အခန်းတံခါးမှာလည်း မီးစွဲနေပြီ ဖြစ်သောကြောင့် သူအားသိပ်သုံးစရာမလိုပဲ ကန်ဖွင့်နိုင်ခဲ့သည်။

"အဖေ"

ကြမ်းပြင်ပေါ်တွင် လဲနေသည့် ဖခင်ဖြစ်သူကို အပြေးသွားထူပေမယ့် ရင်ဘတ်မှာ စိုက်နေသော ဓားကို ကောင်းစွာမြင်လာရချိန်မှာတော့ သူ့ကမ္ဘာကြီး ပြိုကျခဲ့လေပြီ။

"အ...အဖေ"

သူဘေးပတ်လည်ကို လှည့်ကြည့်တော့ သူ့အမေကလည်း ကုတင်ပေါ်တွင် မီးတောက်များကြားထဲ လောင်ကျွမ်းနေ၍ ဆုံးပါးသွားခဲ့ဟန် ရှိသည်။

သွေးအန်လုမတတ် စို့နင့်လာမှုကို မြိုသိပ်၍ သူအခန်းထဲက ပြေးထွက်လာခဲ့သည်။ အောက်ထပ်ထိကို လှေကားကနေ ဆင်းဖို့ သူ့အတွက် မလွယ်ကူတော့ဘူး။

မီးစွဲစပြုနေပြီ ဖြစ်သော သူ့အိပ်ခန်းထဲကို ပြန်လည် ၀င်ရောက်လိုက်သည်။ အင်္ကျီတစ်ထည်ကို ရေစွတ်လိုက်ပြီး ပြတင်းပေါက်က ခုန်ချဖို့ သူအားယူလိုက်သည်။ နှစ်ထပ်တိုက်ပေါ်က အလွတ်ခုန်ချဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှချေ။

မြေပြင်သို့အရောက်တွင်တော့ သူ့ခြေချင်း၀တ်လည်သွားသည်။ တော်တော်နှင့် မထနိုင်တော့ပေ။

ထိုစဉ်ရုတ်တရက် သူ့မျက်နှာအထက်ရှိ သူ့အခန်းဆီမှ ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရသည်။ ပွင့်ထွက်လာသော နံရံကြီးက အောက်တည့်တည့်မှာ ရှိနေသည့် သူ့‌အောက်ပိုင်းတစ်ခြမ်းလုံးအပေါ်သို့ ပြိုကျလာ‌တော့သည်။

"အား..."

မျက်လုံးတွေကို အားယူဖွင့်ကြည့်တော့ သူ့ရှေ့မှာ ကလေးငယ်တစ်ဦး ငုတ်တုတ်လေးထိုင်နေသည်။

"ဦးဦး ရေဆာနေလားဟင်၊ သား ရေယူလာတယ် သောက်လိုက်ပါဦး"

အပြုံးနုနုလေးက ဖြူဖွေးသည့် အသားအရည်ရှိသော ၁၀နှစ်အရွယ်လောက်ရှိမည့် ထိုကောင်လေးနှင့် သိပ်လိုက်ဖက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်လို့တောင် မရခဲ့ဘူး။ ကြိုးအထပ်ထပ် ရစ်ပတ်၍ ချုပ်နှောင်ခံထားရသည်။

ကလေးငယ်ယူလာပေးသော ရေကို သူအဆာပြေသောက်လိုက်သည်။ ကလေးငယ်က သူယူလာသည့် လိမ္မော်သီးတစ်လုံးကို အခွံခွာ၍ တစ်မွှာကို ပါးစပ်ထဲထည့်ပေးသည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now