ဘာကြောင့်များ ထိုစကားတွေကို ယုံကြည်ချက်ရှိရှိပြောနေမိမှန်း ရိပ်ရောင် မသိပါ။ စကားလုံးတွေကြောင့် ကဗျာချို့ဒေါသကတော့ အဆုံးစွန်ထိ မြင့်တက်သွားရပါသည်။

" ဖြန်း! ! "

ပါးပြင်ပေါ်ကျလာတဲ့ လက်သံပြင်းပြင်း။ ရိပ်ရောင်ကို စူးစူးဝါးဝါးကြည့်ကာ..

" အတင့်ရဲလိုက်တာ ၊ ဒီအခြေအနေရောက်နေတာတောင် လေသံက လုံးဝမလျှော့ဘူးပဲ ၊ အစောကတော့ နင့်ကို ဒီအိမ်ထဲ တစ်သက်လုံးပိတ်ထားပြီး လက်ယာမောင်ကိုစိတ်ဆင်းရဲအောင်လုပ်ဖို့ပဲရည်ရွယ်ချက်ရှိတာ၊အခုတော့ စိတ်ကူးပြောင်းသွားပြီ "

ပြောရင်းနဲ့ ရိပ်ရောင်ရဲ့မျက်နှာကို ဆွဲမော့ပစ်ပြန်သည်။

" ဒီလောက်ချောတဲ့ကောင်လေးနဲ့ တစ်ညလောက်သာအတူတူရှိရင် ဘယ်ယောကျာ်းကများ ဉပုသ်စောင့်နိုင်မှာပါလိမ့် "

မိုက်ရိုင်းသောဝေါဟာရအချို့အောက်တွင် ကြက်သီးထသွားရပါသည် ။

" ဟိုကောင်တွေ ၊ သူ့ကို အစာကျွေးပြီးရင် ဒီည စိတ်ကြိုက်လုပ်လိုက် ၊ မနက်မိုးလင်းရင် အကောင်လိုက်မမြင်ချင်တော့ဘူး "

ရိပ်ရောင်ဘက်ကိုကြည့်ပြီး နှုတ်ခမ်းစွန်းကိုမဲ့ကာ ခပ်ရွဲ့ရွဲ့ ရယ်ပြပြီးတဲ့အဆုံး ထွက်သွားတဲ့ကဗျာချို ။

ရိပ်ရောင် သူ့ရှေ့က ခေါင်းတွေကိုလှည့်ကာ အကြောလျှော့နေသော လူသုံးယောက်ကြောင့် ဇောချွေးတွေပင်ပျံလာရသည် ။

သေရမှာကို သူမကြောက်ပါ။ ဒါပေမဲ့..ဒါပေမဲ့..မောင့်ကိုတောင် မပေးရသေးတဲ့ သူ့ခန္ဓာကိုယ် ။
ဟင့်အင်း.....မဖြစ်ဘူး...။
ချစ်ရတဲ့သူကလွဲလို့ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး။

ကြိုးတွေနဲ့လွတ်အောင်ရုန်းပေမဲ့ ခိုင်မာအောင်ချည်ထားသောကြိုးတွေက လျော့မသွား။ သို့အစား ကုလားထိုင်က အနည်းငယ်နောက်သို့ဆုတ်သွားရသည် ။

" အို့ ကလေးကကြောက်နေတာလား၊ မကြောက်ပါနဲ့ကွ ၊ဒါမျိုးကိစ္စဆိုတာ ညဘက်ရောက်မှ အစပျိုးလို့ကောင်းတာမဟုတ်လား "

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူကြီးက ရှေ့တိုးလာကာ ရိပ်ရောင်တစ်ကိုယ်လုံးကို တဏှာထနေတဲ့မျက်လုံးရွဲကြီးများနှင့်ကြည့်ကာဆိုသည် ။

မောင့် အလိုကျ [Completed]Tempat cerita menjadi hidup. Temukan sekarang