Hello my fate .Arc.3.ep .5

1.9K 169 16
                                    

Zawgyi.....

နန်းမြို့တော်ထဲကို မြင်းနှစ်ကောင်နဲ့
လူသုံးယောက် ရောက်ရှိလာခဲ့တယ်
နှစ်ယောက်ကတော့အတော်အသင့်အထုပ်အပိုးနဲ့
နောက်တစ်ယောက်က လွယ်အိတ်တလုံးသာ

"ဝိုး ဟိုယောင် ကြည့်ဉီး နန်းမြို့တော်က အရမ်းစည်ကားတာပဲ "

"အင်း ဟုတ်တယ် ကိုယ်တို့ရွာနဲ့တခြားစီပဲ
ယွီသခင်လေးရဲ့ကျေးဇူး​ကြောင့်ပါ "

"ညနေစောင်းမှမင်းတို့ကိုမြို့ထဲကိုလိုက်ပြပေးမယ်အခုတော့အရင်ဆုံးနေဖို့နေရာကိုသွားကြတာပေါ့ "

"မဟုတ်တာ ကျန်တော်တို့လည်း မြို့တော်
ရောက်ပြီဆိုတော့ ယွီသခင်လေးကိုထပ်ပြီး
ဒုက္ခမများစေချင်ဘူး နေဖို့နေရာကို
ကျန်တော်တို့ဘာသာစီစဥ္လိုက်ပါ့မယ် "

"ခေါ်လာမှတော့ငါ့တာဝန်ထားပါ နောက္မှ အတည်တကျနေဖို့နေရာရှာကြပေါ့ အခုတော့
ငါ့နောက်လိုက်ခဲ့  ပြီးတော့ ရော့ မင်းမိန်းမမျက်နှာကိုအုပ်ထားလိုက် "

At ဟွားမိန်ရမ် ဂေဟာ..

"သခင်လေးတို့ နောက်လည်းလာခဲ့နော်
မျှော်နေမယ် "

"ဘာအလိုရှိပါသလဲ သခင်လေး "

ဂေဟာရဲ့အပေါက်ဝမှာလူဝင်ထွက်လူနဲ့
ရှုပ်ထွေးလျက်ရှိနေတယ် ။ ဟွားမိန်ရမ် ဂေဟာ
ဂေဟာဆိုသည့်အတိုင်း ပိုက်ဆံဖြုန်းရာနေရာ
မိန်းမ အရက် အလောင်းကစား အကအလှ
အတီးအမှုတ် လေလံရောင်းချခြင်း သတင်းအချက်အလက် အလဲအလှယ်
အကုန်ပြုလုပ်နိုင်တယ်။
အဲဒီလိုပြုလုပ်ဖို့အတွက်လည်း တနှစ်တနှစ်ဘုရင်အား အခွန်အခအဖြစ် ရွှေစင်နှစ်သေတ္တာကိုပေးပို့ရတယ်။ သို့သော် ဂေဟာအတွင်းစည်းကမ်းများရှိ၏။ ဖောက်ဖျက်ပါက နေရာမှာတင်သတ်စေ ။ဂေဟာအတွင်းအစောင့်တပ်သည်လည်းတင်းကြပ်သည့်အပြင် လျှို့ဝှက်အစောင့်တွေလည်းရှိ၏ ။ ဂေဟာမှူး၏ အမိန့်ချပါက
ကြွက်တကောင်တမြှီးမှမလွတ်နိုင်သလို ပုရွက်ဆိတ်တကောင်မြှဖတ်သန်း၍မရပေ ။

ပုဝါခေါင်းဆောင်းဝတ်ထားတဲ့လူဟာဂေဟာရဲ့အနောက်ဘက်အပေါက်နားကိုရောက်လာတယ်။
ဂေဟာ၏အနောက်ဘက်ဝင်ပေါက်ရောက်တဲ့အခါ တံခါးစောင့်က ဂရုမစိုက်သောပုံစံနဲ့တားမြစ်လိုက်တယ်။

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 31, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Hello! My Fate Donde viven las historias. Descúbrelo ahora