"Zan"

"Hello, နေကောင်းတယ်မလား၊ ကျွန်တော့်ကို လွမ်းနေသေးလား"

မနက်ကမှ သူနှင့်အတူ ရှိနေသည့်ကောင်လေးက နောက်တစ်ယောက်ပြောင်းသွားသလိုပင်။ ထိုကောင်လေး၏ မထီမဲ့မြင်အပြုံးမျိုးကို သူမကြိုက်သလိုလိုနှင့် သတိရနေခဲ့တာဖြစ်မည်။

တစ်ဖက်ရှိ လူနှစ်ဦးက အခု Zanဘက်ကို လှည့်လာပြီး အမဲဖျက်ဖို့ ကြံနေကြပြီ။ Zanပြုံးလိုက်သည်။ နှစ်ယောက်ထဲက သူ့အတွက် လွယ်လွန်းသည်။

ပထမဆုံး လက်သီးဖြင့် လာထိုးသူ၏ လက်ကို ရှောင်ကာ လက်ကောက်၀တ်မှ ဖမ်းကိုင်လိုက်ပြီး ဗိုက်ကို ဒူးဖြင့် တိုက်လိုက်သည်။ သူလေ့ကျင့်ထားရသည့် သဲအိတ်များထက်တော့ လူ့၀မ်းဗိုက်က ပိုပျော့သည်။

နောက်တစ်ယောက်ကိုလည်း ရသလင်းကပဲ လျင်မြန်စွာ ဇာတ်ပိုးကို ကန်လိုက်ပြီး ခြေထောက်ကို တွန်းလှဲလိုက်လျှင် နှစ်ယောက်လုံး မြေပေါ်တွင် အလူးအလဲ လဲကျသွားသည်။

"ဘာလုပ်နေတာလဲ ခင်များ မပြေးဘူးလား"

ရသလင်းက သူ့ဘက်လှည့်၍ ပြောလျှင် သူပြုံး၍ ခေါင်းညိတ်လိုက်သည်။ ပြီးတော့ ရသလင်း၏ ဆိုင်ကယ်ပေါ်တက်၍ ဘယ်ဆီကိုရောက်ရောက် သူလိုက်သွားသည်။ လွတ်လပ်မှု၏ အရသာက သူနဲ့ရှိမှ ခံစားရတာလေ။

"နေ့လည်က မင်းလာမယ် အထင်နဲ့ နေ့လည်စာ ၀ယ်ထားလိုက်သေးတယ်"

"လာမတွေ့တော့ဘူးလို့ ပြောထားတယ်လေ"

"မနက်ကပဲ မင်းငါ့ဆီလာထားတာကို ဘယ်သူ့ကို လိမ်ဖို့ ‌ကြိုးစားနေတာလဲ"

"‌ကျွန်တော်က ခင်များဆီလာတယ်"

လမ်းဘေး ဓာတ်မီးတိုင်အောက်မှာ ဆွဲဆောင်မှုရှိသော မျက်၀န်းတွေဟာ ဝိုင်းသွားသည်။ သူ့ရှေ့မှာရှိနေသော ‌ခန့်ညားသည့် အမျိုးသားကတော့ သူစနောက်နေသည်အထင်နှင့် အမှတ်တမဲ့သာ။

အဂ္ဂလင်းက နေသူရိန်ဆီ သွားနေတာလား။ ဦးသူက လွှတ်တာလား။ သူ့အတွေးတွေထဲ ဗျာများနေရသည်။ နေသူရိန်ဆီ အန္တရာယ်တစ်စုံတစ်ခုများ ကျရောက်ခဲ့လျှင် သူ့ကြောင့်ဖြစ်မှာ သိပ်စိုးသည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now