Episode -1

6.6K 470 4
                                    

ရစ်တွယ်မိသောသံယောဇဥ်

လေနုအေးလေးများလွှမ်းခြုံထားသော ဆွတ်ပြန့်ဖွယ်ဆောင်းဦးညလေးတစ်ည.....

ကောင်းကင်တွင်ကြယ်စင်များကတော့ဆောင်းလေအေးကိုမမှုဘဲအပြိုင်အဆိုင်ဝံ့ကြွားနေဟန်ရှိသည်။

ဆောင်းဦးဖြစ်တာကြောင့်အအေးမပိုသေပေမဲ့မဟူရာရောင်ကောင်းကင်ကြီးထက်မှာတော့လပြည့်ဝန်းကြီးကအေးချမ်းမှုကိုပုံဖော်နေသည်။

တစ်စုံတစ်ယောက်များထိုမြင်ကွင်းကိုမြင်ပါက'အေးချမ်းလိုက်တာ'ဟုရေရွတ်မိမည်မှာမလွှဲဧကန်ပင်။

သို့သော်ထိုတစ်စုံတစ်ယောက်ဆိုသည့်အထဲတွင်ထျန်းဝူတိုင်းပြည်၏ဧကရာဇ်မင်းတော့ပါမည်မထင်ပေ။

လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားသည်မှာစိတ်လှုပ်ရှားမှု၏သက်သေပင်လော။
မျက်ဝန်းများကတစုံတရာကိုမျှော်လင့်တကြီးစောင့်စားနေလျက်.....

'ဟန်ချင်း'နန်းဆောင်ရှေ့တွင်ခြေလှမ်းများဟိုဒီရွေ့လျားနေသည်မှာရေတွက်၍ ပင်မရနိုင်တော့။

အဆောင်ထဲမှသူ၏ချစ်လှစွာသောမိဖုရားလေး၏တိုးတခါကျယ်တလှည့်ညည်းတွားသံမှာသူ့အတွက်တော့စိတ်မချမ်းမြေ့ဖွယ်အတိပင်။

နန်းတွင်းသမားတော်ကြီး၏"မယ်မယ်ဖွားတော့မယ်အားတင်းထားပါ"ဆိုသောအသံနှင့်အတူ"အူဝဲ"ဟူသောဆည်းလည်းသံလေးထွက်လာမှအံ့သြဝမ်းသာမှုနှင့်အတူမျက်ရည်ကြည်များဝေ့သီလာသည်အထိပီတိဖြစ်ရပါသည်။

ထို့နောက်အဆောင်တံခါးဖွင့်သံနှင့်"အရှင်မင်းကြီးသားတော်လေးဖွားမြင်ပါတယ်"ဆိုသောစကားအဆုံးလက်ထဲရောက်ရှိလာသောဝါဂွမ်းစောင်ထူထူကြားမှာနစ်မြုပ်နေပါတဲ့ မိမိ၏ ရင်နှစ်သည်းချာလေး...

မွေးစကလေးဖြစ်သော်ငြားသူမတူသောအရှိန်အဝါများနှင့်ထည်ဝါနေသောမိမိ၏သားတော်လေး...

နန်းရင်ပြင်တခွင်လုံးတွင်တော့"ဂုဏ်ယူပါတယ်အရှင်မင်းကြီး"ဟူသောထောပနာသံများနှင့်ပြည့်နှက်လျက်သာပင်။

ရုတ်ချည်းတိတ်ဆိတ်သွားမှုကြောင့် သားတော်လေးထံမှအကြည့်လွှဲကာပတ်ဝန်းကျင်ကိုစနည်းနာကြည့်တော့နန်းရင်ပြင်အလယ်လောက်တွင်ရွှေမှုန်များစုတည်လာကာပုံရိပ်တစ်ခုဖြစ်တည်လာသည်။

No one but U, your Majesty !(Completed )Where stories live. Discover now