"ကလေး ကိုယ့်ကို တစ်ခုခုပြောစရာရှိ​နေလား "

"ရှိတာပေါ့ အများကြီးပဲ "

"ကိုယ်နားထောင်လို့ ရပြီလား "

"အချိန်မကျသေးဘူး ကျွန်တော် အကုန်လုံးပြောပြမှာမို့ အချိန်ခဏလောက်ပေးနော်"

"ကလေး သဘော... ဘာပဲဖြစ်ဖြစ် ကိုယ့်ဘေးနား ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် "

အဲ့ဒါက ကျွန်တော် ပြောရမယ့် စကားပါ။ အစ်ကိုပြန်လာပေးလို့  သိပ်ကိုပျော်နေရတာ။

စိတ်ထဲမှာသာ ရေရွတ်ပြီး သူ့ကိုပြန်ပြုံးပြလိုက်သည်။ထို့နောက် နေရာချထားတဲ့ အခန်းထဲ  တွဲကူကာဝင်လာလိုက်ပြီး

"အစ်ကို ရေချိုးမလား "

"အင်း"

မေးပြီးမှ အဝတ်အစားချွတ်ပေးဖို့ အိုးတိုးအမ်းတမ်းဖြင့် တုန်နေတဲ့ လက်ကို မနည်းပြန်ထိန်းထားရသည်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်အနေအထားပေါ်လာတိုင်း အကြည့်လွှဲပေမယ့် ရင်ခုန်ရပါ၏။

ခြေထောက်က ဒဏ်ရာကို ရေမစိုအောင် သေချာတင်ပေးပြီး ခေါင်းကို အနောက်သို့ မှီစေကာ

"ကျွန်တော် ခေါင်းလျှော်ပေးမယ်နော် "

ခေါင်းညိတ်ပြလျက် မျက်လုံးမှိတ်ကာ ငြိမ်ပေးသည်။အကုန်ပြီးစီးသွားတော့ တဘက်သုတ်ပေးနေတဲ့ တစ်လျှောက်လုံး စိုက်ကြည့်နေတာမို့

"ကျွန်တော် မနေတတ်တော့ဘူး အစ်ကို "

"ဘာလို့ အရမ်းချစ်စရာကောင်းနေရတာလဲ "

"......."

"တချို့က ပြောတယ် မြင်ပါများရင် ရိုးသွားတယ်တဲ့ ကိုယ့်အတွက်တော့ ကလေးက ကြည့်မဝနိုင်အောင် မြင်ရလေ ပိုချစ်လေပဲ "

စကားဆုံးတာနဲ့ နောက်ဆုံး ကြယ်သီးတပ်ပေးပြီး ခုတင်ပေါ်မှာ ထိုင်နေသော သူ့နှဖူးပြင်ကို ငုံ့နမ်းလိုက်သည်။ပိရိတဲ့ နှုတ်ခမ်းတို့ ပွင့်ဟ သွားသည်အထိ အံ့ဩနေသော အစ်ကိုပုံစံဟာ ကလေးလေးတစ်ယောက်လိုပင်။ပါးပြင်နှစ်ဖက်ကို လက်နဲ့ အုပ်ကိုင်လိုက်ပြီး

"ကျွန်တော်လည်း အစ်ကို့ကို အရမ်းချစ်တယ် "

တဖြည်းဖြည်း ပြုံးလာပြီး အရှေ့မှာရှိနေသော စိုင်းခန့်ရဲ့ ခါးကို ဆွဲဖက်လျက် ရင်ခွင်သေးသေးလေးတွေ ခေါင်းတိုးဝင်လာသည်။နာကျင်မှုကို ထုတ်မပြပေမယ့် ပျော်ရွှင့်မှုကိုတော့ သူထိန်းမထားနိုင်။စိုင်းခန့် ကိုယ်အား လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းကြပ်စွာ ဖက်တွယ်ထားသည်။

သစ္စာတည်၍ အမျက်တော်ပြေ S2Where stories live. Discover now