အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)

Start from the beginning
                                    

နာ့ဝါက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလာသည်။

"ဝူဒိန်းက ထက်မြက်တယ်။ လေစီးကြောင်း ၊ ရေစီးကြောင်းတွေကို ကြည့်ရှုအကဲခတ်ရာမှာ ကျွမ်းကျင်လှတယ်။ သူနဲ့ ခွန်းတာနဲ့က ခပ်လှမ်းလှမ်းတော်စပ်တဲ့ ဆွေမျိုးတွေပါ။ ပြီးတော့ ခွန်းတာကလည်း ကောင်လိပြည်မင်းသမီးကို ကြင်သူသက်ထားအဖြစ် စုလျားရစ်ပတ်ထားတော့ ကျင်းထိုင်ကနေတစ်ဆင့် တာ့ချူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ပြောလို့တောင်ရတယ်။ ပုံမှန်ဆိုရင်တော့ ချူရှိန့်ရဲ့ စည်းရုံးသိမ်းသွင်းမှုကို သူ ဒီလောက်မြန်မြန် လက်ခံမှာတော့ မဟုတ်ဘူးဘုရား။ အများဆုံး ဘယ်ဘက်ကိုမှ မလိုက်ဘဲ ကြားနေအဖြစ်ပဲ ရပ်တည်နေလောက်ပါတယ်"

"အဲ့လိုကိုး"

ချူယွမ်က ခေါင်းညိတ်လိုက်သည်။

"ကိုယ်တော် နားလည်ပါပြီ။ ပြည်နယ်ခေါင်းဆောင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်"

"ဧကရာဇ်ချူရော ဘယ်လိုအကြံအစည်မျိုး ရှိထားပါသလဲဘုရား"

"အသင့်ဒဏ်ရာတွေ အကုန်ပျောက်ပြီးခါမှ ကိုယ်တော်နဲ့အတူလိုက်ပါပြီး စစ်ထွက်တိုက်လှည့်ပါ။ ဆုံးရှုံးသွားတဲ့အရာကို ပြန်သွားပြီး သိမ်းပိုက်ကြစို့"

နာ့ဝါက ခေါင်းအနည်းငယ်ညွှတ်လိုက်ပြီး ပြောလာ၏။

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား"

ထို့နောက် နှစ်ယောက်သား ထိုအခန်းထဲမှထွက်လာတော့ အဆောင်ဝန်းရှေ့တွင် မည်သူမှ ရှိမနေတော့ဘဲ ရှစ်ဇီနှင့် တံခါးစောင့်ရဲမက်အချို့ရယ်သာ ကျန်ရှိနေသည်။ ကျင်းဆူးလည်း ခင်ပွန်းသည်ဖြစ်သူကို အခန်းထဲ ပြန်သွားပို့ကြောင်း ၊ ယဲ့ကျင်သည်လည်း ရှန်ချန်းဖုန်းမှ အတင်းပွေ့ချီပြီး ခေါ်ဆောင်သွားခံရပြီဖြစ်ကြောင်း ၊ ညကျမှ ကြက်ကင်ဆိုင်တွင် ကြက်ကင်သွားစားကြမည်ဖြစ်ကြောင်း ပြောသွားသည်ဟု ရှစ်ဇီက လျှောက်တင်လာ၏။

သွမ့်ပိုင်ယွဲ့ စိတ်ထဲမှ တွေးတောလိုက်မိသည်။ နောင်တစ်ချိန် အခွင့်အရေးရှိလာပါက ရှန်ချန်းဖုန်းနှင့်အတူ သေရည်တစ်ခွက် တစ်ဖလားလောက် သောက်ဖြစ်အောင်သောက်ရပေမည်။

ဧကရာဇ်ဗျူဟာWhere stories live. Discover now