"ဒီမှာရှောင်ကျန့် အခုမှ မင်းတစ်ယောက်တည်း ခံရသလို လာမပြောနဲ့။ ပီးခဲ့တဲ့အခေါက်တုန်းက ငါ့ရဲ့ပရောဂျက်ကို ဖြတ်ခုတ်သွားတာဘယ်သူလဲ?"
ု
ဒေါသကြီးတဲ့ ရှောင်ကျန့်က အခုအချိန်ထိ သူ့အင်္ကျီကိုလွှတ်မပေးဘဲ ပြန်ပြောလာသည်က
"အဲ့ဒီ ပရောဂျက်က ဥက္ကဌကြီးကိုယ်တိုင် ငါ့ကိုလွှဲပေးခဲ့တာကို ဖြတ်ခုတ်တယ် ပြောရအောင် မင်းကအတိတ်မေ့နေတာလား"
"မင်းပဲ အဘိုးကိုသွားပီးချွန်တွန်းလုပ်လိုက်တာ ငါမသိဘူးထင်နေလား"
ကိုင်ဆွဲထားတဲ့အင်္ကျီကိုလက်လွှတ်ပီး ရှောင်ကျန့်ကပြောလာသည်မှာ
"ငါချွန်တယ်ပြောရအောင် ငါပြောတိုင်း ဥက္ကဌကြီးက ပေးမယ်ထင်နေတာလား။ မင်းမဆိုင်တာတွေထည့်ပြောနေတာပဲ"
"ငါပြောတာ မှန်မမှန် မင်းအသိဆုံးပါ။ အဘိုးက မင်းဘက်မှာရှိတယ်ဆိုတာ ငါမပြောလည်း တစ်လောကလုံးသိတယ်"
သူ့အားဘာမှ ခွန့်တုံ့မပြန်တော့ဘဲ သူ၏မျက်ဝန်းများကိုသာ စိုက်ကြည့်နေသော ရှောင်ကျန့်က အမှန်ပင်မှန်းရခက်သည်။ ထို့ကြောင့် သူလည်း
"ဒေါသတွေကြီးမနေပါနဲ့။ စိတ်လျှော့ပါဦး။ ဒီလိုလုပ်ပါလား။ ညနေကျရင် ဂုဏ်ပြုပါတီလုပ်ဖို့ရှိတယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် လာခဲ့ပါလား။ ပျော်ရတာပေါ့"
ထိုနောက် စကားတစ်ခွန်းမှမဆိုလာဘဲ နှုတ်ခမ်းများကိုသာခပ်တင်းတင်းစေ့ကပ်ထားသော ရှောင်ကျန့်အား တစ်ချက်ကြည့်လိုက်ပီး
"ပြောလို့မရဘူး။ ငါကျေနပ်အောင်မင်း တောင်းပန်နိုင်မယ်ဆိုရင်တော့ အဲ့ဒီ ပရောဂျက်ကို ငါမင်းလက်ထဲပြန်ပေးချင်စိတ်ဖြစ်လာမလားပဲ။ ငါကမင်းလို အသည်းမာတဲ့သူမဟုတ်ဘူးလေ"
"အဲ့ဒီမှာ တစ်ယောက်တည်း အိပ်မက်မက်နေလိုက်"
ပြောပီးသည်နှင့်ရှောင်ကျန့်က သူ့အခန်းကထွက်သွားလေတော့သည်။
----------------------------------------
အခန်းထဲမှ ပြန်ထွက်လာသည့်ရှောင်ကျန့်၏ အတွေးတွေက ဝမ်ရိပေါ်နှင့်သာ တိုက်ရိုက်အချိုးကျသည်။ ဝမ်ရိပေါ်ဆိုတာ ရှောင်ကျန့်အမေရဲ့ နောက်အိမ်ထောင်ကပါလာသည့် ရှောင်ကျန့်နှင့် သွေးမတော်သော အသက်အရလည်း လပိုင်းသာခြားသည့် ညီအစ်ကိုဖြစ်သည်။ နောက်ပီး ရှောင်ကျန့်ရဲ့ဘဝမှာ ဘယ်လိုမှဖယ်ထုတ်ပစ်လို့မရတဲ့ အဆိပ်အတောက်တစ်ခုပင်ဖြစ်သည်။ ငယ်စဉ်ကတည်းက ယခုအချိန်ထိ သူ၏ဘဝကို ဝမ်ရိပေါ်က ဝင်ရောက်နှောက်ယှက်နေကျဖြစ်သည်။ သူ့ဘဝမှာ အိပ်မက်တောင်ကောင်းကောင်းမမက်နိုင်ရလောက်အောင်ထိကိုပင် ဝမ်ရိပေါ်က နှောက်ယှက်လွန်းသည်။ အိပ်မက်ကောင်းမက်နေပီဆိုလျှင် ထိုအိပ်မက်ထဲအထိ ဝင်လာပီးနှောက်ယှက်တတ်သည်အထိ ဝမ်ရိပေါ်က သူ၏ဘဝတွင် အရေးမပါစွာ အရာရောက်နေခဲ့သည်။ သူ၏နေ့စဉ်ဘဝမှလှုပ်ရှားမှုများ၊ လုပ်ငန်းဆောင်တာများတွင်လည်း ဝမ်ရိပေါ်မပါလျှင်မပီးတတ်။ သို့သော်ကောင်းသော ပါဝင်ခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။ ငယ်ငယ်ကတည်းက အရာရာကို ဝမ်ရိပေါ်က သူနှင့်လိုက်ပြိုင်တတ်သည်။ ရှောင်ကျန့်လိုချင်သည့် အရာမှန်သမျှကိုလည်း စိတ်မဝင်စားသည့်တိုင်အောင် မရ,ရအောင် လိုက်လုတတ်တာ ဝမ်ရိပေါ်၏ အင်မတန်စက်စုပ်စရာကောင်းသောအကျင့်။ အမှန်တော့ ဝမ်ရိပေါ်က အစစအရာရာ သူ့ထက်သာနေပါလျှက် ဘာ့ကြောင့်များ ယခုလိုမျိုးသူ့အား အစဉ်အမြဲ နှောက်ယှက်နေရသလဲဆိုတာ အစကနဦးမှသည် ယနေ့အချိန်ထိ ရှောင်ကျန့်လုံးဝမတွေးတတ်ခဲ့။ ဒါမှမဟုတ် အဲ့ဒီလောက်လုပ်ရသည်အထိကို ဝမ်ရိပေါ်ကသူ့ကိုမုန်းနေခြင်းလည်းဖြစ်နိုင်ပါသည်။ သို့သော်ငြား ရှောင်ကျန့်ကိုယ်တိုင်ကလည်း စိန်ခေါ်ခံရပီဆိုလျှင် နောက်ဆုတ်ပြေးတတ်သူတစ်ယောက်မဟုတ်သောကြောင့် သူ့ဘဝမှာ သူတတ်နိုင်သမျှကာလပတ်လုံး သူ့မှာခွန်အားတွေရှိနေသရွေ့ သူဝမ်ရိပေါ်ကို ဘယ်တော့မှ အရှုံးမပေးနိုင်။
---------------------------------
အမြဲတစေ သူ့အား အရည်အချင်းမရှိဟုသတ်မှတ်တတ်ပီး အထင်အမြင်သေးတတ်သော ကြီးကျယ်မြင့်မြတ်လှသည့် ရှောင်ကျန့်တစ်ယောက် သူ့အခန်းထဲမှ ထွက်သွားသည်နှင့် ဝမ်ရိပေါ်၏ အတွေးများက ဘယ်လိုလုပ်ရင် ယခုထက်ပိုပီး ရှောင်ကျန့်အား ပိုမိုပူလောင်စေနိုင်မလဲဟု စဉ်းစားရင်းအလုပ်ရှုပ်ကာနေသည်။ မနက်မိုးလင်း အိပ်ယာနိုးသည့်အချိန်မှစ ညအိပ်ယာဝင်သည့် အချိန်ထိသူ့အတွေးတွေကို အစဉ်အမြဲစိုးမိုးထားသည့်အရာက ရှောင်ကျန့်ကို ဘယ်လိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ရမည်လဲဆိုတာပင်ဖြစ်သည်။ ယခုလည်း စဉ်းစားနေရင်းမှ အကြံကောင်းရလာသဖြင့် ချက်ချင်းပင် အကောင်အထည်ဖော်ရန် စီစဉ်နေမိတော့သည်။ စိတ်ထဲတွင်လည်း သိပ်မကြာခင်အချိန်အတောအတွင်း မြင်ရတော့မည့် ရှောင်ကျန့်၏ပုံရိပ်ကို မြင်ယောင်လာမိသဖြင့် ကြိုတင်ကာသဘောကျနေမိတော့သည်။
BẠN ĐANG ĐỌC
Meet Point Of Parallel Lines
Fanfictionငယ်စဉ်ကတည်းက အရာရာတွင် အနိုင်မခံအရှုံးမပေးစွာ ပြိုင်ဆိုင်ခဲ့သော လူနှစ်ယောက်... မထင်မှတ်ဘဲ မိဘများက လက်ထပ်လိုက်ကြသောအခါ ညီအစ်ကိုတွေဖြစ်လာကာ တစ်အိမ်တည်း အတူတူနေဖြစ်လာသော်လည်း... ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်တွေဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံလာ...
Part 1
Bắt đầu từ đầu
