စာအုပ်ဖတ်နေရင်း မျက်နှာကိုလာထိုးသည့်အလင်းကိုမခံစားရသဖြင့်ကြည့်လိုက်တော့ ဆိုင်ရှင်လေးက အဝတ်ဖြူတစ်ခုဖြင့် ကာထားသည်ကို တွေ့ရသည်။
'ကျေးဇူးပါနော်'
ကျေးဇူးတင်စကား ပြောတော့ သူ့မျက်နှာထက်တွင်အပြုံးလေးဖြစ်ထွန်းလာသည်။ပါးချိုင့်လေးခွက်ဝင်သည်အထိပြုံးပြလာသည့် ဆိုင်ရှင်လေးက သိပ်လှသည်။
လူသိပ်မကျသဖြင့်သူက ကျွန်တော်ထိုင်နေသည့် ဝိုင်းတွင်လာထိုင်သည်။
'ခဏ ခဏ လာနေကျထင်တယ်
မျက်နှာကိုမှတ်မိနေတာ'
သူကကျွန်တော်ကို မှတ်မိနေတယ်တဲ့။ကျွန်တော်ပြုံးလိုက်မိသည်။
'ဟုတ်တယ်...ကော်ဖီအဖျော်သိပ်ကောင်းတော့ စွဲနေတာနဲ့လာဖြစ်တာ'
'အဲ့လောက်လည်း မဟုတ်ပါဘူး
ဝါသနာအရဖွင့်ထားတာပါ'
အပြုံးတစ်ပွင့်ဖြင့်ပြန်ပြောလာသည့် သူက မှန်ချပ်ကိုကာထားသည့် ပိတ်စဖြူအောက်က ပြန်လာတဲ့အလင်းလေးကြောင့် ပိုပြီးတောက်ပနေသယောင်..
'သြော် စကားပြောနေတာနဲ့မေ့နေတာ ကျွန်တော့်နာမည်ဝမ်ဟောက်ရွှမ်းပါ'
သူ့နာမည်လေးကို သိပြီးသားဆိုပေမဲ့ သူနှုတ်ခမ်းထက်ပြောလာတဲ့နာမည်လေးက ပိုပြီးမှတ်မိလွဲနေမလားလို့...
'ကျွန်တော့်နာမည်က စုန့်ကျိရန်ပါ..
ကော်ဖီတွေအေးကုန်တော့မယ် သောက်လိုက်ပါအုံး'
ပြုံးပြန်ပြီး..ကျွန်တော့်ကိုပြုံးပြပြီးcounterဘက်လျှောက်သွားတဲ့ကျောပြင်ငယ်လေးက လွမ်းဆွတ်မှုကိုခံစားရစေတယ်သူက ဆိုင်လာတဲ့သူတိုင်းကို သူ့အပြုံးအေးအေးဖြင့် ပြုံးပြနေတတ်သည်။
ဆိုင်နာမည်လေးနဲ့လိုက်သည် သူက...
ကျွန်တော်ကို သူ့ရဲ့အပြုံးတွေနဲ့ငြို့ယူနေသည့် မှော်ဆရာလေးပင်...'အားပေးမှုကို ကျေးဇူးတင်ပါတယ်
နောက်လည်းလာအားပေးပါအုံးနော်'
ဆိုင်အဝထိ လိုက်ပို့ပြီး သူဆိုင်ကိုထပ်ပြီးလာအားပေးဖို့်ဖိတ်ခေါ်နေပုံက ဆိုင်နားကတစ်ဖဝါးမှမခွဲခြင်းအားလုပ်နေသလို...
ပြုံးလိုက်တိုင်းပေါ်လာသည့် ပါးချိုင့်လေးကတော့ ကျွန်တော်ရဲ့မြတ်နိုးရာဖြစ်ခဲ့ရာပြန်ပြီးထင်တယ်။