"ကျုပ်နဲ့ ထပ်ပြီးတော့ မပတ်သက်တော့ ရင် ကောင်းမယ်"

"ငါ မင်းကို တကယ် သတိရနေခဲ့တာပါ ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ ဂျောင်ဂု"

"ဘယ်လိုလုပ်မလဲ ကျုပ်ကတော့ ခင်ဗျားကို နည်းနည်းလေးတောင်သတိမရဘူး"

"စိတ်ရင်းအမှန်လား?"

"ဟုတ်တယ် စိတ်ရင်းအမှန်ပဲ"

"ငါ မယုံဘူး "

"ယုံတာမယုံတာ ခင်ဗျားအပိုင်းပဲ"

"ငါ့ကိုချစ်ခဲ့တာတွေကရော စိတ်ရင်းအမှန်မဟုတ်ခဲ့ဘူးလား?ငါ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးပြော မင်းပါးစပ်ကလိမ်ပြောလို့ရချင်ရမယ် ဒါပေမယ့် မင်းရဲ့မျက်လုံးတွေကတော့ ငါ့ကိုညာလို့ရမှာမဟုတ်ဘူး"

ဂျီမင်း၏ မေးခွန်းကြောင့် အနည်းငယ်တိတ်ဆိတ်သွားလေသည်။
အဖြေကို နူတ်မှဖွင့်မပြောဘဲ အတွေးထဲမှသာ ပေးလိုက်လေသည်။

//Hyungနဲ့ ပတ်သက်တာမှန်သမျှ စိတ်ရင်းအမှန်တွေပါ
Hyungကို ချစ်ခဲ့တာတွေအကုန် စိတ်ရင်းအမှန်တွေပါ//

အတွေးကမ္ဘာထဲ ရောက်ပြီးနောက် စိတ်ကိုတင်းထားကာ
ဂျီမင်း၏ မျက်ဝန်းများကို မဝံ့မရဲ ကြည့်ပြီး သူစိမ်းကဲ့သို့ စကားကို  ခပ်မာမာပြောလေသည်။

"ဟုတ်တယ် ခင်ဗျားကို မချစ်ခဲ့ဘူး။ ဒီလောက်ဆိုသဘောပေါက်လိုက်ပါတော့ ကျုပ်က လူမိုက်ခေါင်းဆောင်ပဲလေ ကျုပ်ဖြစ်ချင်တာကို ကျုပ်စိတ်တိုင်းကျလုပ်လို့ရတယ်။ခင်ဗျားက ကျုပ်အတွက် ကစားစရာဖြစ်ခဲ့ရုံသက်သက်ပဲ "

ဂျောင်ဂု၏ စကားကိုကြားပြီးနောက် ဂျီမင်း၏ နှလုံးသားမှာ နာကျင်လာလျက် ပြောစရာစကားပင် ဆွံ့အသွားပြီးနောက် မျက်ရည်များ  ကျလာလေသည်။ အချိန်အတန်ကြာသော် မျက်ရည်စများကို သုတ်လိုက်ပြီး ပဟေဌိဆန်စွာ ပြုံးလိုက်ကာ ဂျောင်ဂုအား အားသိပ်မထည့်ဘဲ တစ်ချက်ထိုးလိုက်လေသည်။

ဂျီမင်းမှာ အားသိပ်မထည့်ဘဲ ဖွဖွလေးထိုးလိုက်သည်ဖြစ်သော်လည်း ကင်ဆာကြောင့်အားမရှိသည့် ဂျောင်ဂုမှာ ကြမ်းပြင်ပေါ်သို့ လှဲကျသွားလေသည်။ သို့သော်လည်း ဂျောင်ဂုအနေဖြင့် ဂျီမင်းအား အပြစ်မမြင်ပေ။

Always and Forever[Completed]Where stories live. Discover now