အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)

Comenzar desde el principio
                                    

ရှစ်ဇီကုန်းကုန်းကတော့ အင်္ကျီလက်အိတ်ထဲ လက်ကိုထည့်ကာ နားထောင်လိုက် တခွိခွိကျိတ်ရယ်လိုက် ဖြစ်နေသည်။

ဟုတ်ပါတယ်၊ အရှင်မင်းမြတ်က အမတ်မင်းဝမ်းကို သဘောကျတာက မှန်ပါတယ်။

ဒါပေမယ့် အရှင်မင်းမြတ်ရဲ့ အတိုင်းအဆမရှိ ချစ်ခင်မြတ်နိုးမှုကို ရတဲ့လူဆိုရင်တော့ ....အဲ့လူက ရှီးနန်ဝမ်ပဲ ဖြစ်နေတာပါနော်။

******

သွမ့်ယောင်တစ်ယောက်တော့ ရှာရရှားပါးလှသော အဖိုးတန် လက်ဆောင်ပစ္စည်းများအပြည့်တင်ထားသည့် လှည်းဆယ်စီးကို အခေါက်ခေါက်အခါခါ ပတ်ပြီး ဟိုဘက်ကကြည့်လိုက် ဒီဘက်ကကြည့်လိုက် လုပ်နေ၏။

ဧကရာဇ်ကို မရီးတော်အဖြစ် တော်စပ်ထားရတဲ့ ခံစားချက်ဆိုတာ လက်စသတ်တော့ ဒီလိုကိုး။

ချမ်းသာတယ်၊ အရမ်း အရမ်းကို ချမ်းသာတယ်။

"ဟေ့၊ သူများတွေမြင်ရင် ရှက်စရာကြီး။ မျက်နှာပိုးလေး သတ်ဦး"

"နောင်တော် နောင်တော်၊ ဒါတွေကို နောင်တော့်ဆီ လက်ထပ်ဖို့ တင်တောင်းလိုက်တဲ့ လက်ဆောင်တွေလို့ ယူဆလို့ရမလားဟင်"

"ဟင့်အင်း၊ သတို့သမီးဘက်က ခန်းဝင်ပစ္စည်းတွေပါ"

" ဘာမှုစရာလိုလို့တုန်း ၊ ဒါနဲ့ တန်ပြန်လက်ဆောင် ပြန်ပေးဖို့ရော လိုသေးလား "

သွမ့်ယောင်က ပြောပြောဆိုဆို ရွှေတုံးတစ်တုံးကို အိတ်ထဲထည့်လိုက်သည်။

"သေချာပေါက် ပြန်ပို့ပေးရမှာပေါ့"

သွမ့်ပိုင်ယွဲ့က အရက်သိုလှောင်ခန်းထဲ ဝင်သွားကာ အရသာအကောင်းဆုံး ဖေးရှာသေရည်အိုးဆယ်အိုးကိုထုတ်ပြီး ရွှေနန်းတော်သို့ ခြေမြန်စစ်သည်နှင့် ပို့လွှတ်လိုက်စေ၏။

"ဟာ.....ခါတိုင်းလို ဒါတွေချည်းပဲ ပို့မှာလား "

ဘာမှလည်း ခမ်းနား ထည်ဝါမနေဘူး။

သွမ့်ပိုင်ယွဲ့က ညီဖြစ်သူ၏ပခုံးကို ပုတ်လိုက်ကာ ယနေ့မှ ရောက်လာသော စာလွှာကို ဖွင့်ကြည့်လိုက်သည်။ ထုံးစံအတိုးပင် ရေးချင်သလို ဖြစ်တတ်ကဆန်း လျှောက်ခြစ်ထားသော ဆရာဖြစ်သူ၏ လက်ရေးပင်ဖြစ်သည်။

ဧကရာဇ်ဗျူဟာDonde viven las historias. Descúbrelo ahora