"Heart Hunter-23"

Start from the beginning
                                    

သူ​ပြောချင်​တာ​ပြောပြီးထွက်​သွားတဲ့မိန်းမ​ကြောင့်​taehyung​သွေး​ပြောင်းပြန်​စီးသည်​အထိ​ဒေါ်သထွက်​နေသည်​။

"Taehyung....သူ​ပြောသွား​တဲ့သ​ဘောက...."

"အဲ့လိုမဟုတ်​-"

"မင်းမဟုတ်​မှလွဲ​ရော....."

အပြင်​ဆင်​ရ​သေးဘဲ jungkookနဲ့အ​ခြေအ​နေကိုရုတ်​တရက်​မိဘ​တွေကို​ပေးသိလိုက်​ရ​တော့ taehyungမှာအ​ကြောင်းပြချက်​မရှိ....။

"ကျ​နော်​....."

"မင်း သားjeonနဲ့ကြိုက်​နေတာ​ပေါ့....."

"မဟုတ်​သေးဘူး mommyနဲ့daddy....ကျ​နော်​အခုပင်​ပန်း​နေလို့​နောက်​မှ​ပြောရ​အောင်​.....ပြီး​တော့ ဟိုမိန်းမကို လုံးဝအိမ်​ထဲမသွင်းပါနဲ့"

Taehyungလဲစိတ်​ရှုပ်​ရှုပ်​နဲ့အ​ပေါ်ထပ်​ကိုတက်​လာခဲ့တယ်​။အခန်းထဲ​ရောက်​တာနဲ့ ကုတင်​ပေါ်လှဲပြီး မ​ကျေမနပ်​တွေဖြစ်​နေ​တော့သည်​။

​နဂိုထဲက လူကမလန်းဘူးဖြစ်​နေတာ ဆို ဟိုမိန်းမ ကဘာလာရှုပ်​တော့ Taehyung တစ်​ယောက်​အိပ်​ရာထဲ မှိန်း​နေပြီ။ခန​လောက်​ကြာ​တော့ jiminတံခါးလာ​ခေါက်​တာနဲ့ taehyungထထိုင်​နေလိုက်​သည်​။

"မနက်​စာလာပို့တာ taehyung...."

"မ-မစား​တော့ဘူး...."

"တစ်​ခုခုစားလိုက်​ပါ....ဒီမှာ ယူလာပြီးပြီဘဲ...."

"မင်းလဲ မင်းအ​မေနဲ့အ​ဖေ လက်​မခံမှာစိတ်​ပူမ​နေပါနဲ့ အဆင်​သင့်​ဖြစ်​ရင်​သေချာပြန်​ရှင်းပြလိုက်​လေ...."

"Jiminကဘယ်​လိုသိ...."

"ဒီလိုပါဘဲ....စိတ်​မပူပါနဲ့ ငါက မင်းအတွက်​စဉ်းစား​ပေးရုံပါ...."

"​ကျေးဇူး jimin....အဲ့တုန်းက jiminတို့လဲ ပြသာနာအနည်းနဲ့အများရှိခဲ့မှာဘဲ...."

"နဲနဲပါ.....​နောက်​ပိုင်း ကျ​တော့ အကုန်​အဆင်​ပြေသွားတယ်​ကိုယ်​ရွေးချယ်​တာကို​ဘယ်​တော့မှ​နောင်​တမရရင်​ပေါ့...."

"လုံးဝ​တော့​နောင်​တမရ​လောက်​ပါဘူး....​ဝေါ့....ခန..."

ပါးစပ်​ကိုလက်​နဲ့အုပ်​ပြီး toilet ထ​ပြေးသွားတဲ့taehyungကို ကြည့်​ရင်း jimin​ကြောင်​နေသည်​။

𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎Where stories live. Discover now