"Heart hunter-33"(ending)

Start from the beginning
                                    

စားပွဲနှစ်​ခါကိုဆက်​ပြီး ၄​ယောက်​သား မင်္ဂလာဖိတ်​စာ​ရွေးကြတာ​ပေါ့။မင်္ဂလာဖိတ်​စာက အစ တခြားဟာ​တွေအားလုံးကို jungkookကပြင်​ဆင်​ရုံဘဲပြင်​ဆင်​ပေးတာ စိတ်​ကြိုက်​ရွေးတာက​တော့ taehyung​ပေါ့။အားလုံးပြီး​တော့ jinတို့နဲ့ လမ်းခွဲပြီး taehyungကို jungkookအိမ်​အထိပြန်​လိုက်​ပို့​ပေးခဲ့တယ်​။taehyungက ခြံဝအထိလိုက်​ပို့ပါဆိုလို့ သူစိတ်​ကျလိုက်​ပို့ရ​သေး။

"ကဲ taehyung​စော​စောအိပ်​နော်​kookie​လေးကိုလဲဂရုစိုက်​...."

"အင်း ပန်းစည်း​ရော လက်​စွပ်​အတွက်​ရော​ကျေးဇူးဘဲ...."

"ကိုက​ကျေးဇူးတင်​ရမှာလက်​ခံ​ပေးလို့....လက်​သွယ်​သွယ်​လေးနဲ့အခုလက်​စွပ်​လေး သိပ်​လိုက်​ဖက်​လွန်းတယ်​taehyung...."

"နဲနဲပိုလိုက်​ရမှ ပြန်​ပြီ....အိမ်​ရောက်​ရင်​စာပို့လိုက်​ဦး...."

"ဟုတ်​ပါပီ....ချစ်​တယ်​taehyung....ဒါဆိုကိုသွားပြီ​နော်​...."

Taehyung ကို ချစ်​တယ်​ပြောပြီး jungkookကားဆီပြန်​သွားပြီး လက်​ပြနှုတ်​ဆက်​သွားသည်​။taehyungက​တော့အဲ့နားမှာရပ်​ပြီး လက်​စွပ်​နဲ့ပန်းကို ငုပ်​ကြည့်​ကာအပြုံးကြီးပြုံး​နေ​တော့တယ်​။ထိုညကို​တော့ နှစ်​ယောက်​လုံး​ပျော်​ရွှင်​စွာဖြတ်​သန်းခဲ့ကြတာ​ပေါ့။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒီလိုနဲ့ရက်​အနည်းငယ်​ကြာ​ပြီး ပိတ်​ရက်​ရောက်​တော့ taehyungအိမ်​မှာ​တွေ့ဆုံပွဲလုပ်​ကြတယ်​။​ဆွေမျိုးမရှိ​တော့ jungkookက​တော့ jinနဲ့rmကိုသာ မိတ်​ဆွေ​နေရာက​ခေါ်လာခဲ့တယ်​။ကံ​ကောင်းစွာနဲ့ taehyungမိဘ​တွေကလဲ ကြည်​ကြည်​ဖြူဖြူလက်​ခံခဲ့ပါတယ်​။ညအထိ အိမ်​မှာလူစုံတက်​စုံမုန့်​တွေ​တောင်​လုပ်​စားကြ​သေး။

"Yoongi တို့လဲ အားလပ်​ရက်​လာလည်​ပါဦး....."

"အခု​တောင်​လူစုံတာမြင်​လို့ jiminနဲ့လာချင်​ကြောင်း​ပြော​နေတာ အန်​တီ.....အန်​ကယ်​ရော​မြေးနဲ့အလုပ်​ရှုပ်​နေပါလား...."

"​အေးကွာ....အခုကငါ့အလှည့်​ဆို​တော့ ထိန်း​ပေး​နေတာ မင်းညီက သားဂျွန်​နဲ့ မုန့်​လုပ်​တာကူ​နေတယ်​...."

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now