"သွင်ရည်......ဟိတ်.......သွင်ရည်"
"ဘာလဲဟာအိပ်နေတာကို"
"ကျောင်းမှာစာသင်တာကဒုတိယအချိန်ပဲရှိသေးတယ်နင်ကအိပ်နေတယ်တကယ့်ငပျင်းပဲ"
ထိုသူကဆိုဆော့သူမလျှာလေးတစ်လစ်ထုတ်ကာပြုံးပြသည်။ဟုတ်သည်သူမကအပျင်းကြီးသည်။ထို့ပြင်အမြဲတမ်းစနောက်နေကာပျော်ပျော်နေတတ်သောသူ။သို့သော်သူမတွင်သူငယ်ချင်းအများအပြားမရှိ။သူအကတစ်ယောက်ထဲသာနေတတ်သောကြောင့်သူမနှင့်အလွန်ရင်းနှီးသည့်သူငယ်ချင်းကလက်ချိုးရေလို့ရသည်။လက်ချိုးရေရင်တောင်ဆယ်ယောက်မပြည့်။
ခုနကစကားလာပြောသူကသူမ၏တစ်ဉီးတည်းသောယောကျာ်းလေးသူငယ်ချင်းလင်းသန့်။သူမတို့သိတာနှစ်နှစ်ရှိပြီ။သူကမနှစ်ကမှကျောင်းပြောင်းလာသည်ဆိုပေမယ့်သူမသူ့ကိုခင်သည်။ထို့ပြင်ထိုသူကိုစတွေ့လိုက်ကတည်းကသူမတစ်ခုခုခံစားလိုက်ရသည်။ထိုသူနှင့်သူမကအရင်ထဲကရင်းနှီးခဲ့သလိုမျိုးပေါ့။စရောက်သည့်နေ့ကတည်းကသူမနှင့်လင်းသန့်ခင်ခဲ့ကြသည်။ဒါပေမယ့်သူမဘဝထဲသို့သူမကိုယ်တိုင်ပင်မယုံကြည်နိုင်သောအရာများဝင်ရောက်လာသည်။သူမတွေးမိသည် 'တခါတလေလည်းဘဝကဝတ္ထုဆန်ပါတယ်'။
ကျွန်မနာမည်ကသွင်ရည်။ကျွန်မကIntrovertတစ်ယောက်။ကျွန်မမှာသူငယ်ချင်းမရှိဘူး။ဒါပေမယ့်ခြောက်တန်းနှစ်မှာကျွန်မဘဝအတွက်တစ်သက်လုံးခင်လို့ရမယ့်ကောင်မလေးတစ်ယောက်ရောက်လာခဲ့တယ်ခင်မေဉီးတဲ့။ကျွန်မတို့နှစ်ယောက်ကတပူပူးတစ်တွဲတွဲပါပဲ။ကျွန်မမိသားစုထက်သူ့ကိုပိုချစ်တယ်။အကြောင်းရင်းကတော့ကျွန်မမှာပြည့်စုံတဲ့ဘဝမရှိခဲ့ဘူး။ပိုက်ဆံကိုပြောတာမဟုတ်ပါဘူး။ကျွန်မလိုတာရနိုင်တဲ့ငွေအင်အားရှိတယ်။ဒါပေမယ့်ကျွန်မမေတ္တာမရခဲ့ဘူး။ကျွန်မမှာတင်းကြပ်ပြီးစိတ်ညစ်စရာကောင်းတဲ့မိသားစုရှိတယ်။ဘယ်တော့မှမတည့်တဲ့အဖေနဲ့အမေ။အမြဲတမ်းခံပြောပြီးဆိုးတဲ့မောင်။ပြီးတော့ကျွန်မရဲ့ကလေးဘဝလေးပုံသုံးပုံကိုကျွန်မတို့နေတဲ့အိမ်ကြီးရဲ့အခန်းထဲမှာကြီးပျင်းခဲ့ရတယ်။မိဘတွေကအပြင်မထွက်ခိုင်းဘူး။ကျွန်မတခြားကလေးတွေဆော့တာကိုငေးကြည့်နေခဲ့ရတယ်။
