2 (Unicode)

1K 161 25
                                    

"Ya! jeongwoo မင်းရော မင်းအကိုရော မနေ့က ဆော့တာ မိုက်တယ်ကွာ
နောက်ဆို LOLဆော့တိုင်း ငါ့ကို inviteရမယ်နော် ဟေ့ကောင်! ကြားလား"

တအားကနေ စာကလေးအမေကြီး သမီးလင်နောက်လိုက်သွားသလိုပုံစံမျိုးနဲ့ ပွစိပွစိလာပြောသူကို Jeongwooက ဖြစ်သလိုခေါင်းငြိမ့်ပြရင်း

"အေးပါကွာ Doyoungရာ ငါဆော့တယ်ဆိုတာကလည်း တခါတလေမှပါ scholarရဖို့ဆို စာလည်းလုပ်ရအုံးမယ်လေ ဟုတ်တယ်မလား"

"အေးပါကွ ငါသိပါတယ်"

သူကတော့ Doyoung။ အဲ..... ကျွန်တော့်ထက် အသက်တစ်နှစ်ကြီးပေမဲ့ သူက ကျောင်းတက်တာ နောက်ကျတော့ နှစ်တူသွားတယ်ဆိုပါတော့။ သူကတော့ ဒီအတန်းထဲမှာ အဖော်ရွှေဆုံးပဲ သူ့လိုပဲ အသက်နောက်ကျမှ ကျောင်းနေရတဲ့ ကျောင်းသားတစ်ယောက်ရှိသေးတယ်
ဟိုးရှေ့ဆုံးတန်းက တစ်ယောက်ပေါ့
နာမည်က Bang Yedamတဲ့ မျက်နှာထားရော အသံရောက ရေခဲတုံးလိုပဲ အေးတိအေးစက်နဲ့။ ဒါမဲ့ ခင်ဖို့တော့ကောင်းပါတယ် နှစ်ယောက်လုံးက သဘောကောင်းကြတယ်။

"ကဲ အားလုံးပဲ နားထောင်.... ဒီနေ့ ဆရာမတို့ အတန်းထဲကို ကျောင်းသားသစ်ရောက်တယ်။ သူက Koreaမဟုတ်ဘူး နိုင်ငံခြားကဆိုတော့ သူအခက်အခဲတွေရှိလာရင် ကူညီပေးကြနော်! လာ ဝင်ခဲ့ ကျောင်းသားလေး"

အတန်းထဲကို ခြေတစ်လှမ်းချင်းဝင်လာတဲ့ ထိုလူသား.... မနက်က ကျောင်းဂိတ်ပေါက်မှာ တွေ့တဲ့တစ်ယောက်ပဲ....

သူဝင်လာတော့ အတန်းထဲကမိန်းကလေးတွေဆီမှ ပွစိပွစိအသံတွေ ထွက်လာတယ်။ ဆန်းတော့ မဆန်းပါဘူးလေ သူက ချောတာကိုး။

"ကိုယ့်ကိုယ်ကို နှုတ်ဆက်လိုက်အုံးလေ ကျောင်းသားသစ်လေး"

"အာညော် ငါ့နာမည်က Haruto! မျုိးရိုးကတော့ Wantanabe.... ငါက Japanက လာတာဆိုတော့ ဒီနိုင်ငံက ယဥ်ကျေးမှုတွေ သိပ်မသိဘူး မင်းတို့သူငယ်ချင်းအဖြစ် နေချင်ပါတယ်"

"ကဲ အာ့ဆို Harutoက ဟိုတတိယတန်း ဘေးဘက်အစွန်က ဆံပင်ရွှေအိုရောင်နဲ့ Jeongwooလေးရဲ့နောက်ခုံမှာ ထိုင်လိုက်နော်"

Jeongwooသည်ကား သူ့ဆီကို တဖြေးဖြေးချင်းလျှောက်လာနေတဲ့သူကို ငေးမောကြည့်ရင်း အတွေးများတတ်တဲ့ကောင်လေးပီပီ အတွေးနယ်ကိုစတင်ချဲ့လေရဲ့။

My Dear IKSAN PENGUIN  • ʰʲʷWhere stories live. Discover now