Part 25

11.7K 1.1K 76
                                        

ZawGyi

"ရိပေါ်နဲ့ လက်ထပ်လိုက် ဆက်ခံသူနေရာက သားအတွက်ပဲ"

"မလိုချင်ဘူး။ ဝမ်ရိပေါ်နဲ့လည်း လက်မထပ်နိုင်ဘူး"

လုံးဝကိုထင်မှတ်မထားမိသော ဥက္ကဋ္ဌကြီးပြောလာသည့်စကားကြောင့် ထူးဆန်းသွားမိသော်လည်း နှစ်ခါပြန်စဉ်းစားစရာမလိုသည့် အကြောင်းအရာဖြစ်နေသောကြောင့် ချက်ချင်းပင် ငြင်းလိုက်မိသည်။

"အဖိုးပြောတာဆုံးအောင်နားထောင်ပေးပါဦး မပီးသေးဘူး။ ဆက်ခံသူနေရာပဲမဟုတ်ဘူး။ ရှောင်အိမ်နဲ့ပတ်သတ်ပီး ကျန့်အာလိုချင်နေတဲ့ အချက်အလက်တွေပါရ,ရစေမယ်"

ထပ်မံ၍ပြောလာသည့် ဥက္ကဋ္ဌကြီး၏ စကားကြောင့် ရှောင်ကျန့်တစ်ယောက် မျက်ဝန်းများပင်ပြူးကျယ်ကုန်ကာ

"ဥက္ကဋ္ဌကြီး...ဘယ်...ဘယ်လိုသိ"

"ဘာလဲ Hua Shin သူဌေးတောင် ရအောင်ယူနိုင်တဲ့အရာကို ဖိုးဖိုးက မရနိုင်လောက်ဘူးထင်နေတာလား?"

"ကျွန်တော်ပြောတာ အဲဒီသဘောမဟုတ်ပါဘူး"

"တစ်ခုတော့ရှိတယ် ဖိုးဖိုးကိုအချိန်တစ်ခုတော့ ခဏစောင့်ပေးစေချင်တယ်။ အဲဒါဆိုရင် အာမခံနိုင်တာက သေချာပေါက်ကျန့်အာလိုချင်နေတဲ့ ရှောင်မိသားစုနဲ့ ပတ်သတ်တာအားလုံး ရစေရမယ်။ အခုလည်းတစ်ချို့တစ်ဝက် ရထားပီးပီ"

"ဒါပေမဲ့....ကျွန်တော်"

"တောင်းပန်ပါတယ်"

"ဥက္ကဋ္ဌကြီး"

ဝမ်ဥက္ကဌ၏ ကမ်းလှမ်းချက်မှာ သူ့အတွက်အမှန်ပင် ကောင်းလှသော်လည်း ယခုအချိန်တွင်တော့ သူဘာကိုမှ သေချာမစဉ်းစားချင်သေးပါ။ နောက်ပီးအခုပဲ သူ့အခြေအနေက အမှန်ပင်အရှက်တကွဲအကျိုးနည်းဖြစ်ထားရသည်မဟုတ်လား။ ထို့ကြောင့်ယခုအချိန်တွင် သူဘာကိုမဆုံးဖြတ်ချင်သေးကြောင်းပြောမည်ဟု ကြံလိုက်သော်ငြား သူ၏စကားမဆုံးသေးခင် တောင်းပန်လာသည့်ဥက္ကဌကြီးကြောင့် ရှောင်ကျန့်မှာ ဘာဆက်ပြောရမည်မှန်းပင်မသိဖြစ်သွားရသည်။ စိတ်ထဲတွင်လည်း ဥက္ကဌကြီးက သူ့အားဘာအတွက်တောင်းပန်နေသည်ကို အမှန်ပင်မသိ။ သူတို့အားလုံးသိသည့် ဝမ်ဥက္ကဌဆိုသည့်လူ၏ အကျင့်စရိုက်မှာ ဝမ်ရိပေါ်နှင့်အမှန်ပင်တူလှပေသည်။ လူတိုင်းကကြောက်ရွံ့ရပီး မည်သူတစ်ဦးတစ်ယောက်ကိုမှ တောင်းပန်ဖို့ဆိုရာ သူနှင့်မသက်ဆိုင်သည့်အလုပ် ဟုသတ်မှတ်ထားသည့် လူတစ်ဦးဖြစ်သည်။ ထိုကဲ့သို့သောလူမျိုးက ယခုသူဖူးဖူးမှုတ်ထားသည့် သူတို့၏အဖိုးတန်မြေးလေးအား မျက်စိအရှေ့တွင် ထိုးနှက်နေသည်ကို ပြစ်တင်ပြောဆိုမှုမရှိသည့်အပြင် သူ့အားတောင်းပန်နေသဖြင့် ရှောင်ကျန့်ကြောင်အမိသွားရသည်။ ထို့နောက် ဥက္ကဌကြီးမှဆက်ပြောလာသည်က

Meet Point Of Parallel Lines Donde viven las historias. Descúbrelo ahora