" ကဗျာချို "
နောက်လှည့်ပြီး ပိတ်ဟောက်လိုက်တဲ့ ဉီးကာရန်သော်အသံက ဧည့်ခန်းအတွင်း ထပ်မံ ဟိန်းထွက်သွားပြန်သည် ။ မလိုက်နိုင်ဟုတွင်တွင်ငြင်းနေသော သမီးကိုကြည့်ပြီး ဉီးကာရန်သော် သက်ပြင်းမောတစ်ချက်ချလိုက်သည် ။ မိတဆိုးသမီးလေးမို့ အလိုလိုက်ထားခဲ့သမျှ အခုတော့ သင်ပေးဖို့လိုနေလေပြီ။ ကလဲ့စားတွေ၊အာဃာတတွေ မထားသင့်တဲ့အကြောင်း ။" သမီးရယ်.. ကိုယ့်ကိုမချစ်လို့ ပစ်သွားတဲ့ယောကျာ်းတစ်ယောက်ကို ဘာလို့များအလွယ်တကူလွှတ်ပေးပြီး အေးအေးချမ်းချမ်းပေးမနေချင်ရတာလဲ ၊ သမီးပြန်စဉ်းစားပါဉီး ၊ သမီးဘက်ကရော သူ့ကို တကယ်ချစ်ခဲ့လို့လားဆိုတာ "
" ဟင့်အင်း ဒယ်ဒီ ၊ အဲ့ဒါတွေ ကဗျာမသိဘူး၊ကဗျာသိတာ ကဗျာ့ကိုကစားခဲ့တဲ့သူ့ကို တစ်သက်လုံးစိတ်ဆင်းရဲအောင်လုပ်ဖို့ပဲ "
" အဲ့လိုတွေလုပ်လို့ သမီးဘာပြန်ရမှာတဲ့လဲ ၊ သူများအိမ်ထောင်ရေးပြိုကွဲအောင်လုပ်ပြီး ပြန်ရမယ့်အရာကဘာလဲ "
" ပျော်ရွှင်မှု "
ကဗျာချိုက ဉီးကာရန်သော်ကိုကြည့်လျက်...
" ဟုတ်တယ် ဒယ်ဒီ ၊ သူတို့နှစ်ယောက်ကို ရှင်ကွဲကွဲအောင်လုပ်ပြီး ရလာမယ့်အရာက ပျော်ရွှင်မှုပဲ "
" အခု သမီးဒီလိုတွေလုပ်နေတော့ရော ၊ သူတို့အခြေအနေက ဘာပြောင်းလဲသွားလို့တုန်း၊ ဒယ်ဒီသိသလောက်ဆိုရင် လက်ထပ်ထားတာ နှစ်နှစ်တောင်ပြည့်တော့မယ်ဆို၊ဘယ်လောက်ပြသနာတွေဖြစ်နေပါစေ အခုထိမကွာရှင်းကြသေးတာပဲကြည့် ၊ ဒါ သူတို့အချင်းချင်း စိတ်မပြတ်သေးလို့ပဲ ၊ ချစ်နေကြတဲ့လူနှစ်ယောက်ကို ရှင်ကွဲကွဲအောင်လုပ်နိုင်မယ်လို့ သမီးတကယ်ထင်နေလား "
ဉီးကာရန်သော်စကားတွေက သမီးဖြစ်သူကို လမ်းမှန်တည့်ပေးချင်လို့ပြောတဲ့စကားတွေ ဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ထိုစကားတွေက လမ်းဆိုးကိုပို့ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်ဆိုတာ ဉီးကာရန်သော်မသိပါလေ ။
" ဟုတ်တယ်၊ ဒယ်ဒီပြောတာ မှန်တယ် ၊ ဘာလို့များ ကဗျာမစဉ်းစားမိခဲ့ပါလိမ့် ၊ ရှင်ကွဲခွဲဖို့ပဲ အာရုံစိုက်နေခဲ့တာ ၊ ကျေးဇူးပါ ဒယ်ဒီ၊ ဒယ်ဒီနဲ့ သြဇီလိုက်ခဲ့ဖို့ ကဗျာစဉ်းစားထားလိုက်ပါ့မယ်၊ အခုတော့ ကဗျာ့ကိုခွင့်ပြုပါဉီး "
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]
Part 20
Start from the beginning