' လည်ပင်းနာတော့မှာပဲ ဒီကလေးဟာ '

ရိပေါ် '' ကလေးဆိုးလေး ''
ရှောင်ကျန့် '' မင်း နဲ့ မခေါ်ဘူး ''

အင်္ကျီကိုအပြီးသတ် ဝတ်ဆင်ပြီးတော့မှ သက်ဆိုင်သူလေးရဲ့ လက်တစ်ဖက်ကိုကိုင်ကာ လက်ခုံကို အနမ်းပေးလိုက်တဲ့ ရိပေါ်က တစ်ဖက်လှည့်နေတဲ့ ခေါင်းလုံးလုံးလေးကို လက်နဲ့ ဆွဲယူလို့ ကောက်တေးယုန်ဆိုးလေး ချစ်ရသူကို တမြတ်တနိုး နဲ့ တမေ့တမော ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိတယ်  ထူထဲတဲ့ နှုတ်ခမ်းသားမှ အသည်းပုံစံပြောင်းလဲစွာ ဖြစ်ပေါ်လာမှုကို ရှောင်ကျန့်က မြင်ဖူးနေကြဖြစ်နေပေမယ့်လည်း ပြန်လည် ငေးကြည့်မိပြန်တယ်

အနမ်းတဖွဖွ ပေးလိုက်ချင်ပေမယ့် စိတ်ကောက်နေသေးတာမို့ ငေးမောနေမှုကို မလုံမလဲ ရှက်ရမ်း ရမ်းကာ မျက်နှာ အရင်လွှဲလိုက်တဲ့ ရှောင်ကျန့်က နှုတ်ခမ်းပိုစူသွားတယ် ယုန်နှုတ်ခမ်းစူစူလေး 

ရိပေါ် '' ဟက် ကြိုက်သလိုဆိုး မောင်က ချော့မယ် မောင့်စကားလေးတော့ နားထောင်ပေးဦး ကော ကျန်းမာဖို့ ပြောနေရတာ ''

ရှောင်ကျန့် '' သွားကြမယ် ''

မတ်တပ် ထရပ်တဲ့ ရှောင်ကျန့်က ရိပေါ်ကိုင်ထားတဲ့ လက်ကို မသိမသာ ရုန်းတယ်

' သိပ်ဆိုးနေတဲ့ ယုန်ပေါက် ဝါးစားပစ်လိုက်ရကွာ'

ရိပေါ် '' သွားကြမယ်နော် မောင်ချီမယ် ''

" အင့် ''

ရှောင်ကျန့် '' မင်း            ဟွန့် ''

ခါးကနေ ပင့်ချီတော့ ရှည်လျားတဲ့ ခြေထောက်နှစ်ချောင်းက ရိပေါ်ခါးကို ချိတ်တွယ်လာတယ် လက်နုနုလေးက ရိပေါ်ရင်ဘတ်ကို တဘုန်းဘုန်း ထုနေပေမယ့်လည်း ရိပေါ်က အဆိုးလေးရဲ့ ရှောင်တိမ်းနေတဲ့ ပါးကို မရ ရအောင် နမ်းလိုက်ပါသေးတယ်

ရိပေါ် '' အ ကိုက်တယ်နော် မောင့်နားရွှက်မှာ ယုန်သွားရာတွေကြီးပဲ အဟင်း နောက်မှ နောင်တမရနဲ့
နော် ကော ''
ရှောင်ကျန့် '' ရဝူး ''

နားရွှက်ကို ငုံခဲနေတဲ့ သက်ဆိုင်သူလေးကြောင့် ခြေလှမ်းတွေမမှားအောင် သတိထား လျှောက်လှမ်းရတဲ့ ရိပေါ်က တဟက်ဟက် လည်း အရယ်မပြတ်ခဲ့ပေဘူး အဆိုးလေးရဲ့ ခါးကိုသာ ခပ်တင်းတင်းပွေ့ဖက်ပေးထားလို့ တိုက်ခန်းအပြင်ထွက်ခဲ့ရတယ်

မောင့်သက်ဆိုင်သူ က * ကော * حيث تعيش القصص. اكتشف الآن