"ဟုတ်ပါပြီ....ပါးရဲ့သားက ပါးကိုအဲ့လောက်ချွဲပြနေမှတော့ ပါးက ဘယ်လိုငြင်းရက်မှာတုံး"
"ဒါဆို ပါးခွင့်ပြုပြီပေါ့နော်"
"အင်း ဒါပင်မဲ့အချိန်မှန်တော့ အိမ်ပြန်လာရမှာနော် "
"သိပါတယ်ပါးရဲ့.... ဒါဆိုသားသွားတော့မယ်နော်"
"ဟင် ဒီအချိန်ကြီးဘယ်သွားမှာလဲ သားရဲ့"
"အခန်းထဲကိုပြန်သွားမှာပါ ပါးရဲ့... ဟီးဟီး"
ဝမ်ရိပေါ် နောက်နေ့ညနေဘက်လည်း စကိတ်စီးခွင့်ကိုရသွားပြီမို့ အပျော်လွန်အားကြီးနေပြီ။ ဒီအချိန်မှာ သူ့အတွက်အရေးကြီးတာ ဟို ၂ ကောင်... ဟို ၂ ကောင်ကို စကိတ်ကွင်းမလာခိုင်းဖို့။ သူတို့ ၂ ယောက်သာစကိတ်ကွင်းကိုရောက်ချလာရင် ရှောင်းကျန့်အတွက်လဲမကောင်းသလို သူ့အတွက်လဲမကောင်းဘူး။
ဒီတော့လည်း ဟောက်ရန်တို့ကို ဖုန်းဆက်ကာ ကြည့်ကျပ်ပြောရပေအုံးမည်။"Hello ဟောက်ရန် ငါပါ ရိပေါ်"
"အေး ပြောလေ ရိပေါ် ဘာလဲစကိတ်ထပ်စီးမို့လား"
"ငါလဲအခု မင်းကိုအဲ့ဒါပြောမလို့ ငါ စကိတ် ဒီအတောအတွင်းမစီးဖြစ်ဘူး "
"အေးကောင်းတယ် ရိပေါ်ရေ အိမ်ကလဲသိပ်မလွှတ်ချင်တော့ဘူး... ပြီးတော့ မင်းမြင်တဲ့အတိုင်းစကိတ်ကွင်းနားကလူမတရားပြတ်နေပြီ"
"အင်း ဟုတ်် ဒါကြောင့်ငါလဲမသွားတော့ဘူး မင်းတို့လဲမထွက်နဲ့တော့နော်"
"အေးပါကွာ....အခြေအနေတွေငြိမ်သွားပြီဆိုမှ ပွဲဆက်ကြတာပေါ့"
"ဟုတ်ပြီ ဟုတ်ပြီ ဒါဘဲနော် ဟောက်ယန်"
ဖုန်းချပြီးတာနှင့်တစ်ပြိုင်နက် ဝမ်ရိပေါ်တွေးလိုက်မိသည်က မနက်ဖြန် စကိတ်ကွင်းကို ရှောင်းကျန့်ကထပ်လာမှာလား ။ သူမလာခဲ့ရင်ရော ဘယ်လိုလုပ်မှာလဲ။ တကယ်ရောက်လာခဲ့သည်ရှိသော် ဘယ်ကစပြီး ဘယ်လိုပြောရ ဘယ်လိုနားချရမလဲ။
ညဘက်ကိုအစောကြီးအိပ်ဖို့ ခဲယဥ်းလွန်းတဲ့ ဝမ်ရိပေါ်ဟာ ဒီနေ့မှတော့ အတွေးပင်လယ်ထဲပက်လက်မျောကာ စောစောစီးစီး အိပ်ပျော်သွားလေရဲ့။
.
.
.
.
.
မနက်ခင်းတိုင်းဟာ ဝမ်ရိပေါ်အတွက်လှပပါတယ် ။ ကလေးတစ်ယောက်လို အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့အမြဲ တက်ကြွနေခဲ့တဲ့ဝမ်ရိပေါ်ဟာဒီနေ့တော့ အရင်ကလိုမဟုတ်။ ခပ်တည်တည်နဲ့ အစားစား... အိမ်ထိန်းကိုလဲသိပ်အလေးမစိုက်ဘဲ လုပ်စရာရှိတာလုပ်ပြီးအပေါ်ပြန်တက်သွားတယ် ။ ဝမ်ရိပေါ်တစ်ခုခုဖြစ်နေမှန်းသိပင်မဲ့ အိမ်ထိန်းလဲမမေးရဲ။ တစ်နေကုန်အောက်ထပ်ကိုဆင်းမလာဘဲအစားစားချိန်ဘဲရောက်လာတော့ ဝမ်မာမားတောင်မေးရတဲ့အထိဖြစ်လာတယ်။
YOU ARE READING
🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]
Fanfiction𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".