"ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုပြီးမှပြန်ခေါ်မယ်"

ဝမ်ရိပေါ် မြန်မြန်ဘဲ ရေချိုးပြီး အစားဆင်းစားလိုက်တယ်။ သူထင်တဲ့အတိုင်းဘဲ သူ့ပါးနဲ့မားကအစောကြီး ရှန်အိမ်ကိုသွားကြပြီတဲ့လေ။ သူ့ရဲ့ လူဆိုးကြီးနဲ့ဖုန်းပြောရအုံးမှာဆိုတော့အစားကိုလဲအလောတကြီးစားပြီးအခန်းထဲအမြန်ပြန်သွားလိုက်တယ်။

အခန်းထဲရောက်တာနဲ့အချိန်ထပ်ဆွဲမနေဘဲဖုန်းကိုချက်ချင်းပြန်ခေါ်လိုက်တယ်။

"စားပြီးပြီလား ဝက်ပေါက်"

"အင်းပြီးပြီ... ခုပြောလို့ရပြီလား"

"ဘာတွေစားတာလဲပြောပါအုံး"

"ထွေထွေထူးထူးမဟုတ်ပါဘူးကျန့်ရယ် နွားနို့နဲ့ပေါင်မုန့်.... ကျွန်တော်မနက်တိုင်းအဲ့ဒါဘဲစားနေကျလေ"

"ဟုတ်ပါပြီ ဒါဆိုလဲပြော"

"ရှန်ယောက အကျင့်မကောင်းဘူးသိလား"

"ဟင်.... ဘာလို့လဲ သူကဘာလို့အကျင့်မကောင်းတာလဲ"

"သူက gay လေ"

"Gay မို့အကျင့်မကောင်းဘူးပြောတာလား ဝက်ပေါက်က"

"မဟုတ်ဘူး မဟုတ်ဘူး gay မို့ပြောတာမဟုတ်ဘူး။ သူက ကျွန်တော်ကိုဆိုအသားအရမ်းယူတာ။ သူလုပ်သမျှငြိမ်မခံဘဲနည်းနည်းလေးဆန္ဒပြလိုက်ရင် ကျွန်တော့်ကို အသားနာအောင်လုပ်ရော"

"ဘာ..... ဝက်ပေါက်ကိုအဲ့လိုလုပ်တယ်ဟုတ်လား။ ရိုင်းလိုက်တဲ့ကောင် ဝက်ပေါက်စောင့်ကြည့်နေ ဒီကောင်မွေးနေ့နဲ့သေနဲ့ တူသွားအောင် ကို လုပ်ပြမယ်"

"နေပါအုံး နေပါအုံး အဲ့လောက်မဖြစ်ပါနဲ့အုံး ကျန့်ရယ်.... ကျန့်စိတ်ပူတယ်ဆို ညကျရင်သာ ရှန်အိမ်နားက ပန်းခြံကိုလာခဲ့နော်"

"ကိုလာမှာပါဝက်ပေါက်ရဲ့ စိတ်ချ "

"ပြီးရော ပြီးရော တွေ့မှဘဲစကားတွေအများကြီးပြောတော့မယ် လိမ်တဲ့အတွက်ကောင်းကောင်းဆုံးမမယ်"

"ဟင်...ဘာလိမ်လို့လဲ"

"မနေ့ညကမငိုဘူးဆိုပြီးတော့လေ"

"သွား သွား လုပ်စရာရှိတာသွားလုပ်တော့ ညကျတွေ့ကြမယ်"

"ဟုတ် ဟုတ် ဒါဘဲနော် အာ့ဆို"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now