လည်​သည်းများအားစနစ်​တကျညီညီညာညာနှင့်
စိတ်​ရှည်​လက်​ရှည်​ညှပ်​​ပေးအပြီးတွင်​ သူဧ။်​​ခြေ​ထောက်
များသို့အကြည့်​​ရောက်​ပြန်​သည်​။
ဘောင်းဘီအနက်​​ရောင်​​အောက်​မှတစ်​စွန်းတစ်​စ
ပေါ်​နေ​သော​ခြေခုံဖြူ ဖြူ ​လေးကို ကြည့်​ရသည်​ကို
အားမရစွာဖြင့်​ ခုံမှထကာ ကုတင်​​ခြေရင်းဆီလှမ်းမိ
တော့သည်​။

သူသည်​​မျောက်​က​လေးနှယ်​ ​ခြေခုံဖြူ ​လေးတွင်​ပင်
မွေးညင်းနုနု​လေးများ​ပေါက်​​နေ​သေးသည်​။
သို့​သော်​ ပါးပါးမျှင်​မျှင်​​လေးသာဖြစ်​ပြီး
ကြည့်​ရဆိုး​အောင်​​ပေါက်​​နေခြင်းမျိုးမဟုတ်​။
ပုံမှန်​ကြည့်​လျှင်​စင်းလုံး​ချော​နေသည်​ဟုထင်​ရ​သော်
လည်း အနီးကပ်​ကြည့်​မှသာမြင်​ရ​သော သူဧ။်
အစိတ်​အပိုင်းများဆီမှ ​မွေးညင်းနု​လေးများသည်
လှလှပပနှင့်​​အသားတကျရှိလှသည်​။

ခြေသည်းများသည်​လည်း လက်​သည်းတို့နည်းတူစွာ
အ​ရောင်​ကြည်​ကြည်​​လေးပင်​ဖြစ်​သည်​။
လွန်​စွာရှည်​​နေခြင်းမျိုးမဟုတ်​​သော​ကြောင့်
မညှပ်​​ပေး​တော့ဘဲ မနက်​၁၀နာရီထိုးသည့်​တိုင်​နိုး
မလာ​သေး​သော ရှင်းဆက်​အစုတ်​ပလုတ်​က​လေးအား
နှိုးရန်​ပြင်​ရ​တော့သည်​။

"ရှင်း...ထ​တော့​လေ"

သူ့လက်​​မောင်းကိုဆုပ်​ကိုင်​လှုပ်​ကာ နှိုးလိုက်​​တော့
အင်း အဲ အသံနှင့်​အတူတစ်​ခြားဖက်​လှည့်​အိပ်​​နေပြန်
သည်​။ကာလနဂါး​သေလို့ဝင်​စားသလားမှတ်​ရ​အောင်
သူစွမ်းသည်​။

"ရှင်း​ရေ ထ​တော့​လေကွာ မင်းဟာကမဟုတ်​​တော့ဘူး"

ကုတင်​​ပေါ်တက်​လိုက်​ပြီး သူ့​ခြေ​ထောက်​များကိုခွကာ
သူလှည့်​အိပ်​​နေ​သောဖက်​ခြမ်းဆီသို့ငုံ့ကိုင်းပြီး
သူ့မျက်​နှာကိုကြည့်​လိုက်​ကာ​အော်​​ပြော​တော့လည်း
တစ်​ချက်​မှမလှုပ်​။
သူဧ။်​နှာ​ခေါင်းလုံးလုံး​လေးကိုဆွဲညှစ်​လိုက်​ပြီး

"ရှင်း ၁၀နာရီထိုးပြီကွ ထမင်းစားချိန်​​ရောက်​ပြီ"

နှာ​ခေါင်းကိုဆွဲညှစ်​ခံရ၍မွန်းသွားသည်​ထင်​ ရုန်းကန်
လာပြီး မျက်​လုံး​မှေးစင်းစင်းဖြစ်​​နေရာမှအားယူဖွင့်​ကြည့်
လာသည်​။မော့ကြည့်​ကာ ကိုယ်​မှန်းသိသည်​နှင့်

CHEERLEADER (Completed) Where stories live. Discover now