏ သိမ္​ေမြ႕​ေသာလွည့္ကြက္ကိုေတာင္ ႀကိဳမျမင္ခဲ့လို႔ပင္!
.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,.,

T/N ခရစ္စမတ္ေန႔​ေလး အမွတ္တရျဖစ္​ေအာင္တင္​ေပးလိုက္တယ္​ေနာ္

English က​ေန ဘာသာျပန္တာမို႔ တခ်ိဳ႕တ႐ုတ္အသုံးအႏႈန္း​ေလး​ေတြပါလာရင္ ဘာသာျပန္ရတာ တ႐ုတ္စာမတက္တဲ့​ေဝၚ​ေလး တကယ္ခက္ခဲပါတယ္  ဖလုတို႔ 😭 မွား​ေနရင္ ​ေသြ႕ပုခ်ိ

သတိထားမိသူရွိမလား မသိ​ေပမယ့္ ML မ်ိဳး႐ိုးက Huo ပါ တို႔​ေရးတာ ​ေဟာ့ ဟုတ္ ဟုန္ ျဖစ္လိုက္ျဖစ္​ေနတယ္ ဘယ္ဟာ​ေလး အနီးစပ္ဆုံးအဆင္​ေျပလဲ ​ေ႐ြး​ေနတာ ခုထိစိတ္ပိုင္းမျဖတ္ရ​ေသးလို႔ပါ
ကူ​ေ႐ြး​ေပးၾကပါဦး

Continue Reading

You'll Also Like

10K 1.3K 6
ရွမ်ယန် တစ်ယောက် အလုပ်သစ်ရတော့ သူ့ဥက္ကဋ္ဌကို အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့် သူဌေးတစ်ယောက်၊ အထူးသဖြင့် Mary Sue တစ်ယောက်လိုဖြစ်လိမ့်မယ်လို့ မှန်းထားခဲ...
597K 99.6K 66
Myanmar translation (ျမန္မာဘာသာျပန္) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
6.6M 432K 94
Hanary Victor + Loon Tar Nay San
48.3K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...