" ဟို ကိုကို မောင်ရောလိုက်ခဲ့မယ်လေ ၊ မောင်လည်း ညနေကျ အားမှာပဲ "

ဖိုင်တွေ အိတ်ထဲထည့်ရင်း ရိပ်ရောင်က အံ့သြသလိုကြည့်ရင်း ချက်ချင်းပဲလက်ခံပါ၏ ။

" အင်း မောင်လိုက်ချင်လည်း လိုက်ခဲ့လေ၊ အဲ့ဒါဆို  ရုံးဆင်းရင် ငါ ကုမ္ပဏီကစောင့်မယ်၊ အဲ့ကျမှ အတူတူသွားကြတာပေါ့ "

ရိပ်ရောင်ထွက်သွားမှ ကုတင်ပေါ်က ကပြာကယာဆင်းကာ လက်ယာလည်း အလုပ်သွားဖို့ပြင်ရပါသည် ။ သူ ပျက်ထားတဲ့အလုပ်တွေ ပုံနေပြီလေ ။

နောက် ..လက်ယာ ဆုံးဖြတ်ထားသည် ။ မနေ့က သုပိုင်ပြောတဲ့စကားတွေကို အလေးအနက်ထားပြီး စဉ်းစားဖို့ ။

အချိန်အတော်ကြာယူရမယ်ဆိုပေမဲ့ သူ့နှလုံးသားကအဖြေကို သူကျိန်းသေပေါက်ဖော်ထုတ်ပါမည် ။

ကိုကို့ကို မချစ်နိုင်တာသေချာပါတယ်ဆိုရင်တော့ သူ ဒီဇာတ်ကိုဆက်မကဘဲ ကိုကို့ကို လမ်းခွဲပေးဖို့ နားဝင်အောင်ဖျောင်းဖြမည် ။

အကယ်၍များသာ ချစ်နေပါတယ်ဆိုရင်တော့..

ပိုးဟပ်ဖြူလေး နံဘေးမှာသာ.....

_______________

" ရိပ်ရောင် နောက်နှစ်ရက်လောက်နေရင် စာချုပ်ချုပ်ဖို့ တရုတ်ဘက်ကို ခနသွားရမယ် "

" အင်း ဘယ်နှစ်ရက်လောက်ကြာမှာလဲ "

" သိပ်မကြာနိုင်ပါဘူး ၊ အဆင်ပြေရင် အလွန်ဆုံးငါးရက်လောက်ပဲ "

" ငါမသွားခင် အစည်းအဝေးလုပ်ပြီး အလုပ်လေးတွေခွဲပေးထားခဲ့မယ် ၊ မနက်ဖြန် meeting ခေါ်လိုက် "

" အင်း ဟုတ်ပြီလေ "

ဇေသုတကိုပြောပြီး ရိပ်ရောင် စာရင်းတစ်ချို့တွက်နေလိုက်သည် ။  သို့သော် ဇေသုတက ရိပ်ရောင်ဘေးမှာ ရပ်နေမြဲပင် ။ ဖိုင်တွဲကိုခနချ၍ မော့ကြည့်လိုက်သည် ။

" ဇေသု...ဘာပြောစရာရှိသေးလို့လဲ "

ရိပ်ရောင်မေးတော့ ပြောသင့်မပြောသင့် အနည်းငယ်စဉ်းစားနေပြီးမှ..

" ဟိုလေ...အဲ့ခရီးစဉ်မှာ JE group လည်း ပါလိမ့်မယ် ၊ သူတို့က project ပူးပေါင်းထားတာဆိုတော့ "

မောင့် အလိုကျ [Completed]Where stories live. Discover now