2. Dream Or... What?!

5.5K 485 16
                                    

2. Dream Or.... What?!

ငှက်​က​လေး​တွေ၏ ကျီကျီကျာကျာ​ ​အော်​မြည်​သံ​တွေကို ကြား​တော့ သူပြုံးလိုက်​မိသည်​။ ဘာ​ကြောင့်​မှန်းမသိ၊ တိရစ္ဆာန်​​တွေကို Tao အရမ်းချစ်​တတ်​ပါသည်​။

Tao ပြုံး​နေရင်းမှ တစ်​ခုစဉ်းစားမိလိုက်​သည်​။ ဒီငှက်​​တွေရဲ့ ​တေးသီသံကို သူဘာလို့တစ်​ခါမှမကြားဖူးရတာလဲ။

Tao မျက်​လုံးကို ဆတ်​ခနဲဖွင့်​ပစ်​လိုက်​မိ​တော့ ​မျက်​နှာကြက်​ကို မြင်​ရသည်​။ မျက်​နှာကြက်​မှာက ​အနီ​ရောင်​ဖဲစ​တွေနှင့်​။ အ​ဆောင်​လည်း မဟုတ်​ဘူး။

Tao ထထိုင်​လိုက်​မိ​တော့​ ​ခေါင်းက ​တော်​​တော်​နာသွားသည်​။ နားထင်​​ဘေးကို လက်ဖျားဖြင့်​ထိမိ​တော့ အဝတ်တ​စ်​စက Tao ရဲ့ နဖူးကို ခပ်​တင်းတင်း ပတ်​ထား​လေသည်​။ Tao မျက်​လုံးပြူးမျက်​ဆန်​ပြူးဖြစ်​သွားသည်​။ ဒါက ဘယ်​ကဒဏ်​ရာပါလိမ့်​။

Tao ​ခေါင်းကို လက်​နှစ်​ဖက်​နဲ့ စမ်းကြည့်​မိစဉ်​မှာပဲ တစ်​ခုသတိထားမိသွားသည်​က ဆံပင်​​တွေ။ ဆံပင်​​တွေက ပုံမှန်​ထက်​ ပိုမိုရှည်​လျားလွန်း​နေသည်​မို့ လက်​ဖြင့်​ဆွဲလိုက်​မိ​တော့ ဦး​ရေပြား​ထဲမှ နာကျင်​မှုနဲ့အတူ ဆံပင်​တို့ကအ​ချောင်းလိုက်​ဖြစ်​​နေတာကို စမ်းမိသည်​။ ဆံပင်​ရဲ့အရှည်​က ခါး​လောက်​ထိ​ရောက်​​နေေ​တာ့ Tao ပါးစပ်​အ​ဟောင်းသား ဖြစ်​သွားရသည်​။

ကိုက်​​နေ​သော​​ခေါင်းကို အမှုမထားဘဲ ရုတ်​တရတ်​ကြီး မတ်​တပ်​ထရပ်​ကာ ​ဘေးပတ်​လည်​ကို ကြည့်​လိုက်​​တော့ မျက်​နှာစိမ်း အခန်းအပြင်​အဆင်​တစ်​ခုကို ​တွေ့လိုက်​ရသည်​။ စက္ကူကာသစ်​သားနံရံ​တွေ၊ ကျွန်းသားကြမ်းပြင်​နှင့်​ မ​ဟော်​ဂနီအသုံးအ​ဆောင်​​တွေ။ အိပ်​ရာကထွက်​လိုက်​တာနှင့်​ အလှပြင်​ခုံ၊ စားပွဲဝိုင်းတစ်​ဝိုင်း၊ ​လေး​ထောင့်​စားပွဲခုံ၊ အဝတ်​ထည့်​ဗီရို စတာ​တွေကို ​တွေ့လိုက်​ရ​လေသည်​။

Tao အလှပြင်​ခုံကိုသွားကာ အဝါ​ရောင်​သမ်း​နေ​သောမှန်​ကို ငုံ့ကြည့်​လိုက်​​တော့ သူ့မျက်​နှာသူမြင်​​နေရ​လေသည်​။ ဒါ​ပေမဲ့ ဆံပင်​ရှည်​နက်​နက်​​တွေနှင့်​ အဝတ်​ဖြူတစ်​စကိုပါ ​ရောမြင်​​နေရသည်​။

Dreaming The Reality [KrisTao/Taoris Myanmar] HALF YAOIWhere stories live. Discover now