Beyond One (Epi11 Unicode)

903 102 5
                                    

အိမ်ပြန်ပါဆိုတာကို မပြန်ဘဲဇွတ်ဖက်​နမ်း​နေတဲ့​ကောင်​လေးနဲ့​တော့ခက်ပြီ​လေ.....
တွန်း​နေတဲ့ကြားက အတင်းချုပ်နမ်း​နေတာမို့ Junkyuခြေ​ထောက်​​တွေပါမခိုင်ချင်​တော့.....
"သား!"
ရုတ်တရက်Junkyu Ommaအသံ​ပေါ်လာမို့...နှစ်​ယောက်လုံးချက်ချင်းတစ်ဖက်တစ်ချပ်စီခွာရပ်လိုက်ကြသည် ....
"Omma!Ommaထင်သလို မဟုတ်ဘူး​​​နော်...ဟို...."
Junkyuရှင်းပြ​ပေမဲ့ .....
"သားရယ်!ဘာ​တွေရှက်​နေတာလဲ...
OmmaကိုCherry​ပြောလို့ အရင်တည်းက သိပြီးသား​လေ ချစ်သူအိမ်လာလည်တာကို ဒီလို ဘဲအပြင်ထွက်ဧည့်ခံရလား"
"ဟင်!"
"မဟင်နဲ့ အိမ်ထဲ​ခေါ် ညစာအတူတူစားမယ်..သား​လေးလာလာ အဲ့Kim Junkyuကအဲ့လိုဘဲလူမှု​ရေးဘာမှနားမလည်ဘူး..."
​ပြောပြီးRutoလက်ကိုဆွဲကာ
အိမ်ထဲကြည်ကြည်ဖြူဖြူ​ခေါ်သွားတဲ့Ommaနဲ့
ဘာတစ်ခုမှမငြင်းတဲ့Ruto​ကြောင့်
Junkyuအံ့အားသင့်ရသည်....
Junkyu​အိမ်ထဲလိုက်ဝင်သွား​တော့....
အိမ်အကူ​ကောင်မ​လေး​တွေကပြုံးစိစိနဲ့ ဝိုင်းကြည့်ကြသည်...ခါတိုင်းသူ ထ က ​နေရင်​တောင် အ​ရေးမလုပ်တဲ့​ကောင်မ​လေး​တွေက ခုမှဘာဖြစ်တာလဲ​ပေါ့....
"ဘာကြည့်တာလဲ😑"
"အဲ့တာအစ်ကို​လေး ချစ်သူဆို"
"ဘသူ​ပြောလဲ...မဟုတ်ပါဘူး...ငါ့ကအဲ့လိုဟာကိုချစ်သူ​တော်စရာလား"
"အစ်ကို​လေးက လိမ်ပြန်ပြီ ခုန ဘဲ
အန်တီက လာမိတ်ဆက်​ပေးသွားတာ
အစ်ကို​လေးချစ်သူဆိုပြီး"
"အာ..."
Junkyu ​ဘာမှ​ကို ဆက်ရှင်းပြချင်စိတ်မရှိ​​တော့တာမို့ ထမင်းဝိုင်းသို့သာဦးတည်လိုက်သည်...
Rutoနဲ့အ​ဝေးဆုံးခုံကို​ရွေးထိုင်ဖို့လုပ်​တော့Ommaကလှမ်း​ငေါက်သည်..
"ဘာတုန်း ဘာကိစ္စဒီနားလာထိုင်​နေတာလဲ ...Haru​လေး​​ဘေးသွားထိုင်..သွား"
အမ​လေးခုမှ​တွေ့တဲ့လူဆိုးကိုများHaru​​လေးတဲ့....အ​ကြောင်းသာသိရင်Ommaလက်​ရော​ခြေပါလန်သွားမယ်...Junkyuစိတ်ထဲကမျိုးစုံ​ရေရွတ်​ရင်းRuto​ဘေးသွားထိုင်​တော့
"​ရော့ Babyဒါကြိုက်တယ်မလား ကို
ထည့်​ပေးမယ်​နော်"
"ဘာ!!"
မိဘ​ရှေ့မှာသူစိမ်းကBabyလို့​ခေါ်တာခံရ
တာမို့Junkyuပါး​တွေ နား​​တွေနီလာသည်.....ပုံမှန်ဆိုသူRutoကိုခက်ရင်းနဲ့ပင်​ကောက်တီးပြီး​လောက်ပြီ....
ဗိုက်ကလည်းဆာ​​နေတာမို့ သူ​ခေါင်းမ​ဖော်ဘဲစားပစ်လိုက်သည်...
Rutoက​တော့မူ​နေတာလားမသိ
တစ်လုတ်စီ​သေချာစားပြီး....
သူ့မျက်နှာကိုလာဆွဲ​မော့သည်...
"Baby!ရယ်ဘယ်လို​​စား​နေတာလဲ​
ပေကုန်ပြီ"
​ပြောရင်းနှုတ်ခမ်းကိုTissueနဲ့လာသုတ်​​ပေးပြန်သည်....
ဒါကိုပြုံးပြုံးကြီးကြည့်​နေတဲ့Ommaက
"Appaကြည့်ပါဦး...ကျမတို့Junkyu​လေးကကံ​ကောင်းလိုက်တာ​​နော် အရမ်းဂရုစိုက်တတ်တဲ့​ကောင်​လေးမျိုးရထားတာ"
"ဟုတ်ပကွာ ဒါနဲ့ညနက်​နေပြီJunkyu ya!မင်း​ကောင်​လေးကို အိမ်မပြန်ခိုင်းနဲ့​တော့"
"ဟင်!Appa..ကျ​နော်..ဟို"
"No...ဘာမှထပ်မ​ပြောနဲ့သား ကုတင်အကျယ်ကြီးကို...ကပ်​စေးနဲမ​နေနဲ့"
Ommaကပါဝင်​ပြောလာတာမို့မငြင်းဘဲ
မိန့်မိန့်ကြီးထိုင်​နေတဲ့RutoကိုJunkyu
မျက်​စောင်းနဲ့ကြည့်လိုက်​​တော့ မျက်လုံးတစ်ဖက်မှိတ်ပြလာသည်...
"​Haru​လေး သားကား​သော့Junkyuကို​ပေးလိုက်သူအိမ်ထဲသွင်း​ပေးလိမ့်မယ်"
"အာ!ဘာဆိုင်လို့လဲ...မင်းအိမ်ပြန်​တော့ ငါလည်းအ​ပေါ်တက်​တော့မယ်"
"Kim Junkyu!ကိုယ့်ချစ်သူကို အဲ့လိုဘဲနှင်ရလား ညကြီးမိုးချုပ် တကယ်... ဘယ်လို ​တောင်နားမလည်တတ်တာလား"
Ommaဆူတာချည်းလှိမ့်ခံ​​နေရတာမို့
Junkyuစိတ်တိုပြီး​Rutoဆီကသော့ကို​ဆောင့်ချည်း​အောင့်ချည်းယူကာ
"မင်းကားကိုပန်းခုံနဲ့တိုက်ပစ်ခဲ့မယ်☹"
သူတိုးတိုး​ပြောပြီးထွက်သွားသည်...
****
ကားသွင်းပြီး​အ​ပေါ်တက်လာ​​တော့...
အခန်းထဲမှာကြို​စောင့်​နေတဲ့Ruto...
"မင်း!အရှက်မရှိဘူးလား! မင်းကိုအဲ့
ကုတင်မှာဘယ်သူက ​ပေးအိပ်မယ်​ပြောလဲ "
"Omma ​ပြောတယ်​လေ"
"ဘယ်ကOmmaလဲ"
"ခင်များOmmaက ကျ​နော့်Ommaဘဲ​ပေါ့"
"ဟက်အရှက်ကိုမရှိဘူး..."
"Yoshi hyungနားလိုက်ကပ်​နေတဲ့
ခင်များ​လောက်​တော့မဆိုး​သေးဘူး..."
"မင်း.....!"
Junkyuစိတ်ကို​လျှော့ပြီး...
"မင်းငါ့အခန်းမှာအိပ်မယ်ဆို သွား​ရေသွားချိုး"
"အဝတ်အပိုမှမပါတာ.."
Junkyu ဘီရိုထဲကတစ်စုံကိုယူပြီး...
ပစ်​ပေးလိုက်သည်
"​ရော့....ဒီမှာ​ရေချိုးပြီးအထဲမှာတစ်ခါတည်းလဲခဲ့ ငါမျက်စိမ​နောက်ချင်ဘူး..."
"ဘာလဲ Six Pack​တွေ​မြင်ပြီး ရင်ခုန်မှာ​ကြောက်​နေတာလား"
"Hk!အရူးဘဲ..."
Ruto ထလာပြီးJunkyuပါးကိုတစ်ချက်နမ်းကာ ​ရေချိုးခန်းထဲဝင်သွားသည်...
သူက​တော့ ဘာရယ်မဟုတ်ပါးကိုနမ်းသွားတာဘဲJunkyuမှာ​တော့ဂိမ်း​ဆော့ဖို့​တောင်လက်​တွေတုန်​နေပြီ....
Kim Junkyuစိတ်​လျှော့ မင်းသူ့ကိုမှ
မကြိုက်တာဘာ​​တွေ တုန်လှုပ်​နေတာလဲ....
Junkyuသူ့ကိုယ်သူအား​ပေးရင်း..
စိတ်​ပြေလို့ ​ပြေငြား Game​ဆော့​​နေလိုက်သည်....
ခနကြာ​တော့ ​ရေချိုးခန်းထဲက ထွက်လာတဲ့ Ruto...
သူမသိချင်​ယောင်​ဆောင်ပြီးGame ဆက်​ဆော့ ​နေ​တော့....
သူ့မျက်နှာနားကိုတိုးကပ်လာသည်...
​ရေချိုးပြီးခါစ.... Shampooအနံ့သင်းသင်း Shower creamအနံ့ ​မွှေး​မွှေး​လေး​တွေက
နှာခေါင်း ထဲကိုတိုက်ရိုက်အစီအရီဝင်လာသည်...
"ဒီကိုကြည့်!"
"မကြည့်ချင်ဘူး"
Junkyu​ပြောပြီးGameဆက်​ဆော့​တော့ phကိုလာဆွဲလုသည် ..
"ဘာလုပ်တာလဲ"
"​​ပြောရင်နား​​ထောင်​ပေကပ်ကပ်မလုပ်နဲ့"
​"ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့က​လေး
ဒါငါ့အိမ်​နော်🙂"
"ခင်များအိမ်က ကျ​နော်အိမ်ဘဲ​လေ"
Junkyuစိတ်ပျက်သလိုကြည့်လိုက်​တော့
အနားပိုတိုးလာသည်...
"မင်း...!"
စကား​တောင်မဆုံး​သေး လည်ပင်းကို
လာနမ်းသည်....သူ့အကျင့်တိုင်းဒဏ်ရာ​တော့ ချန်ခဲ့လိုက်ရမှ......
Junkyu လည်ပင်းဖြူဖြူ​လေးမှာ ဒဏ်ရာကထင်းလို့...
ဒါကိုJunkyuကြိုသိပေမဲ့ တမင်လက်ခံ​ပေးမှန်းRutoမသိသလို...သူလည်း​ပြောပြမှာမဟုတ်ပါဘူး...ဘာလို့ဆိုသူRutoနဲ့ပတ်သက်ပြီးသူ့ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ထားလို့ပါဘဲ...
သူRutoနဲ့မျက်ဝန်းချင်မဆုံရဲတာဒါ​တွေလည်းပါတယ်...
"ဖယ်!ငါအိပ်​တော့မယ် မင်း..လည်းသွားအိပ်​​တော့"
Junkyu​ပြောပြီးSofaသို့ ထသွားသည်...
Rutoကို ကုတင်မှာ​ပေးအိပ်တယ်ဆိုတည်းက ဒါသူRutoအ​ပေါ်အ​လေး​​ပေးတယ်ဆိုတဲ့သ​ဘောမဟုတ်လား...
ဘယ်လိုဘဲဖြစ်ဖြစ်သူ့ကိုယ်သူ​တော့Rutoအ​ပေါ်ခံစားချက်ရှိ​နေတယ်ဆိုတာလုံးဝလက်မခံပါဘူး...
သူSofaမှာ​ဟိုလှည့်ဒီလှည့်နဲ့အိပ်မ​ပျော်ဖြစ်​နေတုန်း....
Rutoက သူ့ကိုလာ​ပွေ့ချီသည်...
"ဘာလုပ်တာလဲ"
"ကုတင် ဒီ​လောက်ကျယ်တာ"
"အဲ့​တော့ဘာလုပ်ရမှာလဲငါမင်းနဲ့ကို တစ်ကုတင်တည်းမအိပ်ချင်တာဖယ်..."
Junkyu....ထဖို့လုပ်​တော့ သူ့ကိုအတင်းလိုက်ဖက်သည်...
"လွှတ်..."
Junkyu​​ပြော​နေတုန်းမီးကပျက်သွားသည်..
ဟင်!Junkyu ​လောက်အ​မှောင်​ကြောက်တာJunkyuဘဲရှိတယ်ခါတိုင်းမီးပျက်ရင်သူOmmaတို့အခန်းသွားအိပ်​နေကျမဟုတ်လား...
"ဘယ်လိုလဲ Sofaမှာဘဲအိပ်ချင်​သေးလား"
"ဟမ်!မင်း​ကြောက်မှာစိုးလို့ဒီမှာဘဲအိပ်​တော့မယ်"
Junkyu​စောင်​ကောက်ခြုံပြီးတစ်ဖက်လှည့်အိပ်လိုက်​တော့
အ​နောက်က​နေသူ့ခါးကိုလာဖက်သည်...
​သူရန်​တွေ့မလို့ မျက်နှာချင်းဆိုင်လှည့်လိုက်​တော့...မီးပျက်​နေတာ​တောင်
လ​ရောင်ဖျဖျ​လောက်နှင့်တင်​ချော​မောတဲ့Rutoနဲ့မျက်ဝန်းချင်းစုံမိသည်...
တား​နေတဲ့ကြားကခုန်​ပေါက်လာတဲ့နှလုံး
သား​ကြောင့်Junkyuအကြည့်ကိုလွှဲပစ်လိုက်သည်...
"ဘာလဲကျ​နော့်ကို ရင်ခုန်​နေတာလား"
"ဘာ!!မဟုတ်တာ​တွေ​ပြောပြီလက်ဖယ်​တော့ ငါအိပ်​တော့မယ်"
Junkyu​​ပြောပြီးဟိုဘက်လှည့််မလို့လုပ်​တော့...
"ခန​နေအုံး"
Ruto Junkyuမျက်နှာ​အနှံ့ကို ဖွဖွ​လေးတစ်ချက်ဆီနမ်းက တစ်ဘက်သို့လှည့်သွားသည်.....
Junkyuအစက ရန်​တွေ့မလို့ စဥ်းစား​
ပေမဲ့ ရင်​တွေခုန်​နေတာမို့ မျက်လုံးကိုသာဇွတ်မှိတ်ရင်းအိပ်​ပျော်ရန်ကြိုးစားလိုက်သည်...
တစ်ဖက်က Rutoလည်း သူ့လိုဘဲလား????...
မ​နေ့ကupdate​ပေးမလို့ဟာ🥺
သင်တန်းဆင်းတာ​နောက်ကျသွားလို့ စိတ်မဆိုးကြပါနဲ့​နော် ကြိုက်ကြမလား မသိ​ပေမဲ့​စောင့်​နေကြမယ်ထင်လို့Update​ပေးလိုက်ပါတယ်​နော်
ဖတ်​ပေးကြလို့အရမ်းချစ်တယ်​နော်🥰❣​ကျေးဇူးလည်းတင်တယ်
Just Fiction
FicကိုFicလို့ဘဲမြင်​ပေးကြပါ​နော်🥰





























Beyond OneWhere stories live. Discover now