"ရယ်လိုက်ရတာ ဝမ်ရိပေါ်ရာ နားရှိလို့သာကြားနေရတယ်။ အဲဒီစီမံကိန်းကိုရအောင်ငါ ခြောက်လလောက်အချိန်တွေ ငွေတွေ လူအင်အားတွေအကုန်ခံပီး ကြိုးစားထားရတာ။ အဲ့တာကို မင်းက မိန်းမတစ်ယောက်ကို ကပ်ပီးတော့ အချောင်ရလာခဲ့တာလေ။ ယောက်ျားမှန်ရင် ကိုယ့်အရည်အချင်းအစစ်အမှန်နဲ့ ယှဉ်ပြိုင်သင့်တာပေါ့"

"ဒါကလည်း ငါ့အရည်အချင်းတွေထဲကတစ်ခုပဲလို့သတ်မှတ်လိုက်ပေါ့ ရှောင်ကျန့်ရာ။ ပီးတော့ ငါဘာမှကပ်ပီးတော့ယူလာတာမဟုတ်ဘူး၊ သူ့ဘာသာ အတင်းတွေပေးချင်နေတာ။ မင်းကသာ ဘာမှမသိဘဲတအားတွေကြိုးစားနေတာ။ အမှန်က မင်းဘယ်လောက်ကြိုးစားကြိုးစား တစ်ဖက်က သူတို့ပေးချင်တဲ့သူကိုပဲပေးမှာ။ စီးပွားရေးလောကမှာ ဒါမျိုးတွေကရိုးနေပီ။ အဲ့တာကို အခုထိ မသိသေးဘူးလို့တော့လာမပြောနဲ့"

"မျက်နှာပြောင်လိုက်တာ။ အရှက်ကိုမရှိဘူး!"

သူနှင့်ဆိုအမြဲတည်တံ့နေတတ်တဲ့ ရှောင်ကျန့်က အခါတိုင်းအချိန်တွေထက် ပိုမိုတည်တင်းသောမျက်နှာထားဖြင့် အလိုမကျဟန်ပြောလာသဖြင့် ရွှင်မြူးစိတ်လေးဖြစ်ပေါ်လာကာ

"အဲ့လိုပြောတော့ ငါက ဝမ်းနည်းရတာပေါ့ ရှောင်ကျန့်လေးရဲ့"

နဂိုအေးစက်ကာ မာကြောခက်ထန်တဲ့ ဝမ်ရိပေါ်က ယခုအခါတွင်တော့အလွန်အမင်း ပျော်ရွှင်နေဟန်ဖြင့် ပြောလာသောအခါ ရှောင်ကျန့်သည်းမခံနိုင်စွာဖြင့်

"ငါ့ ကို ရှောင်ကျန့်လေး လို့ မ ခေါ် နဲ့"။

သူသိတာပေါ့။ သူအဲလိုခေါ်တိုင်း ရှောင်ကျန့် ဘယ်လောက်ဒေါသထွက်တတ်သလဲဆိုတာ။ ယခုလိုဒေါသထွက်နေတဲ့ အချိန်မျိုးမှာခေါ်လိုက်သဖြင့် သူ့အရှေ့မှ ရှောင်ကျန့်၏ မျက်နှာမှာ နီးမြန်လာပီး သူ၏အင်္ကျီကော်လံစအားဆွဲလိုက်၍ သွားများကိုစိကာ အံ့ကိုကြိတ်ပီး စကားကိုတစ်လုံးချင်းပြောလာလေသည်။ မျက်နှာချင်းဆိုင်ရပ်နေတုန်း အင်္ကျီကော်လံကိုအဆွဲခံလိုက်ရသဖြင့် သူ၏မျက်နှာမှာ ရှောင်ကျန့်၏မျက်နှာနှင့် နီးကပ်သွားရတော့သည်။ ဒေါသမီးလျှံတွေရစ်သိုင်းနေသော သိပ်လှတဲ့မျက်ဝန်းတစ်စုံထဲမှာ ထင်ဟပ်နေတဲ့သူ့ပုံရိပ်ကိုသူပြန်ကြည့်ရင်း ထိုမျက်ဝန်းများမှအကြည့်မလွှဲပြန်ပြောလိုက်သည်က

Meet Point Of Parallel Lines Where stories live. Discover now