အခန်း ၂၃ (The end )

Start from the beginning
                                    

ဒေါ်အေးအေးအောင် အော်ရင်း နောက်ကပြေးလိုက်ပေမယ့် ဘယ်လိုမှမမှီတော့။

တစ်နေ့လုံးမစားမသောက်နဲ့ အားနည်းတဲ့ လူမမာ ပုံစံပေါက်နေခဲ့သော သားမှာ ဘယ်က အားအင်တွေရှိနေသလဲ??

ရတု လမ်းမှာ ကယ်ရီတွေ တစ်စီးပြီး တစ်စီးငှားနေပေမယ့် ဆေးရုံဝတ်စုံနှင့် ဖိနပ်ပင်မပါသော သူ့ကို မည်သူမှ ရပ်မပေး..

ထိုအချိန် တစ်ယောက်က သူ့အနားရပ်လာကာ မေးလာတာကြောင့် ပျော်သွားသည်

"ဘယ်သွားမှာလဲ? ညီလေး"

ရတူ မောင့်ရဲ့ အိမ်လိပ်စာကို ရွတ်ပြလိုက်သည်

သို့သော် ကယ်ရီသမားက ထိုအိမ်လိပ်စာကိုကြားတာနဲ့ ချက်ချင်းမျက်နှာပျက်သွားကာ

"အာ မလိုက်ဖူး..မလိုက်ဖူး"

ဆိုကာ ပြေးထွက်သွားတော့သည်

ရတု ဘယ်သူ့ကိုမှခေါ်မရတော့ တစ်ယောက်တည်း ခြေကျင်လျှောက်နေခဲ့ကာ မောင့် ရဲ့ အိမ်ဆီပြေးနေမိသည်

ခြေထောက်တွေ ပေါက်ပြဲကုန်တာလည်း သူမသိ..
သူ သိတာ အချိန်မှီရောက်ဖို့သာ။

"ရှင်းရတု "

ကားတစ်စီး သူ့ဘေးမှာ ရပ်လာကာ ကားပေါ်ကနေ အမျိုးသမီးတစ်ဦးဆင်းလာခဲ့သည်

"အန်တီ"

သူမက မောင့်ရဲ့မေမေ။

"ဘယ်သွားမလို့လဲ??"

"အန်တီ ကျတော့်ကို မောင့်ဆီလိုက်ပို့ပေးပါ "

သူမက ရတုကို စိုက်ကြည့်နေခဲ့ပြီးမှ

"တက်"

ခွင့်ပြုချက်ရတာနဲ့ ကားပေါ်ကို ပြေးတတ်လိုက်သည်

~~~~~~~~~~~~~~~~~~~~~~~
မှောင်ရီပျိုးနေတဲ့အချိန် မှာ ဦးသီလ ရတုအဖေနဲ့ လူနှစ်ယောက် စုစုပေါင်း လူလေးယောက်...

htut ရဲ့ အုတ်ဂူဘေးမှာ အလုပ်ရှုပ်နေသည်

ပရိတ်ကြိုးတွေ ရေမန်းတွေဖြင့် နေရာသေချာယူကာ အစီအရင်ချပြီးတာနဲ့ ဦးသီလက htut ကို ဖိတ်ခေါ်လိုက်သည်

htut မျက်လုံးတွေက ဒေါသထွက်နေကာ

"ခင်ဗျား တို့ ဘာလုပ်နေတာလဲ "

မောင် (the haunted love)Where stories live. Discover now