အိမ်ကို အခုမှပြန်ရောက်ပြီး ချက်ချင်းပြန်ထွက်သွားတဲ့ ကဗျာချို့ကိုတားဖို့ ဉီးကာရန်သော်ကြိုးစားသော်လည်း မမှီတော့ချေ။ မကြာခင် ကားစက်သံပြင်းပြင်းနဲ့အတူ ဝူးခနဲ မောင်းထွက်သွားတော့သည်။ ငယ်ငယ်ကတည်းက ဖြစ်ချင်တာကို ဘယ်လမ်းပဲလိုက်ရလိုက်ရဖြစ်အောင်လုပ်တတ်တဲ့ သမီးဖြစ်သူအကျင့်ကို ဉီးကာရန်သော် မကြိုက်ပါ။ ဖုန်းကိုထုတ်၍ လင်းထက်ထံ ဖုန်းခေါ်လိုက်သည်။

" ဟယ်လို 'လင်းထက်' သမီးကိုမျက်​ခြေမပြတ် ကြည့်ထား၊ တခုခု ထူးခြားတာနဲ့ ငါ့ဆီအရင်ဆုံးအကြောင်းကြားပါ"

________________

" ရပါပြီ လူကြီးမင်း "

စားပွဲထိုးလေး လာချတာက ရိပ်ရောင်မှာထားတဲ့ Sandwich နဲ့အတူ Strong coffee [Black] တစ်ခွက် ။

" ကျွန်တော် မှာမထားဘူးဗျ "

ရိပ်ရောင်ငြင်းတော့ waiter လေးက မေးမှာကိုကြိုသိကာ ဖြေစရာစဉ်းစားထားသည့်အလား ပက်ခနဲတန်းဖြေသည်။

" အာ ..ဒါက ဒီနေ့ လာသောက်တဲ့သူတွေအတွက် promotion ရှိလို့ပါ အကို၊ ဒါဆို အေးအေးဆေးဆေးသုံးဆောင်ပါဉီးဗျ "

ရိပ်ရောင် ဘေးဘက်ဝိုင်းတွေကို မသိမသာလှမ်းကြည့်လိုက်သည်။ သူထိုင်နေတဲ့နေရာက ဆိုင်ရဲ့အစွန်းဘက်။ မျက်နှာချင်းဆိုင်နားမှာ အတွဲတစ်တွဲနဲ့ လေးဝိုင်းကျော်လောက်မှာ စာလုပ်နေကြတဲ့ကျောင်းသားလေးတစ်ချို့သာရှိသည်။ ပြီးတော့ ရိပ်ရောင်မလာခင်ကတည်းကရောက်နှင့်နေသည့် အနောက်ဘက်ဝိုင်းက ကျောပေးထားတဲ့ Hoodie အနက်နဲ့လူ ။

ဆိုင်ထဲစဝင်တုန်းက ဒီလူကိုမြင်တော့ ရာသီဉတုပြောသလောက်မအေးပါဘဲ hoodie အမဲကြီးကို ခေါင်းပါစွပ်ထားတာမို့ ရူးကြောင်ကြောင်လားလို့တွေးမိသေးသည် ။ သို့သော် ဒါကလည်း ဒီဘက်ခေတ်လူငယ်တွေနဲ့ ဖက်ရှင်တစ်မျိုးပဲထင်ပါရဲ့။

ထိုလူ့ဝိုင်းကိုတော့ လှည့်မကြည့်ဖြစ်ပေမဲ့ တခြားဝိုင်းတွေမှာလည်း ကော်ဖီခွက်တွေချပေးထားတာ တွေ့လိုက်သည်မို့ ရိပ်ရောင်လည်း စိတ်ချစွာ သောက်လိုက်တော့သည်။

ခါးသက်သက်ကော်ဖီအရသာလေးက လျှာဖျားလေးပေါ်မှာတင်မဟုတ်။ စိတ်ထဲထိအောင် နွေးနွေးထွေးထွေးရှိလှသည်။ စောနက ပေါက်တတ်ကရတွေးမိတာကိုစဉ်းစားမိတော့ ခေါင်းကိုဖြည်းဖြည်းယမ်းမိလေသည် ။ အင်း...မောင်များ မှာပေးထားသလားလို့ ပေါက်တီးပေါက်ချာတွေးမိခဲ့သေးတာ။ ဒရာမာတွေ အကြည့်များသွားတယ်ထင်ပါသည် ။

မောင့် အလိုကျ [Completed]Where stories live. Discover now