"အင်း ကြည့်ကောင်းနေတုန်းပဲ...

Jeongwoo? ဟုတ်ပါတယ်
ကျွန်​ေတာ့်နာမည် Jeongwooပါ
Park Jeongwoo.....အသက်ကတော့ 16...

အသက်မတိမ်းမယိမ်း 4နှစ်လောက်ပဲကွာတဲ့ အကိုတစ်ယောက် ကျွန်တော့်မှာ ရှိသေးတယ် အဲ....

သူကတော့ Park Jihoon! မျက်လုံးကမှေးမှေးနဲ့ ပန်ဒါနဲ့တူသလိုလို ရာကူဇာဂိုဏ်းချုပ်ပဲ လုပ်တော့မလိုလို မျက်နှာထားပိုင်ရှင်ပေါ့။ရုပ်ကတော့ ချောတာပေါ့ ကျွန်တော့အကိုဆိုတော့ သေချာပေါက် ခပ်ချောချောလေးပဲ ဖြစ်နေရမှာလေ။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက သူရော ကျွန်တော်ရောက ပြောရရင် အခုထိ မိုဆိုလ်တွေဖြစ်နေတာပဲ!

ဘယ်လိုဖြစ်လို့များ ဒီလိုအချောလေးတွေကို လာကြိုက်မဲ့သူမရှိတာလဲဆိုတာကတော့ ခင်ဗျားတို့ထင်တဲ့အတိုင်း စဥ်းစားစရာပဲ။

(မိုဆိုလ် = မွေးကတည်းက လာကြိုက်မဲ့သူမရှိ)

ဒါမဲ့လည်း Park jeongwooကို လာကြိုက်မဲ့သူမရှိဘူးလို့တော့မထင်လိုက်​ေလနဲ့နော် တကယ်လည်း မရှိလို့ပါ ရှိရင် အခုလို ဘဝအကြောင်း တစေ့တစောင်း ခင်ဗျားတို့ကိုဝေမျှနေရင်းနဲ့ ကျွန်တော် ကြွားပြီးနေလောက်ပြီ။

အစားလည်း ပုပ်သလို ကျွန်တော်က တစ်ခုခုဆို အယုံလွယ် အထင်ကြီးလွယ်တယ်။ အမှန်တော့ အစားကောင်းကောင်းစားပြီး ရိုးသားတဲ့ဖိုးသခွားလေးလို့ သုံးနှုန်းရင် ပိုမှန်မှာပါ"

Park Jeongwooက မှန်ထဲကို တသ်ချက်ပြုံးပြလိုက်ပြီးတဲ့နောက်

"အာ့ကြောင့်လည်း iksanမှာနေတုန်းကဆို ဘေးအိမ်က Junghwanဆိုတဲ့ ကလေး စတာနောက်တာ အမြဲခံရတာလေ အဲ့ကလေးက တကယ့်မြက်ပေတုံးလေး လူကိုဆို လိုက်စဖို့ချောင်းနေတာ!

အလယ်တန်းအထိကတော် မွေးရပ်မြေဖြစ်တဲ့ iksanမှာပဲ ကျောင်းတက်ခဲ့ရပေမဲ့လည်း အခုတော့ အကိုကြီးကောင်းမှု အကျိုးပြုပြီး Seoulမှာအထက်တန်းကျောင်း လာတက်ရတယ်ပေါ့ဗျာ။ ကျောင်းတက်တာ တစ်ပတ်ကျော်လောက်ရှိပြီဆိုတော့ သူငယ်ချင်းအသစ်တွေလည်း ရလာပါတယ်...."

ရုတ်တရပ် အိမ်အောက်က ခေါ်သံအကျယ်ကြီးကြောင့် Park Jeongwooရဲ့ ကိုယ်ရေးကိုယ်တာမိတ်ဆက်ခြင်းလေးဟာ အဆုံးသတ်သွားခဲ့တယ်။

"Park Jeongwooရေ အိမ်အပေါ်ထပ်က မင်းသားရေ ရေချိုးပြီးရင်လည်းဆင်းလာပါတော့ ဒီက အကိုတော်က စောင့်ရတာ နာရီဝက်ကျော်နေပြီ"

*Hyungတောင် အော်ခေါ်နေပြီ*

Jeongwooလည်း နက်ခ်တိုင်ကိုတစ်ချက်သပ်ပြီးတာနဲ့ နံရံကပ် ကျွန်းလှေကားကနေ အမြန်နှုန်းပုဂံလုံးစီးပြီး ပြေးကာ စားပွဲပေါ်က ​Hyungဖျော်ပေးထားတဲ့ နှပ်ကော်ဖီကို အမြန်မော့လိုက်တယ်။

အဲ့ဒီနောက်တော့ သူဟာသူ အလျင်မြန်မြန်ပဲပေါင်မုန့်မီးကင်တစ်ချပ်ကို အမြန်ယူရင်း နောက်ဖက်ခြံထဲက စက်ဘီးလေးနဲ့ ကျောင်းကို အမြန်နှင်းရတော့သည်။ ယမဟုတ်ရင် အားကစားဆရာနဲ့
ဂိတ်ဝမှာ နှစ်ပါးသွားရအုံးမည် မဟုတ်လား?

.................................

"ဟိတ် ဟေ့ ဟေ့ ဟိုကျောင်းသား
မင်းနက်ခ်တိုင်ဘယ်မှာလဲ"

"ဟင် ဆရာ ကျွန်တော့်ကို ခေါ်တာလား ကျွန်တော်နက်ခ်တိုင်ပါတယ်လေ ဒီမှာတွေ့တယ်မလား ဆရာ"

Jeongwooတစ်ယောက် ဆရာ သူ့ကိုခေါ်သည်အထင်နှင့် နက်ခ်တိုင်ကြီး ထောင်ပြကာ ဆရာကို ပြန်မေးလိုက်သည်။ဆရာကတော့ ခေါင်းကိုစိတ်ပျက်သလိုရမ်းပြ၏။

"ဟာ မင်းမဟုတ်ဘူး မင်းစက်ဘီးနောက်က လာနေတဲ့ တစ်ယောက်ကိုပြောတာ"

ဆရာပြောလိုက်တာတော့ စပ်စုချင်တာနဲ့ နောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ထိုလူ့မျက်နှာကိုမြင်တာနဲ့ သူ့စိတ်နဲ့ဦးနှောက်ကနေ ချီးကျူးခန်းတင်တဲ့အလုပ်ကို တန်းလုပ်တော့သည်။

**wow ရုပ်ရည်ကတော့ အမိုက်စားပါလား သူလည်း ငါ့လိုပဲ ကျောင်းပြောင်းလာတဲ့ ကျောင်းသားအသစ်ထင်တယ်**

"ဆရာကလည်း မသိဘူးလေ ကျွန်တော့်ကိုပြောတယ်ထင်လို့ ဒါဆို ကျွန်တော်သွားပြီ ကောင်းသော​​မနက်ခင်းလေး ဖြစ်ပါစေ ဆရာ"

"အေး သွားသွား"

"နေပါအုံး မင်းက ဘယ်သွားမှာလည်း
မင်းနက်ခ်တိုင်မပါဘူးလေ ဒီမှာ ထိုင်ထ50 လုပ်ပြီးမှသွား"

"ဆရာ ကျွန်တော်က ကျောင်းသားသစ်လေ အာ့ကြောင့်..."

"ကျောင်းသားသစ်လည်း လုပ်ရမှာဘဲ မြန်မြန်လုပ်သွား"

.................................

ပထမဆုံးမဟုတ်ပေမဲ့ အရင်ရေးဖူးတာကလည်း unpubထားတော့ ဖတ်မဲ့သူတွေ မရှိဘူးလို့လည်းထင်တယ်။

Edit- ဒုတိယအကြိမ်ပြန်တင်ပေးတာပါ။ ပြန်ဖတ်ကြပါအုံးလို့ ဖတ်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now