အတန်းထဲတွင် ပုံနှိပ်စာအုပ်မပါသူ
ခပ်များများပင်။အများအားဖြင့် ယောကျာ်းလေးများဖြစ်သည်။အရှေ့ဆုံးခုံမှ မပါသည်မှာ များသဖြင့် ဆရာမဒေါ်စိုးစိုးမာ ဒေါပွသွားလေသည်။"မင်းတို့ တစ်တွေကလေ မြန်မာစာပဲကွာ အရေးမကြီးပါဘူးဆိုပြီး ပုံနှိပ်စာအုပ်ကို ဘယ်တော့မှ သယ်မလာချင်ဘူး ဘာသာစုံသယ်လာဖို့ပြောနေတာလည်းမဟုတ်ဘူးနော် အချိန်ဇယားရှိတယ် အချိန်ဇယားနဲ့ သင်ရမယ့်ဘာသာရဲ့ စာအုပ်တော့ယူခဲ့ရမှာပေါ့ မဟုတ်ဘူးလား"
"ဟုတ်ပါတယ်ရှင်"
စာအုပ်ပါသူ မိန်းကလေးများမှ တက်ညီလက်ညီ ထောက်ခံကြလေတော့သည်။"တခြားအချိန်တွေရော မင်းတို့တွေ ဒီလိုပဲလား။ဆရာမအချိန်ကျမှ မယူခဲ့ကြတာလားပြော ဒီနေ့တော့ ပုံနှိပ်တွေစစ်ရမယ် စာအုပ်မပါတဲ့သူတွေခုံပေါ်တက်"
နောင်ရိုးသစ် တွေ့လို့တွေ့ငြား မျှော်လင့်ချက်အပြည့်ဖြင့် လွယ်အိတ်ထဲသို့ မွှေနှောက်ရှာလိုက်သည်။ မတွေ့ပါ။
သေပါတော့ နောင်ရိုးသစ်ရာ။
သေမည့်နေ့မှ စစ်ထဲဝင်ရတဲ့ စစ်သားလို ပုံနှိပ်စာအုပ်စစ်မည့်နေ့မှ စာအုပ်က တိုက်တိုက်ဆိုင်ဆိုင် မေ့ကျန်နေခဲ့တာဖြစ်သည်။စာအုပ်မပါသောကြောင့် ခုံပေါ်တက်
မတ်တပ်ရပ်ရန် ဟန်ပြင်လိုက်သည်။ထိုစဉ် နံဘေးတွင် ထိုင်နေသော ထိန်လင်း၏ မြန်ဆန်လှသော အပြုအမူကြောင့် နောင်ရိုးသစ် ကြောင်သွားလေသည်။မတ်တပ်ရပ်မည့်ဟန်ပြင်နေသော နောင်ရိုးသစ်၏ လက်ကောက်ဝတ်အား ဆတ်ကနဲ ဆွဲဆောင့်လိုက်သောကြောင့် နောင်ရိုးသစ်နေရာမှာပင် ထိုင်လျက်သားပြန်ဖြစ်သွားလေသည်။ဟင်။
"ဒီမှာစာအုပ်"
"ထိန်လင်းအောင်"ဟူသော နာမည်လေးကို လက်ရေးခပ်ေသာ့ေသာ့ဖြင့်ေရးထိုးထားသည့် ပုံနှိပ်စာအုပ်လေးကို နောင်ရိုးသစ် အရှေ့သို့ပစ်ချသွားသည်။ ပြီးနောက် နံဘေးနားတွင် ထိုင်နေရာမှ စာသင်ခုံပေါ်သို့ ချက်ချင်း မတ်တပ်ရပ်သွားသည်။ နံဘေးမှ ထိန်လင်း၏ လှုပ်ရှားမှုအားလုံးကို နောင်ရိုးသစ် တစ်ခဏမျှ အံ့ဩမှင်တက်မိနေသည်။
ŞİMDİ OKUDUĞUN
ခွင့် (Unicode+Zawgyi)
Romantizmတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-4(U+Z)
En başından başla