" ok. . အဲ့ဒါဆို အကို အလုပ်ကိစ္စနဲ့ အပြင်ခဏ သွားဦးမယ်။ လေ့လာစရာရှိတာ
လေ့လာထားပေါ့။ ညနေကျရင် intern
ရောက်လာတဲ့ညီလေးနှစ်ယောက်ကို ကြိုဆို
တဲ့အနေနဲ့ BBQ သွားစားကြမယ်။ ပြီးရင်
အသံစစ်ကြမယ် "

" ရေးးးး ဒါမှ တို့ ကိုဦးကွ "

သြဘာသံတွေက နောက်ကနေထွက်လာတော့
သည်။ purchasing ဌာနမှာ အလုပ်လုပ်တဲ့
ဝန်ထမ်းက ကိုဦးအပါအဝင် ၄ယောက်သာ
ရှိသည်။ ကျန်တဲ့ ၃ယောက်က မသံစဉ်ချို၊
ဇော်မိုးအောင် နဲ့ ဝေယံမျိုး တို့ဘဲဖြစ်သည်။
မသံစဉ်ချိုကလဲ ကိုဦးလက်အောက်မှာလုပ်
ရပေမဲ့ သူလဲ လုပ်သက်မနည်း။ အဝယ်ဌာန
မှာမရှိမဖြစ်လို့ပြောလို့ရတဲ့ လူတယောက်
ဖြစ်သည်။ အနေအထိုင်ပွင့်ပွင့်လင်းလင်းရှိပြီး
ခေတ်မှီတဲ့ပုံစံ နဲ့ဖြစ်သည်။ နှုတ်ခမ်းရဲရဲနဲ့
High heel စီးပြီးထိုင်နေတဲ့ပုံစံကပင် smart
ကျလွန်းလှသည်။ဆံပင်ကို pony tail စီးထား
ကာ တွဲလျားကျနေတဲ့ နားစွဲလေးက ရှိရင်းစွဲ
အသက်ထက်ပင်ပိုနုနေသေးသည်။

နောက်တယောက်ကတော့ ကိုဇော်မိုးအောင်
ဖြစ်သည်။ သူကတော့ general face ဖြစ်
ပြီး ထူးခြားချက်က မြန်မာဖြစ်ပြီး စကားဝဲ
နေတာလေးဖြစ်သည်။အသားကတော့
ကောင်းထက်လောက်နီးနီးကိုဖြူသည်။
သဘောကောင်းတဲ့ပုံစံပေါက်ပြီး အမြဲလိုလို
ရီရီမောမောနေတတ်တဲ့ type မျိုးဖြစ်တယ်
လို့ကောင်းထက်မှတ်ချက်ပေးလိုက်သည်။

ကောင်းထက်စိတ်ထဲသိပ်သဘောမကျတဲ့
တယောက်ကတော့ ဝေယံမျိုးပင်ဖြစ်သည်။
သူကတော်ပြီးထက်မြက်တဲ့လူတယောက်ဆို
တာသူ့အနေအထားကို ကြည့်ရုံနဲ့တင်ပေါ်
လွင်နေသည်။ဒါပေမဲ့ ကောင်းထက်သိပ်
မကြိုက်တာက သူ့မျက်လုံးတွေနဲ့ အပြုအမူ
တွေဖြစ်သည်။ ရုတ်တရက်ဆိုသလို
အဝယ်စာရင်းကြည့်နေတဲ့ ကောင်းထက်လက်
ကို mouse ကိုင်တဲ့ပုံစံလိုလိုကိုင်တာတွေ၊
ကွန်ပျုတာ screen ကိုကြည့်နေရင်း ပခုံးကို
ဖက်လိုက်တာတွေကို သိပ်သဘောမကျ။
ကောင်းထက်လို အာကာဇော်လဲမကြိုက်မှန်း
သိသာသည်။ ကောင်းထက်နဲ့ အာကာဇော်လဲ
ကုန်ကြမ်းပစ္စည်းရနိုင်တဲ့ စက်ရုံတွေ၊ ဘယ်လို
မှာရတာတွေ quality စစ်ဆေးတာတွေ၊
အဝယ်တော်တွေနဲ့ စကားပြောဆိုတာတွေကို
မှတ်နိုင်သလောက်မှတ်ပြီး လေ့လာနေရတော့
အချိန်ကုန်မှန်းမသိကုန်နေတော့သည်။ ၂ နာရီ
ထိုးလို့ ကိုဦးပြန်လာပြီး ထမင်းစားပြီးပြီလား
မေးတော့မှ ထမင်းစားဖို့ကိုသတိရတော့
သည်။ အဲ့တော့မှ ကောင်းထက်နဲ့ ဇွဲလည်း
ထမင်းစားတဲ့နေရာကိုသွားပြီး အနားသွားယူ
တော့သည်။

Opposite Season 2 ( Our Chemistry )Wo Geschichten leben. Entdecke jetzt