2

451 41 1
                                    

M 🌸 I 🌸N 🌸E 🐱🐥

Yuwin..

Part - 2

......
(Unicode font)
......

•••••••••••••••••••••••••••••••••••

ကျနော် ကိုကို့လက်ကို မြတ်နိူးတန်ဖိုးထားလွန်းစွာ နမ်းရှိုက်မိသည်။ ကျနော့အတွက် 'ကိုကို' ဆိုတဲ့ ဖြစ်တည်မှု? ဆရာဖြစ်သည်။ ကျေးဇူးရှင်ဖြစ်သည်။ မိဘဖြစ်ပြီး အကိုဖြစ်သည်။ ဘယ်သောအခါကမှ ကိုကိုသည် ကျနော် ခင်ရတဲ့လူ မဖြစ်ခဲ့ဖူးပါ။ ကိုကို ကျနော့ကို ပထမဆုံး လာပြောတဲ့ စကားက ဆယ်နှစ်ဆိုတဲ့ ကာလအတွက် အလှပဆုံးထင်သည်။

" ကိုယ်မင်းနဲ့ ရင်းနှီးချင်တယ် '' တဲ့။ သူစိမ်းတွေနဲ့ ဝေးဝေးနေတတ်တဲ့ ကျနော့ကို သူကတော့ အထူးတလည် အနေနဲ့ ကျနော်ဟာ သူ့ပိုင်ဆိုင်မှု ဆိုတာကို နေရာမရှောင် လူမရှောင် ကြွားပြတတ်ခဲ့သည့်သူ။ ထိုသတ္တိကိုပါ အံ့သြဖူးသည်။ ထို့အတူ နှစ်သက်သည်။ အရမ်းကျနော့ကို လက်ထဲက လွတ်မှာတောင် ကြောက်လန့်နေတဲ့လူကို ပထမဆုံး တွေ့ဖူးခဲ့သလို သူလိုပြီးပြည့်စုံတဲ့ လူဆီကနေ ကျနော်က တကယ် အချစ်ခံထိုက်သည်လား ဆိုတာကိုလည်း ကိုကို့ကို တွေ့တိုင်း မေးခွန်းထုတ်မိသည်။

" ဝင်းဝင်းနီး.. ''

" ချစ်တယ် ကိုကို.. ''

ဂျပန်လူမျိုးဖြစ်တဲ့ ကိုကိုက သူ့ကိုချစ်ကြောင်း ပြောရင် တရုတ်လိုပြောတာကို ပိုကြိုက်သည်။ ကျနော့ကြောင့် တရုတ်စာ အားလုံး ကျင့်သားရအောင် စားတတ်ခဲ့တဲ့ ကိုကို့ကို တကယ် တရုတ်စာ ကြိုက်လို့လို့ ထင်ပြီး တရုတ်ဘာသားစကားကို သဘောကျသည်ဟု ထင်ခဲ့ဖူးသည်။ မဟုတ်ပါ။ ကျနော့ကို အသက်ရှူချောင်စေခြင်း တစ်မျိုးတည်း အတွက်ပါတဲ့လေ။ စသဖြင့် ကျနော့အတွက်ကို အသေးစိတ် ဂရုစိုက်တတ်သည့်လူ။ သူ့ရဲ့ လက်ဖဝါးကို ကြာရှည်စွာ ထိကပ်နမ်းပြီးနောက် လက်ဖမိုး၂ဖက်လုံးကို နမ်းတော့ သူဆိုဖာပေါ်ကနေဆင်းပြီး ကျနော့ကို ထွေးပွေ့ဖို့ရွယ်သည်။

" ဝင်းဝင်းနီး..! ဘာဖြစ်တာလဲ ဘာလို့လဲ ကိုကို ဘာလုပ်မိလို့လဲ????''

မျက်ရည် ဝဲမိပြန်သည်။ ထရိန်နင်ကာလ ခက်ခဲလွန်းလို့ အိမ်ကိုလွမ်းရင်း ငိုခဲ့ဖူးသော တစ်ကြိမ်မှလွဲ၍ ကျွန်တော့မျက်ရည်သည် ကိုကို့အတွက်မှ မဟုတ်ရင် မကျဖူးပါ။ သူကျွန်တော့ကို ပထမဆုံး အိုဆာကာကို ခေါ်ခဲ့ဖူးသည့် ၂၀၁၆ က စပြီး ကိုကို့အတွက်နဲ့ ကျွန်တော်ငိုတတ်ခဲ့တာ။ လူတွေကို အားလုံး အတူတူသာ ဆက်ဆံတတ်တဲ့ ကျွန်တော့ကို သူက အယုံကြည်ရဆုံး လူ ဖြစ်အောင်၊ သူ့စိတ်တကွက် ပျက်မှာကို ကြောက်တတ်အောင်၊ သူများ တစ်ခုခု မကြိုက်မလားဆိုတာကို စိုးရိမ်တတ်အောင် အမျိုးစုံ ဖန်တီးခဲ့တဲ့ အရှင်..။

MINE ( Yuwin - NCT) Where stories live. Discover now