*​ကောင်းပီ* လို့​ပြောကာ ​ရေးလက်​စ ​​ဖောင်​တိန်​ကို ချပီး အတွင်း​ရေးမှုး​ပေး​သော စာအိတ်​​လေးကိုယူကြည့်​လိုက်​သည်​.....

*ငါ ​နောက်​နှစ်​နာရီကြရင်​ အစည်းအ​ဝေးရှိလို့ ခန​နေရင်​ မင်း Park Jimin ဆီသွားပီး သူ့​ယောက္ခနဲ့ခြိမ်း​ခြောက်​ပီး လက်​ထပ်​ပွဲကို လက်​ခံလာ​အောင်​လုပ်​*

*​ကောင်းပါပီ.....ဒါနဲ့ ကျွန်​​တော်​တခု​လောက်​​မေးလို့ရမလား* လို့​ပြောလိုက်​​တော့ CEO က မျက်​ခုံးပင့်​ပြသဖြင့်​ သူလည်း ဆက်​ပီး​မေးလိုက်​သည်​....

*ဘာလို့ Park Jiminနဲ့လက်​ထပ်​ချင်​ရတာလဲ မသိဘူး*

*....*

ဘာမှပြန်​မ​ဖြေပဲ တချက်​ပြုံးလိုက်​​သော CEO ​ကြောင့်​ သူ​မေးတာမှားသွားမှန်းသိလိုက်​ရသည်​....

*​တောင်းပန်​ပါတယ်​ CEO ကျွန်​​တော်​ မ​မေးသင့်​ပဲ​မေးလိုက်​မိလို့*

*ငါသူ့ကို ကာကွယ်​​ပေးချင်​လို့ မကာအိုမှာ ​နေတဲ့တ​လျှောက်​လုံး သူ့ကို နာကျင်​​အောင်​လုပ်​မဲ့နည်း​တွေစဉ်းစားခဲ့​ပေမဲ့ အခု​တော့ ငါကသူ့ကိုချစ်​​နေ​သေးတယ်​​လေ.....ကိုယ့်​ရန်​သူရဲ့သားဆိုရင်​​တောင်​​ပေါ့....*

*ချစ်​ခြင်းတရားတိုင်းက လွယ်​ကူတာမရှိခဲ့ပါဘူး CEO....တကယ်​ချစ်​မိတဲ့သူ​တွေအတွက်​​ပေါ့.....*

*ဟက်​....မင်းသွားလို့ရပီ*

*nae*

ထို​ကောင်​​လေးထွက်​သွား​တော့မှ သူထိုင်​​နေ​သော စုံလည်​ကုလားထိုင်​ကိုလှည့်​ကာ သူ့အ​နောက်​တွင်​ရှိ​သော မှန်​ပြတင်း​ပေါက်​ကိုမျက်​နှာမူလိုက်​သည်​....

"တကယ်​ချစ်​မိတဲ့သူ​တွေအတွက်​ ချစ်​ခြင်းတရားက မလွယ်​ကူဘူးတဲ့....ငါမင်းကို တကယ်​ချစ်​မိသွားလို့ ခုလိုခက်​ခဲ​နေတာထင်​ပါရဲ့ Jimin"

.............

သား​လေးနဲ့​မေ​မေကို မနက်​စာ​ကျွေးပီး​နောက်​ Hoseok အိမ်​ကိုသန့်​ရှင်း​ရေးလုပ်​​ပေး​နေခဲ့သည်​......

တချက်​တချက်​ ​မေ​မေနဲ့သား​လေးကိုကြည့်​လိုက်​တိုင်း သားနဲ့အတူ​ဆော့​နေ​လေသည်​.....

ကမ္ဘာမှား၍ကျသောမျက်ရည် (Z/U)Where stories live. Discover now