ခနအကြာတော့ ဝင်ခွင့်တောင်းတဲ့ အသံနဲ့ အတူ ရောက်လာခဲ့သည်က လုချင်ဖေး

"ဝင်ခဲ့ "

"ဘာကိစ္စများရှိလို့လဲ သခင်လေး "

"နောက်နှစ်ရက်နေရင် လူရွေးပွဲရှိတယ် ကျန့်ရဲ့ အလုပ်စပြီ "

"ဟုတ်သခင်လေး သိထားပါတယ် "

"ကျန့် ရဲ့ stylistကို သေချာစီစဥ်ပေး
သိပ်ပြီး ဆွဲဆောင်မှုရှိတာမျိုးဆို အ​ဆင်မပြေဘူး အကျီကို ပါးတဲ့ဟာမျိုးမဖြစ်စေနဲ့ အသားကိုလည်း မလိုအပ်ဘဲ မပေါ်စေနဲ့ "

ကျန့်ကို သူများ​တွေကြည့်နေရင် ပြသနာရှာမိမှာဆိုးလို့ ကြိုမှာနေရတာ ကိုယ့်စိတ်ကိုယ် ကိုယ်ပဲသိတယ် ကျန့်နဲ့ပတ်သက်ရင်
သေးသေးလေးတောင် သဝန်တိုတတ်တာ
ခက်တာက ကျန့်ရဲ့ ဝါသနာကိုက လူအများ
အာရုံစိုက်ခံရတဲ့ အနုပညာအလုပ်ဖြစ်နေတာ

"ကျွန်တော်​ သေချာစီစဥ်လိုက်ပါ့မယ် သ​ခင်လေး "

"ပြီးတော့ ကျန့်ကို စိတ်အနှောက်အယှက် ဖြစ်စေမယ့် အရာတွေ့ရင် ချက်ချင်းလာပြော
တတ်နိုင်သလောက်ဂရုစိုက်ပေး"

"ဟုတ်ကဲ့  သခင်လေး "

"အထူးအထွေ ကိစ္စမရှိရင်တော့
ပုံမှန်အတိုင်း ဖုန်းနဲ့ ပြော​တော့
ကျန့် ရိပ်မိသွားမှာမျိုး မဖြစ်စေနဲ့"

"ကျွန်တော်ဂရုစိုက်ပါ့မယ် "

"အော် ကျန်သေးတယ် ကျန့်ဘေးမှာ security များများထားပေး
fanတွေနဲ့တွေ့ရင် ကျန့်ထိခိုက်မှာဆိုးလို့ "

"အားလုံး အဆင်ပြေအောင်လုပ်ထားလိုက်ပါ့မယ် သခင်လေး ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး အလုပ်လေးတွေမပြီးပြတ်သေးလို့ "

xiao di အတွက်ဆို အမြဲ မှာစရာတွေတန်းစီနေတဲ့သခင်လေး က xiao diအတွက် ဘယ်လောက်ဂရုစိုက်ပေးလဲဆိုတာ
xiao diမသိပေမယ့် သူကသိနေတာကြောင့် သခင်လေး မချစ်ကို မလေးစားပဲ မနေနိုင်
ငါးနှစ်လုံးလုံး ဘေးနားမရှိတာတောင် အချစ်မလျော့ဘဲ နောက်ကွယ်ကနေဂရုစိုက်ပေးနေတဲ့ သခင်လေးကြောင့် အနေဝေးလို့ သွေးအေးတယ်ဆိုတဲ့ စကားတွေ​ကြားရင် ရီချင်လာသလိုလို
သခင်လေးက ချစ်တတ်လိုက်တာ

 🐱အချစ်ရဲ့နည်းလမ်း🐰{Completed}Where stories live. Discover now