atè ao fim do mundo

Start from the beginning
                                    

နိုင်:အဲ့တာအမေနိုင့်ကိုအသီးအရွက်မကျွေး..

ဒေါက်~

နိုင်:အ~တကယ်ကြီးလုပ်တယ် အမေကလည်း
နိုင်ခေါင်းမကောင်းတော့ရင်အဲ့တာအမေအပြစ်နော်

အမေ:ငါဒီထပ်ပိုလုပ်ရင် နင်တော့နာတော့မယ်
ဖယ်ဦး ငါတံမြက်စည်းလှဲရဦးမယ် မိန်းကလေးဖြစ်ပြီးကူဖော်လောင်ဖက်လည်းမရ နေတော့လည်းမိန်းကလေးမဆန် အားနေကောင်လေးမြင်ရင်လင်ပေးစား ငါလည်းဘယ်လိုသမီးကိုမွေးထားမိပါလိမ့် အိမ်ကိုသမက်မခေါ်ပဲချွေးမခေါ်လာရင်လည်း
ဒုက္ခ ရင်မောလိုက်တာတော်

အမေ့ရဲ့တသီတတန်းသြဝါဒတွေကိုအလွတ်ရနေတာမို့ကို့အခန်းထဲမှာသာbl ficဖတ်ရန်ပြန်လာခဲ့သည်

လူတွေကပြောကြတယ် အဲ့လိုအမှောင်တွေဖတ်ရင်နှာဘူးတဲ့ အဲ့လိုအမှောင်တွေဖတ်တဲ့လူကအပြင်မှာဘာမှလုပ်ရဲတဲ့သတ္တိမရှိဘူး လင်ပေးစားရဲတာလေးကလွဲလို့~

အမှန်ကကိုလူပေါင်းမှားတာပါ ကို့သူငယ်ချင်းfujoshiမတွေရဲ့လမ်းစဉ်ကိုလိုက်လိုက်တော့ကိုကသူတို့ထက်ကျော်လွန်ပြီးအမှောင်အင်ပါယာရဲ့သခင်မကိုဖြစ်သွားတော့တာပဲ ဟိုကောင်မတွေကတော့ပြောပါတယ်အဲ့လိုဇာတ်သွင်းလို့ရတာနင်ဓာတ်ခံရှိလို့တဲ့ ဟွန့် သူများinnocenceနေတာကိုလာဖျက်စီးတဲ့သူတော်မကောင်းမတွေ
ကို့အကြောင်းလဲintroဝင်ရသေးတာပေါ့ နောက်ပိုင်းကကို့အချစ်အကြောင်းတွေပဲပြောရတော့မှာဆိုတော့

ကဲကဲ တကယ့်ဇာတ်လမ်းကဒီမှာစတာ

Bl လောကမှာပျော်မွေ့သာယာနေတဲ့ကို့ရဲ့ဘဝကိုoc(online class)ဆိုတဲ့အနှောင့်အယှက်ကြီးကဖျက်စီးပစ်လိုက်တာပဲ အမှန်ကဘာမပြောညာမပြောနဲ့ocအပ်လိုက်တာကို့ရဲ့ချစ်ရပါသောမာတာမိခင်ပါ အဖေ့ကိုတိုင်တော့အဖေကတခွန်းထဲပြောတယ် အင်း~တဲ့ တကယ့်မယကမှမယက မိန်းမကတခွန်းဆိုတခွန်း ဒါများလူကြားကောင်းအောင်ကြောက်တာမဟုတ်ဘူး ချစ်တာပါတဲ့ ဘာပဲနေနေကြောက်တာကကြောက်တာပဲ

ကိုလည်းocအပ်ခံလိုက်ရပြီဆိုတော့ဆရာတွေနဲ့တွေ့ဆုံပွဲတက်ရတော့တာပေါ့ အမေကတော့အတင်းပြုံးခိုင်းနေတာဘေးနားကနေဗိုက်ကိုလိမ်ဆွဲပြီး စဉ်းစားကြည့်ဗိုက်ကိုလိမ်ဆွဲထားမှတော့ပြုံးနိုင်ပါဦးမလား ဆရာတွေကတောင်မေးတယ် သမီးလေး နေမကောင်းဘူးလားတဲ့ ကိုလဲရွှီးရှောင်လိုက်လုပ်ရတော့တာပေါ့ ခေါင်းနည်းနည်းကိုက်နေလို့ပါပေါ့ နောက်ပြီးအမေနဲ့တီးတိုးရန်ဖြစ်နေရင်းကို့ရဲ့ဝဲဘက်နှလုံးသားလေးကိုလှုပ်ခါလိုက်တဲ့ချိုမြိန်လှသောနှုတ်ဆက်သံလေးထွက်လာခဲ့တယ်
နာမည်လေးကမာန်သစ္စာတဲ့ ကိုနဲ့တက်တဲ့ကျောင်းတူတူပဲတဲ့ ဒါဆိုအချစ်ကနီးနီးလေးမှာရှိနေတာကိုရှာမကြည့်မိခဲ့တဲ့ကို့အပြစ်ပေါ့ မာတာမိခင်ကြီးကိုချက်ချင်းထိုင်ကန်တော့ချင်စိတ်ပေါက်သွားတယ် တကယ်ပြောတာ

atè ao fim do mundo Where stories live. Discover now