ကျန်​သည့်​ ဆက်​ခံသူ​လေး​ယောက်​က အတူတူ​လေ့ကျင့်​သင်​ကြားထားကြသူမို့  ရင်းနှီးပြီး ဆက်​ဆံ​ရေးအဆင်​​ပြေကြသည်​။
လီချင်းရန် ကဲ့သို့ ​​မရင်းနှီးတဲ့သူ​တို့ အချင်းချင်း အလုပ်တွဲလုပ်သည့်အခါ ​​​​မတည့်​ကြမည်​ကို ကျန်​သည့်​​တောင်​သခင်​များက စိုးရိမ်​​နေခြင်း​ပင်​။

ပထမ​တောင်​သခင်​ရဲ့ အ​မေးကို ​စတုတ္ထ​တောင်​သခင်​က ခပ်​ပါးပါး​လေးပြုံးပြီးပြန်​​ဖြေသည်​။

"ငါ့လိုဖြစ်​​စေချင်​လို့  
တောင်​​ပေါ်က စည်းကမ်း​တွေကို တသ​ဝေမတိမ်းလိုက်​နာ​နေတဲ့ စာအုပ်​ကြီးလိုမဖြစ်​​စေချင်​လို့ "

"ဒါနဲ့ ပဲ မင်းလို လက်​​ပေါက်​ကပ်​​တဲ့လူလိုဖြစ်​​အောင်​ သင်​​ပေးလိုက်​​တာပဲလား"

"​တောင်​​အောက်​ဆင်းပြီး ရန်​အာကိုရှာဖို့ အားလုံးကို အကူအညီ​တောင်းပါတယ်​"

"ယွီလျန်​ရာ.."

"​တောင်းဆိုတာပါ ပြီး​တော့ ရန်​အာ ​ကို လျို့ ဝှက်​ပြီး​ခေါ်လာပါ သူ​တောင်​​ပေါ်​ရောက်​လာရင်​ပြဿ နာ​တွေက ပြီးသွားလိမ့်​မယ်​"

ပြဿ ​​နာ​တွေ​ဆိုသည်​က စတုတ္ထ​တောင်​ထွဋ်​ရှိ ဆက်​ခံသူပြဿ နာပင်​။
တခြား​တောင်​ရှိ တပည့်​များက ​တောင်​သခင်​ ​နေရာဆက်​ခံဖို့ အဆင့်​သင့်​မဖြစ်​ကြခြင်းကိုအခွင့်​​ကောင်းယူပြီး အကြီးအကဲ ယွီ၏ ဆရာတူ ညီမနှစ်​​ယောက်​က ​တောင်​သခင်​​နေရာကို လိုချင်​​နေကြခြင်းပင်​။
သူတို့ ​ပေးသည့်​အ​ကြောင်းပြချက်​ကရှင်းသည်​။

"ချီချီတို့ နဲ့ အကြီးအကဲတို့ က မျိုးဆက်​တစ်​ခုထဲမို့ ​တောင်​ရဲ့ အစဉ်​အလာကိုချိုး​ဖောက်​ရာ မကျ​တော့ဘူး​ပေါ့ "

"တူ​လေး​တွေကလဲ ​တောင်​အသီးသီးကိုဆက်​ခံဖို့ ပိုပြီးကျင့်​ကြံလို့ ရတာ​ပေါ့" တဲ့

ချီချီရဲ့ စကားကို အမဖြစ်​သူ ရီရီက ဖြည့်​ပြီးထပ်​​လောင်း​ပြောသည်​။

သူတို့ သ​ဘောကရှင်းပါသည်​။
တခြား​တောင်​သခင်​​တွေရဲ့ သ​ဘောကပိုရှင်းသည်​။
စတုတ္ထ​တောင်​ကို သူတို့ လက်​ထဲထည့်​မယ့်​အစား တပည့်​​တွေကိုသာ​ပေးမည်​ဖြစ်​သည်​။

My Shizun is my HusbandWhere stories live. Discover now