ပြောနေတာက စိုင်းညိုသွေးအကြောင်း ။ စကားလမ်းကြောင်းကို လက်ယာက လိုချင်တဲ့ဘက်ဆီဆွဲယူပစ်တာ ရိပ်ရောင် သိပေမဲ့လည်း...
" မရှိဘူး ၊ ငါ့မှာ မင်းကိုပေးစရာ ဘာအခွင့်အရေးမှ မရှိတော့ဘူး "
ပြောပြီးတာနဲ့ ရိပ်ရောင် မျက်နှာလွှဲလိုက်တော့ မျက်ဝန်းထောင့်ရိပ်မှာ ခြေဖမိုးက အပူလောင်ဒဏ်ရာကို မြင်သည် ။ နေ့လယ်က ထူပူနေတော့ သတိမထားမိခဲ့တာ။ အရေပြားများလန်ကာ အသားတွေပင် ပေါ်နေလေပြီ ။
ကျစ်! ဆေးခန်းသွားပြမထားဘူးလား!
မော့ကြည့်၍ စကားပြောဖို့ပြင်လိုက်ပါသော်လည်း ရိပ်ရောင်ကြည့်နေတာကို သိသည့်နှယ်...
" စိတ်မပူပါနဲ့ ကိုကို ၊ နှလုံးသားကဒဏ်ရာနဲ့စာရင် ဒီအနာလောက်က မပြောပလောက်ပါဘူး ၊ကောင်းကောင်းအိပ်နှင့်ပါ ၊ ကျွန်တော် အပြင်သွားလိုက်ဉီးမယ် "
တမင်ပင် "ကျွန်တော်"ဟု နာမ်စားသုံးကာ အမြန်ကျောခိုင်းထွက်ခဲ့လိုက်သည်။ ရင်ထဲက တဆစ်ဆစ်နဲ့ နာလှပါ၏။
အမြဲတမ်း မောင့်အတွက်စိုးရိမ်ပေးတဲ့ ကိုကို...
အမြဲတမ်းမောင့်ဘက်က ကာကွယ်ပေးတဲ့ ကိုကို...
အမြဲတမ်း သူ့ကိုယ်သူထက် မောင့်ကိိုပိုချစ်တာပါဆိုတဲ့ ကိုကို...
ငယ်ငယ်က ကျောင်းမှာသူငယ်ချင်းတွေ အနိုင်ကျင့်ရင် မောင့်ဘက်က ကူရန်ဖြစ်ပေးတဲ့ ကိုကို...
အရာအားလုံးက အတိတ်မှာပဲ ကျန်ခဲ့ပြီပဲ ။
ကံကောင်းမှုတွေကို ခြေရာကောက်ရင် တစ်ချိန်က တန်ဖိုးထားရကောင်းမှန်းမသိခဲ့တဲ့အချစ်တွေကို သိမ်းကြုံးပြီးယူခဲ့မိမှာပါ ။
ဒါဟာ မှန်သော သစ္စာ ။
___________________
လက်ယာထွက်သွားသည်နှင့် အာဂုံဆောင်ထားသလို သူရေရွတ်မိတဲ့စကားက...
" ငါ့တုန်းက ခံခဲ့ရတာတွေနဲ့စာရင် မောင် ဒီလောက်တော့ ခံသင့်တယ်မလား "
ပြီးတော့ တစ်နေ့လုံးစိတ်ရောလူရော ပင်ပန်းခဲ့ရတာမလို့ ခန္ဓာကိုယ်ကို အိပ်ယာပေါ် ပစ်တင်လိုက်တော့သည် ။ တကယ်တော့ ရိပ်ရောင် ကိုယ့်ကိိုကိုယ်သိသည်။ သူနဲ့ပတ်သက်လာရင် အားတင်းထားသည့်ကြားက အလျော့ပေးမိမြဲဆိုတာ ။ တနေ့ညကလည်း ဆိုဖာပေါ်မှာခေါင်းအပ်အိပ်နေတဲ့ သူကိုကြည့်ပြီး မွေ့ယာပေါ်မှာ သက်တောင့်သက်သာမအိပ်နိုင် ။ ကုတင်အောက်ဆင်းထိုင်ပြီး မွေ့ယာပေါ်ခေါင်းတင်ကာ အိပ်ပျော်မှန်းမသိအိပ်ခဲ့ရသည်။
YOU ARE READING
မောင့် အလိုကျ [Completed]
Romance[This fiction is written with both Unicode and Zawgyi]
Part 16
Start from the beginning