အခန်း◀၀၁▶

1.9K 216 29
                                    

ကားပေါ်ကဆင်းလာပြီး ခြံထဲကိုချက်ချင်း မဝင်ဖြစ်သေး ... လက်တစ်ဖက်ကိုခါးမှာထောက် ခြံရှေ့မှာအသေအချာရပ်ကာ နှုတ်ခမ်းလေးတစ်ဖက်မဲ့ရင်း တစ်ခြံလုံးကိုမြင်ရသလောက် စေ့စေ့စူးစူးလိုက်ကြည့်နေမိသည်။ခြံက သိပ်မကျယ်.....သိပ်လည်းမကျဉ်းပါ။သပ်သပ်ရပ်ရပ်လှပသော တစ်ထပ်ခွဲတိုက်ကလေးရဲ့ဘေးမှာ... စင်တွေနဲ့တန်းစီစိုက်ထားတဲ့ပန်းပင်တွေရှိနေတာတောင် နေရာလွတ်နည်းနည်းကျန်နေသေးသည်။

တိုက်အရှေ့မျက်နှာစာမှာလည်း နေရာတော်တော်ကျန်သည်။အိမ်ဆောက်ကတည်းက တမင်အနောက်ကိုဆုတ်ပြီးဆောက်ထားတယ်ထင်ပါရဲ့...။အိမ်ဆောက်နေထဲက Xing ကလာကြည့်ပါ တဖွဖွခေါ်နေသားပဲ...ဆန္ဒြပတဲ့အနေနဲ့ကို တမင်လာမကြည့်တာ...။နောက်ဆုံးတော့လည်း လိုက်လျောရမှာပဲဆိုတာကိုသိနေပေမယ့် လိုက်နာရမှာပဲဆိုတာကိုလည်း လက်ခံထားပြီးဖြစ်ပေမယ့်...မကျေနပ်တာကိုတော့ သိအောင်ပြရဦးမှာပဲ။

ဘာပဲဖြစ်ဖြစ် ညနေခင်းတွေမှာ အပျင်းပြေထွက်ထိုင်ဖို့ ဒါန်းကလေးတစ်ခုလောက်ချထားစရာနေရာကျန်တာသေချာသွားပြီဆိုတော့ စိတ်ကျေနပ်သွားရကာ.... ခြံထဲကို ခြေလှမ်းရွှေ့ကာဝင်လာခဲ့လိုက်သည်။ စောစောထဲကလက်ထဲကိုင်ထားသည့် အမွှေးပွပွ ခွေးအရုပ်အကြီးကြီးကို ရင်ခွင်မှာပိုက်ပြီး သစ်ခွစင်တန်းရဲ့ ဘေးနားအုတ်ခုံတစ်ခုမှာ ဝင်ထိုင်ကာ သူများတွေအလုပ်လုပ်တာကိုငေးနေလိုက်၏။

Yixing နဲ့သူ့ကောင်လေးတွေနှစ်ယောက်သုံးယောက်က ကားပေါ်ကအထုပ်တွေ...စက္ကူပုံးတွေကို သယ်ချရင်း Luhan မေးထောက်ထိုင်ငေးနေတာကို ပြုံးကြည့်သွားကာ...

" ငပျင်း....လုပ်ကူလေကွာ... သူများတွေအလုပ်လုပ်နေတာကို ကြည့်ကောင်းနေလား..."

Xing လောက်ကိုတော့ Luhan မကြောက်သေးထဲက....

နှာခေါင်းလေးကိုရှုံ့ပြကာ နှုတ်ခမ်းကိုချွန်ရင်း...

"အွန်း....ကိုကြီးအိမ်ကကျဉ်းကျဉ်း...သယ်နေတဲ့လူကများများနဲ့ သားဝင်လုပ်ရင်ရှုပ်နေမှာပေါ့ ... အကူအညီဖြစ်မှာမဟုတ်ပါဘူး...ကိုယ့်ဘာသာပဲလုပ်လိုက်တော့..."

Xing ကရယ်လို့နေသည်။သဘောကောင်းအေးချမ်းသော မျက်နှာနဲ့ အမြဲပြုံးနေတတ်တဲ့ Xing ကအပြင်ပန်းရုပ်သွင်နဲ့လိုက်ဖက်အောင်ကို စိတ်သဘောထားကလည်း နူးညံ့ကာသည်းခံတတ်လွန်းတာပါ။

နှလုံးသားကငြင်းဆိုတယ် ||completed||Where stories live. Discover now