ဂျီမင်းသည်လည်းလှဲကျသွားသော ဂျောင်ဂုအား အနည်းငယ်စိုးရိမ်မိသွားသော်လည်း မိမိ၏ စိုးရိမ်စိတ်အား ဂျောင်ဂု မရိပ်မိအောင် တင်းခံထားလိုက်ပြီး နူတ်ဆက်လေသည်။

"အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်
ဒါဆို ငါတို့တွေ့တာ ဒါနောက်ဆုံးပဲပေါ့
နူတ်ဆက်ခဲ့ပါတယ် ဂျွန်းဂျောင်ဂု မင်းပျော်ရွှင်ပါစေ"

လှည့်ထွက်သွားသော ဂျီမင်းအား ပြန်မသွားပါနှင့်ဟု ဆွဲထားချင်သော်လည်း ဆွဲမထားနိုင်ခဲ့ပေ။
အနီးအနားတွင် ဂျီမင်းမရှိတော့မှ တင်းထားသည့်စိတ်များကို ဖြေလျှော့လိုက်ကာ ရင်ဘတ်ကိုဖိထားကာ

"ဒီလောက်ဆို ကျွန်တော့်ကို စိတ်နာသွားလောက်ပြီနော်
တောင်းပန်ပါတယ်။
ချစ်တယ် Hyung... ကောင်းကောင်းနေရစ်ခဲ့ပါ "

ဂျောင်ဂုထံမှ ထွက်ခွာလာသော ဂျီမင်းသည်လည်း အိမ်ပြန်လမ်းတစ်လျှောက် မျက်ရည်ကျလေသည်။

------------------------------------------------------
1week Later ...

"မင်္ဂလာပါ ပတ်ဂျီမင်းအတွက် ပါဆယ် ရောက်ပါတယ်"

"ကျွန်တော် ဘာမှ မမှာထားပါဘူး"

" ပတ်ဂျီမင်းဆီ ပို့ပေးဖို့ ကျွန်တော်တို့ဆီ လာအပ်သွားတာပါ "

"ဘယ်သူပို့ပေးတာလဲဆိုတာသိခွင့်ရှိမလား"

"ပေးပို့သူ နာမည်ကတော့မရေးထားပါဘူး ကဲ ဒီမှာ ပစ္စညး်လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါအုံး"

"အော ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ပစ္စည်းပို့သမား ပြန်သွားပြီးနောက်တွင် မိမိ၏ အခန်းထဲသို့ ယူဆောင်သွားပြီး စားပွဲပေါ်တင်လိုက်ကာ ပါဆယ်ထုပ်အားဖွင့်ကြည့်လိုက်သော် အထဲတွင်
ဒိုင်ယာရီစာအုပ်တစ်အုပ်၊ဘဲရုပ်တစ်ရုပ်၊  ထို့နောက် ပန်းချီကားအသေးတစ်ချပ် ပါဝင်လေသည်။

ပထမဦးစွာ ဘဲရုပ်အားမြင်သော် တစ်စုံတစ်ဦးအား သတိရသွားဟန်ဖြင့် ရေရွတ်လေသည်။

"ဒါ ငါ ကစားကွင်းမှာ ကောက်ဖူးတဲ့ ဘဲရုပ်ကလေးလိုပဲ။
ငါဂျွန်းဂျောင်ဂုကိုပေးထားတာပါ ဘယ်လိုဖြစ်ပြီးတော့?"

Always and Forever[Completed]Where stories live. Discover now