"အင်း..မသွားချင်ဘူး...ဟင်းးး...မသွားချင်လည်းသွားရမှာဘဲမလား...သိပါတယ်. မသွားလို့မှမရတာကို"

မရလောက်ဘူးအထင်နဲ့၀မ်ရိပေါ့်လက်ကိုဆောင့်ကာအောင့်ကာဖြုတ်ချလိုက်ပြီး သက်ပြင်းလေးနှောရင်းပြော၏။

"ရုပ်ကြီးကလည်း...ဟက်"

နှုတ်ခမ်းဆူထားတဲ့ရှောင်းကျန့်ရဲ့ပါးစောင်ကခပ်ဖောင်းဖောင်းရယ်။ထိုဖောင်းဖောင်းအိအိပါးကြီးကို၀မ်ရိပေါ်က လက်ညိုးနဲ့လက်မသုံးလို့ဖျစ်ညှစ်ရင်းစတယ်။

"မလုပ်နဲ့...ကောင်စီကိုသွားမယ်.."

လက်ကိုပုတ်ချရင်းပြောတဲ့ရှောင်းစူပုပ်ကြောင့်၀မ်ရိပေါ်ကခပ်ဖွဖွပြုံးရင်းပြောတယ်။

"မသွားတော့ဘူး...မင်းမသွားချင်ဘူးဆို"

"အယ်..အဲ့လိုလုပ်လို့ရလား"

ဓူ၀ံကြယ်တွေစီသွင်းထားတဲ့မျက်နှာမျိုးနဲ့တလက်လက်ထရင်းမေးလာတော့....

"မင်းအတွက်ဆိုမရတာဘာမှမရှိဘူး!!"
.
.
.
.
.
.

ငယ်ရွယ်မှုတွေကလွတ်လပ်တယ်။ပျော်စရာကောင်းတယ်။ဒီလိုအချိန်တွေကို အချစ်ဆုံးသူငယ်ဂျင်းဖြစ်တဲ့ ရှောင်းကျန့်နဲ့ပဲဖြတ်သန်းချင်တာ ၀မ်ရိပေါ်ရဲ့ဆန္ဒပါ။

မူကြိုကျောင်းမှာစတွေ့ချိန်တုန်းက ရှောင်းကျန့်ဆိုလေ့ရှိတဲ့ကဗျာတစ်ပုဒ်ရှိတယ်။ဘယ်သူသင်ပေးလိုက်သလဲမသိပေမဲ့ အဲ့ကဗျာကိုရှောင်းကျန့်ဆိုနေတာကြားတိုင်း ၀မ်ရိပေါ်မျက်နှာကြီးကမဖုံးမဖိနိုင်အောင်ပြုံးဖြီးနေခဲ့တာတော့သိတယ်။

ရှောင်းကျန့်ဆိုတဲ့ကဗျာလေးက...

"ဝေအိဖော်နဲ့ဂျောင်းဂျန့်ဟာတူနယ်ဂျင်းတွေပါ။
တိနေ့သောအထာရန်ဂျစ်ဂျ။
ဝေအိဖော်ကနှထန်းနဲ့ချ
ဂျောင်ဂျောင်းဂျန့်ယဲ့မက်နာ၀ယ် ချတွေးကွက်တွေကကွယ်
ဘယ်ကရတလဲဆိုရင်တော့...ဝေအိဖော်မွမွလုပ်လို့ပေါ့...ခ်ခ်.."

ကလေးစကားနဲ့ဆိုရင်တော့နားထောင်ရတာထောက်နေလိမ့်မယ်။ဒါကြောင့်မင်းတို့ကို၀မ်ရိပေါ်ကပြန်ဆိုပြမယ်တဲ့။။

My Youth Is YoursWhere stories live. Discover now