Zagiy
သာယာသည့်မနက်ခင်လေးတစ်ခုမှာ
ကောင်လေးတစ်ယောက်သည် မဲမှောင်သောမျက်နှာဖြင့်တစ်ခုခုကိုအလိုမကျဖြစ်နေလေသည်။
အနီးအနားမှာရှိသမျှသစ်ပင်လေတွေမှာလဲသူကြောင့်အရွက်စိမ်းလေးမျာပင်မြေခကြရှာလေသည်။"လာမယ်"
"မလာဘူး"
"လာမယ်"
"မလာဘူး"
ထိုစကားလုံးလေးလုံးဖြင့် ရှိသမျှအပင်တွေရဲ့သစ်ရွက်လေးများကိုတစ်ရွက်ချင်ခြွေချနေလေရဲ့
သူသည်ကလေးဆန်သောသူတစ်ယောက်မဟုတ်ပေ။ကလေးကလားအလုပ်တွေလည်းမလုပ်တတ်ပေ။သို့ပေမဲ့ယခုမူကာသူအမျိုးစုံလုပ်မိနေလေရဲ့သူ့တပည့်များသာယခုသူ့ပုံစံကိုမြင်ရင်သွေပင်အန်သွားနိုင်လေသည်။ဘာလို့ဆိုအမြဲအေးစက်စက်အရှိန်အဝါထုတ်လွင့်တတ်သောသူ့ကိုတပည့်တွေပင်မောမကြည့်ရဲကြပေ။လူသားများသာမကမည်သူမဆိုသူ့မြင်ရင်တုန်နေအောင်ကြောက်ကြရလေသည်။
ကောင်းကင်ဘုံတောင်သူနှောက်ယှက်မည်စိုး၍
လူသားကိုဒုက္ခမပေးရင်တော့လွတ်သာထားပေးကြလေသည်။သွေးအေးသလောက်အရမ်းရက်စက်တတ်သည်။သုံလောကတွင်သူ့ကိုယှဉ်နိုင်သူရှားသည်။ကောင်းကင်နတ်မင်းကတော့သူ့ကိုယှဉ်နိုင်သူထဲကတစ်ယောက်ပင်။သူသည်တစ်ခြားသူသာသူ့ကိုမစရင်သူလည်း
အရင်မစတတ်ပေ။သို့ပေမဲ့သူတို့ဘက်ကအရင်စရင်တော့အရက်စက်ဆုံးနည်းဖြင့်အသက်ဆုံးစေတတ်လေသည်။အဲသလိုဆိုပေမဲ့လူတွေကမိစ္ဆာဆိုမကောင်းသည်ဟူ၍သာမြင်နေကြ၍အထွေအထူးမဖြေရှင်းတော့ပေ။သူ့မှာအားနည်းချက်ဟူ၍မရှိ။ထို့ကြောင့်ရန်သူတွေကသူ့ကိုမည်သို့မှအနိုင်မယူနိုင်ကြပေ။နှလုံးသားမရှိသူဟူ၍သာသတ်မှတ်ခံလိုက်ရလေသည်။မည်သူမှမသိသည်ကသူ့မှာနှလုံးသားမရှိသည်မဟုတ်ရှိသည်။
မခုန်ရုံသာရှိသည်။မဟုတ်ဘူး ခုန်အောင်လုပ်နိုင်သောသူမတွေ့သေး၍သာဖြစ်သည်။
ESTÁS LEYENDO
အရှင်သခင်
Fanficသူ့စကားမှန်သမျှ ကျွန်တော့်အတွက်အမိန့်တစ်ခုလိုပါဘဲ ဘာလို့ဆိုသူကကျွန်တော့်ရဲ့အရှင်သခင်မို့ပါ