Edelweiss 8

1.6K 40 9
                                        

Unicode

ကိုယ့်အတွက်လို့သတ်မှတ်ထားတဲ့ ပန်းက
ကိုယ့်အတွက်မဟုတ်ခဲ့ဖူး Edelweiss...
ရွက်လွှာ တစ်ခုစီတိုင်းအတွက်
ခံစားရတယ်ဆိုရင်ရော...။

🌸

" ဘာလို့လည်း Chu"

ယောင်ယမ်းပြီး လက်ထဲက ပုလင်းကို လွှတ်ချလိုက်တော့ Jane ကမေးလာတယ်...
ဘာလို့လည်း...ဘာလိို့ ရင်ဘက်ထဲမှာ ကွက်လပ်ကြီးဖြစ်သွားသလို ခံစားရတာလည်း....Jisoo မသိဘူး...

မျက်တောင်တွေကို ခပ်မြန်မြန်ခတ်ပြီး ငိုချင်စိတ်ကို ဖုံးကွယ်လိုက်တယ်...
စီးပွားရေးလုပ်နေတဲ့အမျိူးသမီးတစ်ဦးအတွက်
လိမ်တယ်ဆိုတာ ဘာမှမဟုတ်လှဘူး...

" ဘာမှမဖြစ်ပါဘူး... ဒါနဲ့ Jane နဲ့ ဘယ်လိုစသိကြတာလည်း "

ဝမ်းနည်းစိတ်ကို ချိူးနှိမ်ရင်း Jane ကိုမေးတော့ Jane က ရှက်ပြုံးလေး ပြုံးတယ်...

" တကယ်တော့ သူနဲ့ တွဲ ကြတာ နှစ်ပတ်တောင်မပြည့်သေးဘူး... ကိုယ့် ဆိုင်မှာ သူက ကျောင်းဆင်းရင် လာထိုင်တတ်တယ် သူ့သူငယ်ချင်းတွေနဲ့
ကိုယ်နဲ့ စဆုံးတာပဲ..."

ဘာမှပြန်မပြောဘဲ ဆိုဂျူကိုသာ မော့သောက်လိုက်တော့ Jane က ခပ်ဖွဖွ ရယ်သည်...
နောက်တော့ သူပါလိုက်မော့ရင်း Jisoo ကို မေးလာတယ်...

" Chu ပြောစရာရှိတယ်ဆို "

Jisoo ဘယ်လိုပြန်ဖြေရတော့မယ်မှန်း မသိတော့
သူမ ပြောမဲ့ အကြောင်းအရာက အချစ်ဆုံးသူငယ်ချင်းရဲ့ ရည်းစားအသစ်စက်စက်ကလေးအပေါ် စိတ်ယိမ်းယိုင်နေတဲ့ အကြောင်းမှန်း Jisoo ကပြောပြရက်မှာတဲ့လား...

" ဒီလိုပါပဲ... အစကတော့ ရင်ဖွင့်ချင်လို့လာပေမယ့် အခုတော့ တို့ အဆင်သင့်မဖြစ်သေးဘူး Jane..နောက်မှပေါ့ "

Jane က ပြုံးရင်း ခေါင်းငြိမ့်သည်...
လက်ကျန်ကို အကုန်သောက်လိုက်ရင်း ပြန်မယ်လုပ်တော့ Jane က ကားရှေ့ထိလိုက်ပို့သည်...

ကား စတီယာရင်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်းကိုယ့်ကိုယ်ကို ဖြေသိမ့်နေရသည်...
အခုပုံအတိုင်းအိမ်ပြန်သွားရင် အဆင်မပြေတာမလို့ ဟိုတယ် တစ်ခုကိုဝင်ကာ ဟိုတယ်မှာဘဲ အိပ်ဖို့ပြင်လိုက်သည်...

Edelweiss 2Stories to obsess over. Discover now