"အဟမ်း ငါက ဒီအထပ်မှာရာထူးအကြီးဆုံး လော့ရှားဟန်ပဲ မမလော့ လို့ခေါ်ကြ ကိုယ့်နေရာကိုယူ လုပ်ရမှာက ပုံမှန်အတိုင်းစရင်းစစ်ရမှာ ဘာညာပဲ  ပင်မရုံးချုပ်ဆိုတော့ ဖိုင်တွဲများလာတာက လွဲလို့ပေါ့ သေချာလုပ်ကြ အချိူးမပြေရင် အချိန်ပိုညဘက်ပါ ဆင်းရမယ်"

မော်နေတဲ့မျက်နှာထားနဲ့ပြောလာသောမမလော့ဆိုသူအား ဟုတ်ကဲ့ ဟုသာ ဖြေလိုက်ကြရင်းနေရာအသီးသီး ယူကြလေကြသည်..။

အားလုံရဲ့စိတ်ထဲမှာတော့အရင်အဖွဲ့မှူးကိုသာ လွမ်းနေမိသည် ...။

"CEO ၁၁နာရီခွဲတော့မယ် ၀န်ကြီးနဲ့ ချိန်းထားတာ သွားဖို့အချိန်ကြပါပြီ"

"အင်း သွားကြတာပေါ့"

ရှောင်းကျန့် နက်ခ်တိုင်ကို သေချာပြင်ရင်း ထွက်လာခဲ့သည်....။

"၀မ်ရိပေါ်"

"ဟုတ်ကဲ့ မမလော့ "

" အကို ကျူလျိုဆီ သွား စရင်းစာချုပ်တွေသွားတောင်း မြန်မြန်ပြန်လာခဲ့"

ရိပေါ်တစ်ယောက်စိတ်ရှုပ်လာပြီ။

တကယ်ပဲ အခုမှရောက်တာဘယ်လိုလုပ်သိမှာတုန်း..!
မြန်မြန်ပြန်လာခဲ့ကပါသေး။

မမလုကမကျေနပ်သလိုရှိပေမဲ့ ဘာမှမပြောဘဲ သူ့အလုပ်သာဆက်လုပ်နေသည်။

ရိပေါ်တစ်ယောက် ယောင်လယ်လယ်နှင့် ဓာတ်လှေကားအတွင်းဝင်ရင်း ၃ထပ် ကိုသာတပ်လာခဲ့သည်.....

5

4

3

2

1

Ti..***

ပွင့်လာသောတခါးနှင့်အတူ အရပ်ရှည်ရှည်ခန့်ချောချောကိုလူချောနဲ့ ဘေးနားကလည်း ကိုခန့်ချောလောက် အရပ်မရှည်သော်လည်း သူ့ဟာနဲ့သူတော့ကြည့်ကောင်းနေသည်။

တခါးပွင့်လာတာတောင် မထွက်သေးဘဲ မျက်လုံးအ၀ိုင်းသားနဲ့ကြောင်ကာရပ်ကြည့်နေသောကြောင့် ကျိုးချန် စိတ်မရှည်တော့။

တော်ကြာနောက်ကျနေဦးမယ်..

"ကောင်လေး ထွက်မှာဖြင့် ထွက် ကြောင်ကြည့်မနေနဲ့ "

အချစ်သံယောဇဉ်တွယ်တာရာလေး(အချစ်သံယောဇဉ်တွယ်တာရာလေး)Where stories live. Discover now