2

625 107 4
                                    

-unicode-

" အဲ့ဒီတော့... အဲ့ဒီတော့ မင်းပြောတာ Park Jay ကမင်းအိမ်ရောက်လာတယ်ပေါ့ "

Sunoo ကပါးစပ်ထဲဆလပ်ရွက်တွေအပြည့်သိပ်ထည့်နေရင်းမှမျက်လုံးအပြူးသားဆိုသည်။ sunghoonကမျက်လုံးစွေကြည့်ရင်းခေါင်းအသာညိတ်ပြသည်။

" daebakkkk! "

" ဒါနဲ့ မင်းက Park Jay ကိုသိတာလား ငါဖြင့်တစ်ခါမှမမြင်ဖူးတာကို "

Sunghoon ကစပ်စပ်စုစုသမားရယ်လို့မဟုတ်ပေမယ့် သူများသိတာအကုန်တော်ရုံဆိုသိသည်ပဲကို။ ပြီးတော့အခု sunoo ပြောပုံအရ park jay ကနာမည်ကြီးကျောင်းသား။ nation's စော်ကြည်ဘဲ။ sunghoon ကဘာလို့တစ်ခါမှမတွေ့ဖူးရတာလဲ။ ပြီးတော့အဲ့လိုမတွေ့ဖူးတဲ့သူကဘယ်လိုလုပ် sunghoon အိမ်အထိကိုမူးပြီးတော့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။

Sunghoon ကတွေးလေနားမလည်နိုင်။

" မင်း.. အဲ့Park Jay လား ဘာလား အဲ့တစ်ယောက်ကအရူးတော့မဟုတ်တာသေချာပါတယ်နော် "

Sunoo ကစတီးတူကိုပစ်ချကာ sunghoon ကိုစားတော့မလိုဝါးတော့မလိုကြည့်ရင်း

" အမယ်လေး ပြောရက်လိုက်တာ ပြောရက်လိုက်တာ... မင်းသူ့ကိုဘယ်လိုလူမှတ်နေလဲ...သူကလေ "

ထို့နောက် sunoo ကသူတစ်မနက်လုံးပြောဆိုရှင်းပြနေသော park jay ၏မဟာဖြစ်တည်မှုကြီးအကြောင်းကို တကြော့ပြန်အကျယ်တဝံ့ထပ်မံကြားရပြန်သည်။

Sunoo ပြောပုံအရ။ ဒီတက္ကသိုလ်ဝန်းကြီးကသာ တိုင်းပြည်ကြီးတစ်ခုဖြစ်လျှင် park jay ကအိမ်ရှေ့မင်းသားလိုဖြစ်တည်မှုမျိုးပင်။ ပြောရလျှင် သူနှင့်ဒီလိုခေါင်မိုးအောက်တစ်ခုထဲတွင်အတူစာသင်ကြား အတူအသက်ရှူခွင့်ရတာနှင့် ခုနေငေါက်ခနဲသေသွားလျှင်ပင်နှမျောစရာမရှိသည့်ပုံစံမျိုး။

မည်သို့ဆိုစေ sunghoon အတွက်တော့ Park Jay ကသူ့အိမ်ကိုခိုးဝင်လာသည့်နှာဘူး အရူး အမူး အရက်သမားသာဖြစ်သည်။ သူ့ဘာသူဘာကောင်ကြီးပဲဖြစ်နေပါစေ။ sunghoon ဂရုစိုက်နေမည်မဟုတ်။

Fate kicked me to reach you/jayhoon/ Donde viven las historias. Descúbrelo ahora