part 4 (Z&U)

4.6K 330 3
                                    

မောင့် သက်ဆိုင်သူက * ကော*

အပိုင်း ၄ (Z&U)

ခေါ်ဆိုသူ ကွဲတဲ့ နာမ်စားခြင်းတူညီမှုမှာ မှတ်ညဏ်တွေဝေဝါးနေဦးတော့ နှလုံးသားက သိတယ်

'မောင်' တရားဝင်ခေါ်ဆိုဖို့ ဘာလို့များမကြိုးစားရလဲ ရှောင်ကျန့်နောက်ကိုပဲတပ်ဆုတ်တဲ့ ခြေလှမ်းတွေကို
' မောင်က ရှေ့တိုးဝံ့အောင် ကူညီအားပေးပါ့မယ်'

ရိပေါ် '' လာ အတူစားရအောင် ''

10 နာရီကျော်ကျော်မှာ ceo ကနေ့လယ်စားဖို့ပြင်နေတယ် အိမ်တော်က လာပို့တဲ့ ထမင်းဟင်းတွေက စားပွဲခုံပေါ်မှာ ပြင်ပီးသားအသင့်ပဲ တစ်စုံတစ်ယောက်အတွက် ceo ကထပ် ပြင်နေတယ် မသိမသာ ခိုးခိုးကြည့်တဲ့ ယုန်သူငယ်လေးကို စားဖို့ခေါ်တော့

သူလေးမှာ တအံ့တသြ

ရှောင်ကျန့် '' မဆာလို့ မစားသေးဘူး boss ပဲစားနှင့်ပါ အချိန်လည်း စောသေးတယ် ''

နာရီ ကိုပဲ ပေါက်ထွက်မတတ်ညြ့်ပီး စကားပြန်ဖြေတဲ့ ရှောင်ကျန့်က ရိပေါ်နဲ့ စူးရှရှအကြည့်တွေကို ရင်မဆိုင်ရဲဘူး တင်းထားတဲ့စိတ်တွေပြိုလဲပီး  ပြေးဖက်ချင်သွားမှာစိုးရလို့ပါ

ရိပေါ် '' ကျွန်တော်က စားပီးရင် သွားရမှာ ဒီနေ့ပြန်မလာဖြစ်တော့ဘူး လာပါ အတူစားပေး ''

ဒီနေ့ရဲ့အချိန်ဇယားလိုလို ကို သိအောင် တမင်ပြောပြတယ်လို့ ယူဆလိုက်ရမလား ပြုံးရွှင်တဲ့ရှောင်ကျန့်က ဟန်ဆောင် မျက်နှာငယ်နဲ့ ရိပေါ် ရှိရာ တရွေ့ရွေ့ သွားပီး ရိပေါ် ထိုင်ခိုင်းရာကို ဝင်ထိုင်တယ်

" ရိပေါ် ''

အခန်းထဲ​ရောက်လာတဲ့ သူမက ရှောင်ကျန့်ကို စူးစူးစိုက်စိုက်ကြည့်ကာ နေရာဖယ်ပေးဖို့ အမူအရာပုံစံနဲ့ လွတ်နေတဲ့ ဆိုဖာခုံတွေကို လျစ်လျူ ရှုလို့ ​ရှောင်ကျန့်ဘေးလာရပ်တယ်

တစ်လုပ်နှစ်လုပ်စ ပဲ စားရသေးတဲ့ ရှောင်ကျန့်က မျက်မှိုင်ချကာ သက်ပြင်းရှည်ဆွဲတယ် တိုးတိုးတိတ်တိတ်ပေါ့

ရိပေါ် '' မဝသေးပဲ ဝပီ မပြောနဲ့ မင်းအကြိုက်တွေပါနေရဲ့သားနဲ့ မစားချင်တော့ဘူးလည်း မပြောနဲ့ ယန်ချင်းလန် မင်းထိုင်ချင်ရင် မျက်နှာချင်းဆိုင်မှာထိုင်လို့ရတယ်''

မောင့်သက်ဆိုင်သူ က * ကော * On viuen les histories. Descobreix ara