အစိမ်းရင့်ရောင် စာမျက်နှာ { C...

By Nova_Danica

58.9K 5.5K 1.2K

ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်... More

📌
Start with Name 1
Start with Name 2
Start with Name 3
Notification or Song 1
Notification or Song 2
Notification or Song 3
Notification or Song 5
Remember me 1
Remember me 2
Remember me 3
Do I miss something? 1
Do I miss something? 2
Do I miss something? 3
Do I miss something? 4
I know them friendly! 1
I know them friendly! 2
I know them friendly! 3
Say you love me 1
Say you love me 2
Say you love me 3
We are still together 1
We are still together 2
We are still together 3
Before he saw 1
Before he saw 2
Before he saw 3
I lost him this way!
Into the Dark 1
Into the Dark 2
Into the Dark 3
Do you wanna save me? 1
Do you wanna save me? 2
Do you wanna save me? 3
Let's leave the dark green page
Love ya boy...
Extra - 1
Extra - 2 (Unicode)
Extra - 2 (Zawgyi)
Happy Thadingyut 1/ Unicode
Happy Thadingyut 1/ Zawgyi
Happy Thadingyut 2/ Unicode
Happy Thadingyut 2/ Zawgyi
Leon has a Question!

Notification or Song 4

1.1K 156 56
By Nova_Danica

[Unicode]

"သောင်ယံ သောင်ယံဦး"

မိမိနာမည်အား ကျယ်လောင်စွာ အော်ခေါ်နေသောကြောင့် သောင်ယံ ပြတင်းပေါက်၀နား လျှောက်သွားကာ ခြံရှေ့သို့ မျှော်ကြည့်လိုက်သည်။ ၀ဏ္ဏနှင့်ကျော်ထင်တို့ ညီအစ်ကိုဖြစ်ပြီး အ၀တ်အစားများကလည်း တွန့်ကြေနေကြ၏။ သူ့ကို မြင်သွားလျှင် အပြင်ထွက်လာရန် လက်ဟန်ခြေဟန်နှင့် အချက်လှမ်းပြသည်။

"ဘာလဲ။ မင်းတို့ပုံတွေက ဘာဖြစ်လာကြတာလဲကွ"

"လာ ! ဒီနား တိုးစမ်းပါ"

ခြံ၀၌တင် ရပ်နေသော သူ့အား အားမလို အားမရဟန်ဖြင့် ကျော်ထင်က စက်ဘီးပေါ်မှ ခုန်ချကာ အနားကပ်လာသည်။ တောင်ကြည့်၊ မြောက်ကြည့် ကြည့်လိုက်ပြီးနောက် ပါးစပ်နားကို လက်ကာကာ တိုးတိုးလေး ဆို၏။

"ကိုလတ်တို့ ရန်ဖြစ်ကြလို့"

"ဘယ်လို ?"

ကြားရတဲ့ သတင်းက ထူးဆန်းနေသည့်အပြင် ကိုလတ်ဆိုတော့ အံ့ဩသွားရသည်။ ကိုလတ်က ပြောင်ချော်ချော် နေတတ်သော်လည်း ရန်ဖြစ်ခြင်း ကိစ္စဟူသည် မရှိသလောက် ရှား၏။ ကျောင်းရှိ လူတော်တော်များများက ကိုလတ်ကို ဝိုင်းချစ်ကြသည်မို့ သူတောင် အားကျနေရသည်ပင်။

"ကိုလတ် ! ဘယ်သူနဲ့လဲ"

"သူ ကြိုက်နေတဲ့ အစ်မကြီး ရည်းစားနဲ့။ ငါတို့တော့ ဖျန်ဖြေပြီး လူခွဲခဲ့တာပဲ။ နည်းနည်း ထိသွားတာမို့ မင်း ဆေးလေးဝါးလေး ယူပြီး သွားလိုက်ဦး ဟေ့ရောင်"

သောင်ယံ မျက်မှောင်ကြုတ်ကာ မေးခွန်း ပြန်ထုတ်လိုက်သည်။

"မင်းတို့က တစ်ခါတည်း ခေါ်မလာဘဲနဲ့။ သူ တစ်ယောက်တည်း ထားခဲ့ရလား"

၀ဏ္ဏက သူ့စကားကြောင့် ကျစ်ခနဲ စုတ်သပ်သည်။

"ဒီကို တန်းခေါ်လာလို့ ဘယ်ဖြစ်မလဲကွ။ ပြီးတော့ ဖေကြီး အပြင်သွားနေတုန်း ငါတို့က ခိုးထွက်လာရတာ။ ကြာနေရင် အိမ်ပြန်ရောက်တော့ အဆူခံရဦးမယ်"

သူတို့အဖေအကြောင်း သိသည်မို့ သောင်ယံ ခေါင်းညိတ်လိုက်သည်။

"အေးအေး ငါ သွားလိုက်မယ်။ မင်းတို့ မြန်မြန်ပြန်"

သုတ်ခြေတင်ကာ နင်းသွားသောစက်ဘီးကို ရပ်ကြည့်မနေနိုင်ဘဲ အိမ်ထဲသို့ ပြန်ပြေး၀င်လာခဲ့သည်။ ဧည့်ခန်းထဲရှိ စာအုပ်စင် အပေါ်ထပ်က ဆေးအိတ်ထဲသို့ လက်နှိုက်လိုက်ပြီးနောက်တွင် ကျောင်းလွယ်အိတ်ထဲသို့ ထိုအရာများကို ခိုးထည့်လိုက်၏။

တိုင်ကပ်နာရီက ၁၂ နာရီထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့ကြောင်း ညွှန်ပြနေသည်။ ကိုလတ် ခုထိ ထမင်းမစားရသေးဟု သူထင်မိသောကြောင့် ကြောင်အိမ်ပေါ်မှ ငှက်ပျောတစ်ဖီးကိုပါ ဆွဲယူကာ လွယ်အိတ်ထဲသို့ ထပ်ထည့်လိုက်သည်။

"မေမေ မေမေရေ။ ကိုလတ်က သူ့ကိုလာခေါ်ပါဆိုလို့ သွားလိုက်ဦးမယ်"

"အေးအေး ဦးထုပ် ဆောင်းသွားဦး။ ဒီကလေးက နေ့လည်ခင်းကြီး အိမ် မနေဘဲ ဘယ်တွေ လျှောက်သွားနေတာလဲကွဲ့"

"မသိဘူး။ သားသွားပြီ"

ဘောလုံးကွင်းရှိရာသို့ ဦးတည်နေသော စက်ဘီးလေးသည် လေဟုန်ကို ခွင်းကာ အပြင်းအထန် သွားနေသကဲ့သို့ သူ့စိတ်ထဲတွင်လည်း ပူပန်မှုများနှင့် ဗလောင်ဆူနေသည်။

ကျော်ထင်တို့ ပြန်သွားကာမှ ဟိုအစ်ကိုတွေ ပြန်လာခဲ့လျှင် ကိုလတ် တစ်ယောက်တည်း ဘယ်လိုလုပ်ပါ့မလဲ။ ဒဏ်ရာကရော တော်တော်များသည်လား။ ထိုမျက်နှာနှင့်သာ အိမ်ပြန်လာလျှင် ဦးကျော်ဆွေ၏ အထုအထောင်းခံရမှာလည်း မလွဲဧကန်။ စိုးရိမ်စိတ်ကြောင့် စက်ဘီးကို စက်တပ်ထားသလိုပင် နင်းနေမိ၏။

"ကိုလတ် ကိုလတ် ! တော်တော် များလား"

သစ်မြစ်ကို မှီကာ ထိုင်နေစဉ် စက်ဘီးအား အလျင်စလို ဒေါက်ထောက်ကာ အပြေးမေးလာသူကြောင့် လွမ်းလတ်နောင် ပြုံးမိသွားသည်။

"နည်းနည်းပါ။ သေတော့ မသေသေးဘူး"

"သေရင်လည်း မင်းကို ငါ အစိတ်စိတ်၊ အပိုင်းပိုင်းလုပ်ပြီး ဝိညာဉ်ကိုပါ သွားစရာ ဘုံမရှိအောင် လုပ်ပစ်တယ်။ သူများရည်းစားရှိမှန်း သိသိကြီးနဲ့ ဒီလောက်တောင်ပဲ မင်းစွဲလမ်းနေရလား"

ရောက်ရောက်ချင်း ပြောလာသော ဆူစကားကြောင့် လွမ်းလတ်နောင် ခေါင်းကုတ်မိရသည်။

"မစွဲလမ်းပါဘူးကွ။ ငါက လက်လျှော့ထားတာ ကြာပြီ။ အဲ့ဒါကို သူ့ဘဲကြီးက သက်သက် လာစိန်ခေါ်...။ အ...! နာတယ်...။ ဖြေးဖြေးလုပ် သောင်ယံရ"

မျက်နှာ အနှံ့အပြားပေါ်သို့ ရောက်ရှိလာသော ဆေးများကြောင့် လွမ်းလတ်နောင် မျက်နှာတစ်ခုလုံးအား ရှုံ့မဲ့ထားမိသည်။ ‌လိမ်းရ အဆင်ပြေစေရန် မော့ပေးထားရသဖြင့် အပေါ်မှ ငုံ့မိုးနေသော သောင်ယံ့မျက်နှာအား နီးနီးကပ်ကပ် မြင်တွေ့နေရ၏။

မျက်တောင်ကော့ကော့တို့ ရှိသည့် မျက်လုံးတွေက ဝိုင်းကာ ကြည်စင်သည်။ မွေးညင်းလေးတွေပင် မြင်နေရသောကြောင့် သောင်ယံ ဘယ်လောက် အသားဖြူမှန်း သိသာ၏။ အမှန်တကယ်တော့ မိခင်ဖြစ်သူထံမှ ရှမ်းသွေးပါသော သောင်ယံသည် ချောမောသည်ထက် လှပသည်ဟုပင် ဆိုနိုင်၏။

နီမြန်းနေသော နှုတ်ခမ်းမှာ မောဟိုက်မှုကြောင့် တဆတ်ဆတ် တုန်နေပြီး နဖူးပြင်မှ ချွေးစီးကြောင်းများကလည်း ပါးတစ်လျှောက်သို့ ဖြတ်သန်းသွားသည်။

"ဦး..."

"ဟမ် ?"

"ဦးရဲ့ပါးလေးက သိပ်လှတာပဲ။ ငါ နမ်းကြည့်လို့ ရမလား"

တောင်းဆိုမှု မဟုတ်သော ခပ်ဖွဖွ အနမ်းက အလင်းထက်ပင် လျင်မြန်လှသောကြောင့် သောင်ယံက မျက်လုံးလေး ဝိုင်းကာ ပါးစပ်ကလေးကလည်း ဟသွားသည်။

"ဖတ်...ဖတ်...! လွမ်းလတ်နောင် စိတ်ထိန်းဦး။ ငါသောင်ယံဦးနော်။ သီရိထက်ဦး မဟုတ်ဘူး။ ကြောင်တောင်တောင် လာမလုပ်နဲ့"

ချက်ချင်းပင် သောင်ယံက သူ့ပါးကို သူ လက်ဖဝါးတစ်ဖက်နှင့် ခပ်ကြမ်းကြမ်း သပ်ချရင်း ဆိုသည်။ လွမ်းလတ်နောက် အသံထွက်ကာ ရယ်မောလိုက်မိ၏။

"ဒီလောက် ကြမ်းတမ်းနေတဲ့သူက သီရိထက်ဦး ဖြစ်ပါ့မလား။ ဒီလောက်တော့ ငါ သိပါသေးတယ်ကွာ"

သောင်ယံက ဆေးဘူးကို ပြန်ထည့်ပြီးနောက် သူ့နံဘေး၌ ၀င်ထိုင်သည်။

"ဒါဆို စိတ်တော့ မှန်သေးသားပဲ။ ခုလောလောဆယ် အိမ်ပြန်လို့တော့ ရဦးမှာ မဟုတ်ဘူး။ မင်းဖေဖေသာ မင်းကို ဒီပုံစံနဲ့ မြင်ရင် အသေသတ်လိမ့်မယ်"

သောင်ယံ့စကားကြောင့် လွမ်းလတ်နောင် နည်းနည်းတော့ ဖြုံသွား၏။ အရိုက်မခံရတာ ကြာပြီမို့ နည်းနည်းကျောချမ်းသည်။

"အဲ့ဒါဆို ငါတို့ ဘာလုပ်နေကြမလဲ။ ဗိုက်က ဆာနေပြီ"

"ဗန္ဓုလ လုပ်ချင်မှတော့ အစာငတ်တော့ ခံလိုက်ဦး။ ဒီ ကွင်းပြောင်ပြောင်မှာ ကိုက်စားစရာ ညောင်ရွက်ပဲ ရှိတယ်"

လွမ်းလတ်နောင် နှုတ်ခမ်းစူလိုက်မိသည်။ သောင်ယံ့ပုခုံးပါ်သို့ ခေါင်းမှီချလိုက်ကာ လက်မောင်းတစ်ဖက်ကိုပါ ဆွဲကိုင်လှုပ်လိုက်၏။

"ဦးကလည်းကွာ...။ ဦး...! ဦးလို့ !"

ရွှတ်နောက်နောက် ဆိုလိုက်လျှင် သောင်ယံက မနေတတ်စွာ သူ့ကိုယ်လုံးအား အတင်း ပြန်တွန်းလွှတ်လာ၏။

"အသည်းယားစရာကြီး ! ဘာဖြစ်နေတာလဲ။ ပူရအိုက်ရတဲ့ အထဲ"

"မင်းမှာ စားစရာ တစ်ခုခု ပါတာ ငါသိတယ်နော်။ ကျွေးမှာလား ? မကျွေးဘူးလား ?"

"မင်းဆိုတဲ့ ကောင်ကလေ အထိုးခံရတာနဲ့ပဲ တန်တယ်သိလား။ ရော့..."

လွယ်အိတ်ထဲမှ ထွက်လာသော ငှက်ပျောသီးတစ်ဖီးကို လှမ်းယူလိုက်ပြီး ဆာလောင်နေသော ဗိုက်ထဲသို့ ခပ်မြန်မြန် ဖြည့်ထည့်လိုက်သည်။ ထိုအခါမှ လူက အနည်းငယ် နေသာထိုင်သာ ရှိသွားသလို ညစ်ညူးနေသော စိတ်ဟာလည်း အတန်ငယ် ကြည်လင်သွား၏။

‌လွမ်းလတ်နောင်...! ဒါသင်ခန်းစာပဲ။ အစားမတော်ရင် တစ်လုတ်၊ အသွားမ‌တော်ရင် တစ်လှမ်းကွ။ မင်း နောက် လှတာမက်ရင် နေ့လည်စာ ငတ်လိမ့်မယ်... မှတ်ထား။

အချိန် အတန်ကြာသွားပြီးနောက်တွင် ဘဲလ်ကလေး တတောင်တောင် ခေါက်ကာ ဦးကြီးတစ်ယောက်က သူတို့ကွင်းနားမှ ဖြတ်သန်းသွားလေသည်။ သေချာပေါက် ဖေဖေလည်း ဒီအချိန်လောက်ဆို ရုံးပြန်သွားလောက်ပြီ ဖြစ်ရမည်။ သောင်ယံကလည်း သူ့အတွေးကို ရိပ်မိဟန်် လှည့်ကြည့်လာသဖြင့် နှစ်ဦးလုံး ဖုန်ဖက်ခါကာ ထလိုက်ကြ၏။

"သောင်ယံ"

စက်ဘီးဂိုက်ကို ဆွဲလှည့်ရင်း လွမ်းလတ်နောင် ခေါ်လိုက်လျှင် သောင်ယံက မော့ကြည့်လာသည်။

"ဘာလဲ"

"ငါ မင်းကို ကတိပေးတယ်ကွာ။ နောက် ဘယ်သူ့ကိုမှ မကြိုက်တော့ဘူး"

သောင်ယံက အမူအရာ မပြောင်းလဲဘဲ စကားဆက်သည်။

"ယုံရချည်သေးရဲ့...။ မင်းလား မကြိုက်ဘဲ နေမှာ။ တစ်ပတ် ခံမလား စောင့်ကြည့်လိုက်ဦးမယ်"

"တကယ်ပါ ဆိုကွာ"

"အေးပါ...။ ငါက‌တော့ ဆေးလာထည့် မပေးနိုင်တော့ဘူးနော်”

စက်ဘီးပေါ်၌ ရယ်မောသံများက လွင့်ပျံသွားသည်။ သို့ရာတွင် ထိုလူငယ်လေးများ မသိသည်မှာ ထိုနေ့က မောင်လွမ်းလတ်နောင်၏ အဖေ နေ့တစ်၀က် အလုပ်ပိတ်သည်ကိုပင်။

TBC...

[Zawgyi]

"ေသာင္ယံ ေသာင္ယံဦး"

မိမိနာမည္အား က်ယ္ေလာင္စြာ ေအာ္ေခၚေနေသာေၾကာင့္ ေသာင္ယံ ျပတင္းေပါက္၀နား ေလွ်ာက္သြားကာ ၿခံေရွ႕သို႔ ေမွ်ာ္ၾကည့္လိုက္သည္။ ၀ဏၰႏွင့္ေက်ာ္ထင္တို႔ ညီအစ္ကိုျဖစ္ၿပီး အ၀တ္အစားမ်ားကလည္း တြန႔္ေၾကေနၾက၏။ သူ႕ကို ျမင္သြားလွ်င္ အျပင္ထြက္လာရန္ လက္ဟန္ေျခဟန္ႏွင့္ အခ်က္လွမ္းျပသည္။

"ဘာလဲ။ မင္းတို႔ပုံေတြက ဘာျဖစ္လာၾကတာလဲကြ"

"လာ ! ဒီနား တိုးစမ္းပါ"

ၿခံ၀၌တင္ ရပ္ေနေသာ သူ႕အား အားမလို အားမရဟန္ျဖင့္ ေက်ာ္ထင္က စက္ဘီးေပၚမွ ခုန္ခ်ကာ အနားကပ္လာသည္။ ေတာင္ၾကည့္၊ ေျမာက္ၾကည့္ ၾကည့္လိုက္ၿပီးေနာက္ ပါးစပ္နားကို လက္ကာကာ တိုးတိုးေလး ဆို၏။

"ကိုလတ္တို႔ ရန္ျဖစ္ၾကလို႔"

"ဘယ္လို ?"

ၾကားရတဲ့ သတင္းက ထူးဆန္းေနသည့္အျပင္ ကိုလတ္ဆိုေတာ့ အံ့ဩသြားရသည္။ ကိုလတ္က ေျပာင္ေခ်ာ္ေခ်ာ္ ေနတတ္ေသာ္လည္း ရန္ျဖစ္ျခင္း ကိစၥဟူသည္ မရွိသေလာက္ ရွား၏။ ေက်ာင္းရွိ လူေတာ္ေတာ္မ်ားမ်ားက ကိုလတ္ကို ဝိုင္းခ်စ္ၾကသည္မို႔ သူေတာင္ အားက်ေနရသည္ပင္။

"ကိုလတ္ ! ဘယ္သူနဲ႕လဲ"

"သူ ႀကိဳက္ေနတဲ့ အစ္မႀကီး ရည္းစားနဲ႕။ ငါတို႔ေတာ့ ဖ်န္ေျဖၿပီး လူခြဲခဲ့တာပဲ။ နည္းနည္း ထိသြားတာမို႔ မင္း ေဆးေလးဝါးေလး ယူၿပီး သြားလိုက္ဦး ေဟ့ေရာင္"

ေသာင္ယံ မ်က္ေမွာင္ၾကဳတ္ကာ ေမးခြန္း ျပန္ထုတ္လိုက္သည္။

"မင္းတို႔က တစ္ခါတည္း ေခၚမလာဘဲနဲ႕။ သူ တစ္ေယာက္တည္း ထားခဲ့ရလား"

၀ဏၰက သူ႕စကားေၾကာင့္ က်စ္ခနဲ စုတ္သပ္သည္။

"ဒီကို တန္းေခၚလာလို႔ ဘယ္ျဖစ္မလဲကြ။ ၿပီးေတာ့ ေဖႀကီး အျပင္သြားေနတုန္း ငါတို႔က ခိုးထြက္လာရတာ။ ၾကာေနရင္ အိမ္ျပန္ေရာက္ေတာ့ အဆူခံရဦးမယ္"

သူတို႔အေဖအေၾကာင္း သိသည္မို႔ ေသာင္ယံ ေခါင္းညိတ္လိုက္သည္။

"ေအးေအး ငါ သြားလိုက္မယ္။ မင္းတို႔ ျမန္ျမန္ျပန္"

သုတ္ေျခတင္ကာ နင္းသြားေသာစက္ဘီးကို ရပ္ၾကည့္မေနနိုင္ဘဲ အိမ္ထဲသို႔ ျပန္ေျပး၀င္လာခဲ့သည္။ ဧည့္ခန္းထဲရွိ စာအုပ္စင္ အေပၚထပ္က ေဆးအိတ္ထဲသို႔ လက္ႏွိုက္လိုက္ၿပီးေနာက္တြင္ ေက်ာင္းလြယ္အိတ္ထဲသို႔ ထိုအရာမ်ားကို ခိုးထည့္လိုက္၏။

တိုင္ကပ္နာရီက ၁၂ နာရီထိုးဖို႔ မိနစ္အနည္းငယ္သာ လိုေတာ့ေၾကာင္း ၫႊန္ျပေနသည္။ ကိုလတ္ ခုထိ ထမင္းမစားရေသးဟု သူထင္မိေသာေၾကာင့္ ေၾကာင္အိမ္ေပၚမွ ငွက္ေပ်ာတစ္ဖီးကိုပါ ဆြဲယူကာ လြယ္အိတ္ထဲသို႔ ထပ္ထည့္လိုက္သည္။

"ေမေမ ေမေမေရ။ ကိုလတ္က သူ႕ကိုလာေခၚပါဆိုလို႔ သြားလိုက္ဦးမယ္"

"ေအးေအး ဦးထုပ္ ေဆာင္းသြားဦး။ ဒီကေလးက ေန႕လည္ခင္းႀကီး အိမ္ မေနဘဲ ဘယ္ေတြ ေလွ်ာက္သြားေနတာလဲကြဲ႕"

"မသိဘူး။ သားသြားၿပီ"

ေဘာလုံးကြင္းရွိရာသို႔ ဦးတည္ေနေသာ စက္ဘီးေလးသည္ ေလဟုန္ကို ခြင္းကာ အျပင္းအထန္ သြားေနသကဲ့သို႔ သူ႕စိတ္ထဲတြင္လည္း ပူပန္မႈမ်ားႏွင့္ ဗေလာင္ဆူေနသည္။

ေက်ာ္ထင္တို႔ ျပန္သြားကာမွ ဟိုအစ္ကိုေတြ ျပန္လာခဲ့လွ်င္ ကိုလတ္ တစ္ေယာက္တည္း ဘယ္လိုလုပ္ပါ့မလဲ။ ဒဏ္ရာကေရာ ေတာ္ေတာ္မ်ားသည္လား။ ထိုမ်က္ႏွာႏွင့္သာ အိမ္ျပန္လာလွ်င္ ဦးေက်ာ္ေဆြ၏ အထုအေထာင္းခံရမွာလည္း မလြဲဧကန္။ စိုးရိမ္စိတ္ေၾကာင့္ စက္ဘီးကို စက္တပ္ထားသလိုပင္ နင္းေနမိ၏။

"ကိုလတ္ ကိုလတ္ ! ေတာ္ေတာ္ မ်ားလား"

သစ္ျမစ္ကို မွီကာ ထိုင္ေနစဥ္ စက္ဘီးအား အလ်င္စလို ေဒါက္ေထာက္ကာ အေျပးေမးလာသူေၾကာင့္ လြမ္းလတ္ေနာင္ ၿပဳံးမိသြားသည္။

"နည္းနည္းပါ။ ေသေတာ့ မေသေသးဘူး"

"ေသရင္လည္း မင္းကို ငါ အစိတ္စိတ္၊ အပိုင္းပိုင္းလုပ္ၿပီး ဝိညာဥ္ကိုပါ သြားစရာ ဘုံမရွိေအာင္ လုပ္ပစ္တယ္။ သူမ်ားရည္းစားရွိမွန္း သိသိႀကီးနဲ႕ ဒီေလာက္ေတာင္ပဲ မင္းစြဲလမ္းေနရလား"

ေရာက္ေရာက္ခ်င္း ေျပာလာေသာ ဆူစကားေၾကာင့္ လြမ္းလတ္ေနာင္ ေခါင္းကုတ္မိရသည္။

"မစြဲလမ္းပါဘူးကြ။ ငါက လက္ေလွ်ာ့ထားတာ ၾကာၿပီ။ အဲ့ဒါကို သူ႕ဘဲႀကီးက သက္သက္ လာစိန္ေခၚ...။ အ...! နာတယ္...။ ေျဖးေျဖးလုပ္ ေသာင္ယံရ"

မ်က္ႏွာ အႏွံ႕အျပားေပၚသို႔ ေရာက္ရွိလာေသာ ေဆးမ်ားေၾကာင့္ လြမ္းလတ္ေနာင္ မ်က္ႏွာတစ္ခုလုံးအား ရႈံ႕မဲ့ထားမိသည္။ ‌လိမ္းရ အဆင္ေျပေစရန္ ေမာ့ေပးထားရသျဖင့္ အေပၚမွ ငုံ႕မိုးေနေသာ ေသာင္ယံ့မ်က္ႏွာအား နီးနီးကပ္ကပ္ ျမင္ေတြ႕ေနရ၏။

မ်က္ေတာင္ေကာ့ေကာ့တို႔ ရွိသည့္ မ်က္လုံးေတြက ဝိုင္းကာ ၾကည္စင္သည္။ ေမြးညင္းေလးေတြပင္ ျမင္ေနရေသာေၾကာင့္ ေသာင္ယံ ဘယ္ေလာက္ အသားျဖဴမွန္း သိသာ၏။ အမွန္တကယ္ေတာ့ မိခင္ျဖစ္သူထံမွ ရွမ္းေသြးပါေသာ ေသာင္ယံသည္ ေခ်ာေမာသည္ထက္ လွပသည္ဟုပင္ ဆိုနိုင္၏။

နီျမန္းေနေသာ ႏႈတ္ခမ္းမွာ ေမာဟိုက္မႈေၾကာင့္ တဆတ္ဆတ္ တုန္ေနၿပီး နဖူးျပင္မွ ေခြၽးစီးေၾကာင္းမ်ားကလည္း ပါးတစ္ေလွ်ာက္သို႔ ျဖတ္သန္းသြားသည္။

"ဦး..."

"ဟမ္ ?"

"ဦးရဲ႕ပါးေလးက သိပ္လွတာပဲ။ ငါ နမ္းၾကည့္လို႔ ရမလား"

ေတာင္းဆိုမႈ မဟုတ္ေသာ ခပ္ဖြဖြ အနမ္းက အလင္းထက္ပင္ လ်င္ျမန္လွေသာေၾကာင့္ ေသာင္ယံက မ်က္လုံးေလး ဝိုင္းကာ ပါးစပ္ကေလးကလည္း ဟသြားသည္။

"ဖတ္...ဖတ္...! လြမ္းလတ္ေနာင္ စိတ္ထိန္းဦး။ ငါေသာင္ယံဦးေနာ္။ သီရိထက္ဦး မဟုတ္ဘူး။ ေၾကာင္ေတာင္ေတာင္ လာမလုပ္နဲ႕"

ခ်က္ခ်င္းပင္ ေသာင္ယံက သူ႕ပါးကို သူ လက္ဖဝါးတစ္ဖက္ႏွင့္ ခပ္ၾကမ္းၾကမ္း သပ္ခ်ရင္း ဆိုသည္။ လြမ္းလတ္ေနာက္ အသံထြက္ကာ ရယ္ေမာလိုက္မိ၏။

"ဒီေလာက္ ၾကမ္းတမ္းေနတဲ့သူက သီရိထက္ဦး ျဖစ္ပါ့မလား။ ဒီေလာက္ေတာ့ ငါ သိပါေသးတယ္ကြာ"

ေသာင္ယံက ေဆးဘူးကို ျပန္ထည့္ၿပီးေနာက္ သူ႕နံေဘး၌ ၀င္ထိုင္သည္။

"ဒါဆို စိတ္ေတာ့ မွန္ေသးသားပဲ။ ခုေလာေလာဆယ္ အိမ္ျပန္လို႔ေတာ့ ရဦးမွာ မဟုတ္ဘူး။ မင္းေဖေဖသာ မင္းကို ဒီပုံစံနဲ႕ ျမင္ရင္ အေသသတ္လိမ့္မယ္"

ေသာင္ယံ့စကားေၾကာင့္ လြမ္းလတ္ေနာင္ နည္းနည္းေတာ့ ၿဖဳံသြား၏။ အရိုက္မခံရတာ ၾကာၿပီမို႔ နည္းနည္းေက်ာခ်မ္းသည္။

"အဲ့ဒါဆို ငါတို႔ ဘာလုပ္ေနၾကမလဲ။ ဗိုက္က ဆာေနၿပီ"

"ဗႏၶဳလ လုပ္ခ်င္မွေတာ့ အစာငတ္ေတာ့ ခံလိုက္ဦး။ ဒီ ကြင္းေျပာင္ေျပာင္မွာ ကိုက္စားစရာ ေညာင္႐ြက္ပဲ ရွိတယ္"

လြမ္းလတ္ေနာင္ ႏႈတ္ခမ္းစူလိုက္မိသည္။ ေသာင္ယံ့ပုခုံးပၚသို႔ ေခါင္းမွီခ်လိဳက္ကာ လက္ေမာင္းတစ္ဖက္ကိုပါ ဆြဲကိုင္လႈပ္လိုက္၏။

"ဦးကလည္းကြာ...။ ဦး...! ဦးလို႔ !"

႐ႊတ္ေနာက္ေနာက္ ဆိုလိုက္လွ်င္ ေသာင္ယံက မေနတတ္စြာ သူ႕ကိုယ္လုံးအား အတင္း ျပန္တြန္းလႊတ္လာ၏။

"အသည္းယားစရာႀကီး ! ဘာျဖစ္ေနတာလဲ။ ပူရအိုက္ရတဲ့ အထဲ"

"မင္းမွာ စားစရာ တစ္ခုခု ပါတာ ငါသိတယ္ေနာ္။ ေကြၽးမွာလား ? မေကြၽးဘူးလား ?"

"မင္းဆိုတဲ့ ေကာင္ကေလ အထိုးခံရတာနဲ႕ပဲ တန္တယ္သိလား။ ေရာ့..."

လြယ္အိတ္ထဲမွ ထြက္လာေသာ ငွက္ေပ်ာသီးတစ္ဖီးကို လွမ္းယူလိုက္ၿပီး ဆာေလာင္ေနေသာ ဗိုက္ထဲသို႔ ခပ္ျမန္ျမန္ ျဖည့္ထည့္လိုက္သည္။ ထိုအခါမွ လူက အနည္းငယ္ ေနသာထိုင္သာ ရွိသြားသလို ညစ္ၫူးေနေသာ စိတ္ဟာလည္း အတန္ငယ္ ၾကည္လင္သြား၏။

‌လြမ္းလတ္ေနာင္...! ဒါသင္ခန္းစာပဲ။ အစားမေတာ္ရင္ တစ္လုတ္၊ အသြားမ‌ေတာ္ရင္ တစ္လွမ္းကြ။ မင္း ေနာက္ လွတာမက္ရင္ ေန႕လည္စာ ငတ္လိမ့္မယ္... မွတ္ထား။

အခ်ိန္ အတန္ၾကာသြားၿပီးေနာက္တြင္ ဘဲလ္ကေလး တေတာင္ေတာင္ ေခါက္ကာ ဦးႀကီးတစ္ေယာက္က သူတို႔ကြင္းနားမွ ျဖတ္သန္းသြားေလသည္။ ေသခ်ာေပါက္ ေဖေဖလည္း ဒီအခ်ိန္ေလာက္ဆို ႐ုံးျပန္သြားေလာက္ၿပီ ျဖစ္ရမည္။ ေသာင္ယံကလည္း သူ႕အေတြးကို ရိပ္မိဟန္္ လွည့္ၾကည့္လာသျဖင့္ ႏွစ္ဦးလုံး ဖုန္ဖက္ခါကာ ထလိုက္ၾက၏။

"ေသာင္ယံ"

စက္ဘီးဂိုက္ကို ဆြဲလွည့္ရင္း လြမ္းလတ္ေနာင္ ေခၚလိုက္လွ်င္ ေသာင္ယံက ေမာ့ၾကည့္လာသည္။

"ဘာလဲ"

"ငါ မင္းကို ကတိေပးတယ္ကြာ။ ေနာက္ ဘယ္သူ႕ကိုမွ မႀကိဳက္ေတာ့ဘူး"

ေသာင္ယံက အမူအရာ မေျပာင္းလဲဘဲ စကားဆက္သည္။

"ယုံရခ်ည္ေသးရဲ႕...။ မင္းလား မႀကိဳက္ဘဲ ေနမွာ။ တစ္ပတ္ ခံမလား ေစာင့္ၾကည့္လိုက္ဦးမယ္"

"တကယ္ပါ ဆိုကြာ"

"ေအးပါ...။ ငါက‌ေတာ့ ေဆးလာထည့္ မေပးနိုင္ေတာ့ဘူးေနာ္”

စက္ဘီးေပၚ၌ ရယ္ေမာသံမ်ားက လြင့္ပ်ံသြားသည္။ သို႔ရာတြင္ ထိုလူငယ္ေလးမ်ား မသိသည္မွာ ထိုေန႕က ေမာင္လြမ္းလတ္ေနာင္၏ အေဖ ေန႕တစ္၀က္ အလုပ္ပိတ္သည္ကိုပင္။

TBC...

Continue Reading

You'll Also Like

9.7K 1.5K 33
ပျော်စရာကောင်းတဲ့ အဖြစ်အပျက်တွေ မပါဝင်ပါ ေပ်ာ္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ မပါဝငပါ 8/7/2023
8.5K 593 48
"Life is like a nightmare, But you can wake up at any time" Own Creation by Han_Me Cover photo from pinterest Credit to original owner
23.4K 1.8K 18
"အချစ်ကပန်းတစ်ပွင့်ဆိုရင်နှစ်တွေဘယ်လောက်ကြာကြာကိုယ်ရအောင်ပျိုးပါ့မယ်" Mini-story This story is a work of fiction. All the characters, name of charact...
16.2K 761 9
- 𝘵𝘰 𝘵𝘩𝘦 𝘮𝘰𝘰𝘯 𝘢𝘯𝘥 𝘯𝘦𝘷𝘦𝘳 𝘣𝘢𝘤𝘬 -