မိုးတွေရွာနေတယ်။ မြေသင်းနံ့က ရတစ်ချက်မရတစ်ချက်နဲ့။ ကော်ဖီဆိုင်အတွင်းထဲမှာမို့ ကော်ဖီနံ့ကိုပဲ သေသေချာချာခံစားမိနေတယ်။ ရာသီဥတုနဲ့ကွက်တိပဲ။ ဆိုင်ထဲမှာcustomer တွေ ဆူညံပွက်လောရိုက်နေတော့တာပေါ့။ ဆိုင်ရှင်ကလှမ်းဆူလိုက်သေးတယ်။ ငေးမနေစမ်းနဲ့ ခပ်သွက်သွက်အလုပ်ကိုလုပ်တဲ့။
ကောင်မလေးတွေအုပ်စုလိုက် နှစ်ဝိုင်းဆက်ပြီးထိုင်နေကြတယ်။ သူတို့တွေအရမ်းဆူလွန်းလို့ နားထင်တောင်သွေးစောင့်တက်လာသလိုပါပဲ။ coffee bar နားမှာအလှုပ်ရှုပ်နေတဲ့သူ့ကို ဖြတ်ခနဲဓာတ်ပုံလှမ်းရိုက်လိုက်တာမြင်တယ်။ အဲ့ကောင်မလေးတွေလာရင်အဲ့လိုပါပဲ။ သူနေရခက်အောင်အရမ်းကြည့်ကြတယ်။ နောက်ပြီးသူ့ကို ချစ်စရာကလေးလေးတစ်ယောက်လိုဆက်ဆံတယ်။ ဒါကိုသူသဘောမကျလည်းလက်ခံထားရတာပါပဲ။
ဘုရားသခင်က အလုံးလိုက်ဖန်ဆင်းပေးထားတဲ့ဆံပင်ခပ်အုပ်အုပ်ရယ် အုန်းသီးအခွံကို ဦးခေါင်းနဲ့ကွက်တိစွပ်ထားရသလိုပဲ။ မုန်လာဥအဖြူလိုစောက်အသားအရည်ကို သူတကယ်ပဲမုန်းမိတယ်။ အသားညိုချင်တယ်။ ထီးမဆောင်းဘဲနေပူထဲထွက်လည်း ကံတွေတက်လွန်းနေတဲ့သူက နည်းနည်းလေးတောင်နေလောင်မသွားတာ အံ့သြစရာပါပဲ။ နွားနို့တွေသောက်ပြီးအရပ်ရှည်အောင်လုပ်နေရတာလည်း ဝဋ်ကြွေးတစ်ခု။ စောက်ပိုတွေလုပ်နေတာမဟုတ်ပေမယ့် ယောကျ်ားကြီးတန်မဲ့ချစ်စရာကောင်းနေတဲ့ကိုယ့်ကိုယ်ကို သဘောမကျတာအမှန်ပဲ။
ကောင်မလေးတွေအုပ်စုထွက်သွားတယ်။ တိတ်ဆိတ်သွားတဲ့ဆိုင်ထဲမှာ bruno mars ရဲ့ it will rain သီချင်းက နေရာအပြည့်ယူတယ်။ မိုးဖွဲဖွဲလေးတွေကျနေတုန်းပဲ။ ထီးမပါလို့ ပြေးနေတဲ့လူတွေရယ်၊ မိုးကာအကျႌတစ်ထည်ကို အတူခြုံသွားတဲ့အချစ်ငှက်ကလေးတွေရယ်၊ သာယာနေတဲ့မှန်အပြင်ဘက် ပတ်ဝန်းကျင်က ဆိုင်ထဲမှာဆေးပြီးသားဖန်ခွက်တွေသုတ်နေရတဲ့သူ့ကို လှောင်ရယ်ပြနေသလိုပါပဲ။
"မင်းဆိုင်ပိတ်လိုက်တော့ ငါပြန်ပြီ"
ဒီနေ့အတွက်လုပ်အားခကို casher ပေါ်တင်ခဲ့ရင်း ဆိုင်ရှင်ကထွက်သွားတယ်။ သီချင်းသံကို နှုတ်ခမ်းလှုပ်ရုံလေးလိုက်ညီးဆိုရတာကိုသဘောကျတယ်။ customer လည်းရှင်းပြီမို့ အိမ်ပြန်လို့ရပြီ။ သူ့အတွက်အိမ်ပြန်ချိန်ဟာအပျော်ရဆုံးအချိန်ပဲ။
YOU ARE READING
Coffee House (completed)
Short StoryRainy days, the smell of coffee, this is the sign of love between us ☕🌧 Daddy's lil boy 💖