🖤Extra❤️Christmas surprise gift-1

Start from the beginning
                                    

လှေကားပေါ်က ဆင်းသွားပြီး အသံသေးသေးလေးတွေ ပျောက်တော့မှ ကလေး သူငိုနေတာကို ပြန်သတိရသွားပုံပဲ ချက်ချင်း ကောက်ခါငင်ကာ ထငိုပြန်သည်။

❤️"အီးး ဖင်နာတယ် အီးး"

Bathtube ထဲထည့်ပေးတော့ အော်ငိုနေပြန်တဲ့ ကလေးပေါက်ကို ဘယ်လိုတောင်ချော့ရမလဲမသိဘူး တစ်ကိုယ်လုံး ရဲပလောင်းခတ်နေတဲ့ marking ရာတွေ ကိုကြည့်ပြီး လက်က အငြိမ်မနေနိုင်ပွတ်သပ်မိတော့ ရေပိုက်ခေါင်းကို ဆွဲယူကာ အခေါက်ခံလိုက်ရသည်။

ခွပ်.....

❤️"တဏှာရူးကြီး ငိုနေတာ မချော့ဘဲ ထပ်ပြီးလုပ်ဖို့တွေးနေတယ်ဟုတ်လားဟမ်"

🖤"မဟုတ်ပါဘူး ကလေးရယ် ဦးက ........himmmဦးက ဂျေးတွန်းပေးမလို့ပါ ဦးပါဝင်မယ်နော်"

❤️"မဝင်နဲ့ သွား ကလေးကိုယ့်ဘာသာကိုယ်ချိုးမယ် ရေတွေ ဘောင်ဘင်ခတ်တာ မမြင်ချင်ဘူး"

လက်ညိုးတစ်ထိုးထိုးနဲ့ လူကို နှင်လွတ်နေတာ တကယ်ရက်စက်တဲ့ကလေး ဘေးနားက shower ဖွင့်ပြီး တစ်ယောက်တည်းရေချိုးရတဲ့ဘဝက ဘယ်လောက်ခါးလိုက်သလဲ
Tower ပတ်ပြီး ကလေးကို ရေသုတ်ပေးကာ အဝတ်အစားလဲပေးတာကအစဆုံး ကိုယ်ကပဲ ဦးဆောင်ပြီးလုပ်ပေးလိုက်သည်။

ခေါင်းရေမပြောင်တာကြောင့် dryer ယူပြီး
မှုတ်ပေးတော့ ဆံနွယ်အိအိလေးတွေက ပုံစံကျလို့ ဂုတ်သားဖွေးဖွေးလေးတွေ မြင်ရင်မနေနိုင်လို့အငိုက် တစ်ချက်လောက် စုပ်နမ်းလိုက်မိတယ်

❤️"အင်"

🖤"အား ကလေးရယ်လွယ်ပါနာတယ်"

ဗိုက်ခေါက်ကြောကိုလိမ်ဆွဲတော့ အော်သာအော်ပြီး ကလေးလက်တွေကို မဆွဲရက်ပါတော်ကြာ ကလေး နာသွားရင်ဒုက္ခ

❤️"ဦးနော် ဒီမှာလမ်းတောင်မလျှောက်နိုင်ဘူး
အဲ့ဒါကို ထပ်လုပ်ဦးမလို့လား ပြော"

🖤"ဦး.....နည်းနည်းစိတ်ပါသွားလို့ပါ ကလေး လမ်းမလျှောက်နိုင်ရင်ချီမှာပေါ့ လာ ဦးရဲ့ကလေးလေး"

ကလေးကို ပွေ့ချီလိုက်တော့ လက်တံသွယ်သွယ်လေးတွေ က အသင့် ကျွန်တော့်လည်တိုင်ကို ဖတ်တွယ်လို့ လှေကားတစ်ဝက်လောက်မှာ စတင်ပြီး ဆူညံသံတွေ ကြားနေရပါပြီ

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now