အိမ်အပြင်ဘက်နဲ့ အတွင်းပိုင်းကအကွာကြီးကွာသည်။ အပြင်ဘက်မှာရေနံတွေဝအောင် သုတ်ထားသော်လည်း အတွင်းပိုင်းမှာကား ပင့်ကူမျှင်တွေတွယ်တွယ်ခက်လျက်။ ပရိဘောဂပစ္စည်းဟူ၍လည်းမရှိ ။ ဒေါင့်နားလေးက ကျွန်းဗီရိုဟောင်းကြီးတစ်လုံးရယ်၊ ပြီးတော့ စာအုပ်မရှိတဲ့ အခြေပျက် စာအုပ်စင်ကြီးရယ် ။ နောက်ကျောမှီပါတဲ့ကုလားထိုင်ကြီးတစ်လုံးရယ်။ထိုမျှသာ။

ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း ထွက်ပြေးလို့ရမည့်အပေါက်ကိုရှာသော်လည်း မတွေ့ ။ ထွက်ပေါက်မှာ သစ်သားချောင်းနှစ်ချောင်းကို ကြက်ခြေခတ်သုံး၍ ပိတ်ထားကာ ပြတင်းတံခါးတွေမှာလည်း ထိုနည်းလည်းကောင်း။ ဒီအိမ်ကြီးက ဘယ်အတွက်သုံးသည့်အိမ်ပေနည်း။

" ကြိုးတုတ်လိုက် "

ကဗျာချို့စကားအဆုံးမှာ ဘေးနားရပ်နေတဲ့လူတစ်ယောက် မေးဆတ်ပြလိုက်သည်နှင့် ကျန်နှစ်ယောက်က ရိပ်ရောင်လက်မောင်းကိုတစ်ဖက်ဆီလာဆွဲခေါ်၍ ကြိုပြင်ဆင်ထားဟန်ရှိတဲ့ လေးချောင်းထောက် ကုလားထိုင်ပေါ်ထိုင်ခိုင်းကာ လက်ရောခြေထောက်ရောပါ ကြိုးတွေနဲ့ချည်တော့သည် ။

" ဟက်! မရုန််းဘူးပဲ ၊ သတ္တိတွေအရမ်းကောင်းနေတာလား ၊ အော်လိုက်ပါ ၊ငါ့ကိုကယ်ပါလို့ ငိုယိုပြီးအကျယ်ကြီးပြောပစ်လိုက်၊ နင်က မျက်ရည်ခံထိုးရတာ အရမ်းသဘောကျတာလေ.. ဟုတ်တယ်မလား "

မေးဖျားကိုဆွဲကိုင်၍ပြောနေသော ကဗျာချို။သူမလက်က ရုန်းလိုက်ကာ ကဗျာချို့ကိုစေ့စေ့ကြည့်လိုက်သည် ။

" မင်း ဘာလိုချင်တာလဲ ၊ ဘာရည်ရွယ်ချက်နဲ့ ငါ့ကို ညာပြီးခေါ်လာတာလဲ "

ကဗျာချိုက ရိပ်ရောင်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်။ လူသုံးယောက်ကား ဘေးနားမှာ အစီအရီရပ်ကာ အမိန့်ပေးမည်ကိုစောင့်ဆိုင်းနေကြဟန်။

" ရည်ရွယ်ချက်..ရည်ရွယ်ချက်တဲ့လား၊ ငါ့ရည်ရွယ်ချက်ကို တကယ်ပဲ သိချင်တာလား "

ရိပ်ရောင်ရှေ့ကို မတ်တပ်လာရပ်ပြန်လျှင်...

" မင်း မောင့်ကို လိုချင်တာမလား၊ အဲ့ဒါဆိုရင်တော့ တစ်သက်လုံးအိပ်မက်မက်မနေနဲ့လို့ပဲ ပြောချင်တယ်..ဘာလို့ဆို မောင်က မင်းလိုကောင်မမျိုးကို ဘယ်တုန်းကမှ ချစ်ခဲ့တာမဟုတ်လို့ "

မောင့် အလိုကျ [Completed]Where stories live. Discover now