" အင်း မောင် ငါပြန်လာ... "

တူ..တူ...တူ

ပြန်ဖြေသံကိုနားမထောင်ကာ ဖုန်းချသွားသူကြောင့် ရိပ်ရောင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ပြုံးနေတဲ့မျက်နှာသည် ချက်ချင်းပင် သွေးရောင်လွှမ်းစပြုသည် ။ လေးညှို့ပုံသဏ္ဍာန်ပိပိရိရိနှုတ်ခမ်းသားတို့ တင်းတည်သွားသည်နှင့်တစ်ဆက်တည်း ထိုလူသားအပေါ် မထွက်ရက်တဲ့ ဒေါသများသည် ရှေ့တူရှုမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေတဲ့ သူတွေဆီသို့ ။

" ဒီစာရင်းကို မနက်ဖြန်အပြီး ပြန်လုပ်ပါ၊ မနက်ဖြန် ငါရုံးလာတဲ့အချိန်ထိမပြီးသေးရင် ငွေစာရင်းကသူတွေအကုန် ပြုတ်ပြီမှတ် "

ပြတ်သားလှစွာတဲ့စကားတွေကိုဆိုကာ အစည်းအဝေးခန်းမက ထွက်ခဲ့သည် ။ အားတင်းထားရတဲ့စိတ်ကို လျှော့ပစ်လိုက်တော့ ခြေအစုံက ယိုင်နဲ့လာသည် ။

" ရိပ်ရောင် ရလား "

ကြမ်းပြင်ပေါ်ခွေခနဲပြိုမကျခင်မှာပဲ လာဖေးမပေးသူ ။

ဘေးဘက်ကလာတွဲတဲ့ ဇေသုတကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည် ။ ဒီ company မှာ သူ့ကို "ရိပ်ရောင်"လို့ ခေါ်ရဲသူက အတွင်းရေးမှူးတစ်ဖြစ်လည်း ရိပ်ရောင်သူငယ်ချင်း ဇေသုတတစ်ယောက်သာရှိသည်။ ပြိုလဲချင်နေတဲ့ခန္ဓာကိုယ်ကို  ရုံးခန်းထဲရောက်တဲ့အထိ ဇေသုတက ကူညီထိန်းပေးထားရသည်။

" ရိပ်ရောင် ရော့ ဆေးသောက်လိုက် "

ဆိုဖာပေါ်မှာ ကျောမှီချလျက် ဇေသုတကမ်းလာတဲ့ဆေးပြားဖြူဖြူတွေကို ရေနဲ့တစ်ကျိုက်တည်းမြိုချပစ်လိုက်မှ လှုပ်ခါနေတဲ့နှလုံးတစ်စုံသည် တဖြည်းဖြည်းငြိမ်ကျလာသည်။

" မောနေသေးလား "

" ဟင့်အင်း သက်သာသွားပါပြီ "

" ခုနက လက်ယာဖုန်းဆက်တာလား "

အတွင်းသိအစင်းသိတွေမလို့ လိမ်ညာဖြေစရာလည်း အကြောင်းမရှိပါ ။ သို့သော် မောင့် နာမည်ကြားတာနဲ့ အားပျော့တတ်တာ ရိပ်ရောင်ရဲ့ အရိုးစွဲနေတဲ့ အ​ကျင့်ပေလား ။ ဒုတိယမ္ပိအကြိမ် သက်ပြင်းဖျော့ဖျော့က်ိိုချလိုက်ပြီး...

မောင့် အလိုကျ [Completed]Wo Geschichten leben. Entdecke jetzt